fbpx

This is digital planet.

RedmiTech News

Redmi K20 Pro Exclusive Edition မှာ 12GB RAM ပါ၀င်လာပြီး 64MP Quad Rear Cameras ကိုသုံးလာမယ်

မနက်ဖြန်မှာ မိတ်ဆက်လာတော့မယ့် Redmi K20 Pro Exclusive Edition မှာ Snapdragon 855 Plus Processor သုံးလာမယ်လို့ အတည်ပြုထားပြီး ဒီနေ့ အသစ်ပါ၀င်လာမယ့် အချက်တစ်ချို့ပေါ်ထွက်လာခဲ့ပါတယ်။

ဒီနေ့အစောပိုင်းက ဖုန်းမှာ ရိုးရိုး K20 Pro ထက် 2 ဆများတဲ့ 512GB of Storage ပါ၀င်လာမှာဖြစ်တယ်လို့သိရခဲ့ပြီး 12 GB RAM‌ ကောပါ၀င်လာမယ့်အကြောင်းကို Redmi က Poster တစ်ခုထုတ်ပြီး ဖော်ပြလိုက်ပါတယ်။

Redmi K20 Pro Exclusive Edition RAM

ရိုးရိုး K20 Pro မှာ 6GB RAM နဲ့ 8GB RAM version ပဲရှိပြီး အခု Exclusive Edition မှာ 12GB of RAM ကိုပြောင်းလာနိုင်တော့မှာဖြစ်တဲ့အတွက် အရေးပါတယ်လို့ဆိုနိုင်ပါတယ်။

နောက်ထပ် Exclusive Edition မှာပဲ 48MP triple sensors ထက်ပိုကောင်းတဲ့ 64MP quad-camera setup ကိုသုံးလာမယ်လို့ Redmi ကအတည်ပြုထားပါတယ်။ 64MP camera ဟာ Redmi Note 8 Pro မှာသုံးထားတဲ့ Samsung GW1 ISOCELL sensor ကိုသုံးလာနိုင်ပါတယ်။

Redmi K20 Pro Exclusive Edition

ဖုန်းမှာ NFC ၊ Hi-Fi audio ၊ Type-C port နဲ့ four-curved Glass Body ရယ် Side နှစ်ဘက်စလုံးမှာ Gorilla Glass 5 သုံးလာမယ့် Features တစ်ချို့ ပါ၀င်မယ်လာမယ်လို့ Poster အရသိရပါတယ်။ အဲ့အပြင် Poster မှာ 64MP Camera ကို Primary Camera အနေနဲ့သုံးထားတာကိုဖော်ပြထားတဲ့အပြင် 48MP camera ကိုပါထည့်ရေးထားတဲ့အတွက် ခေါင်းရှုပ်စရာတော့ဖြစ်နေပါတယ်။

Redmi K20 Pro Exclusive Edition ကို မနက်ဖြန်ည တရုတ်မှာ မိတ်ဆက်လာတော့မှာပါ။

Ref: Gizmochina