fbpx

This is digital planet.

RedmiTech News

Redmi K30 နဲ့ပက်သက်ပြီး နောက်ဆုံးသိထားရသမျှ

အခုရက်ပိုင်းမှာ Xiaomi ရဲ့ Sub-Brand ဖြစ်တဲ့ Redmi K30 line-up နဲ့ပက်သက်ပြီး အချက်အလက်တွေ ပေါက်ကြားနေပါတယ်။ K30 Series နဲ့ပက်သက်ပြီး Redmi K30 နဲ့ K30 5G (K30 5G က Redmi K30 Pro ဖြစ်နိုင်ပါတယ်) ဆို ၂ မျိုး ထွက်ရှိမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဒါက Redmi Brand အခွဲတစ်ခုအနေနဲ့ ပထမဦးဆုံး 5G ပါဝင်လာတဲ့ ဖုန်း ဖြစ်လာမှာပါ။ အဆိုပါ ဖုန်းတွေနဲ့ပက်သက်ပြီး လူစိတ်ဝင်စားမှုခံနေရသလို Rumor တွေ Leak တွေကလည်း နေ့တိုင်းလိုလိုထွက်ပေါ်နေပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဒီ Redmi K30 Series နဲ့ပက်သက်ပြီး နောက်သိထားရသမျှကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။ အောက်ဖော်ပြပါ အချက်အလက်တွေက Rumors တွေ Leaks တွေစီက စုဆောင်းထားတဲ့ အရာတွေဖြစ်လို့ Official ထွက်လာတဲ့အခါ အနည်းကွာခြားမှုတွေ ရှိနိုင်ပါတယ်။

Image result for redmi k30

Design

Official ပုံတွေလို့ ယူဆလို့ရတဲ့ Redmi K30 ကြော်ငြာပုံတွေအရ Redmi K30 ရဲ့ Front Side Display မှာ Samsung Galaxy S10+ လို Punch Hole နဲ့လာမှာ ဖြစ်ပါတယ်။ Redmi K20 လို Pop-up Camera မျိုးကို မသုံးပဲ Display မှာ Dual Camera ကိုဖောက်ထွက်ပြီး Hole အနေနဲ့ ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။ ပုံအရ Bezel လေးတွေ ပါးနေပြီး အောက်ဖက် Chin ကတော့ မဆိုသလောက်လေး အပေါ်ဘက် ဘောင်ထက် နည်းနည်းလေး ထူနေပါတယ်။ ကျောဘက်ခြမ်းမှာ Camera Setup ကို Vertical အနေအထားနဲ့ အလယ်တည့်တည့်မှာ ထည့်သွင်းထားပြီး စက်ဝိုင်းပုံစံ Camera Module နဲ့ Highlight လုပ်ထားပါတယ်။ ပုံမှာ Dual-LED Flash နဲ့ 5G ဆိုတဲ့စကားလုံးကို သေချာစွာ မြင်တွေ့နေရပါတယ်။ Redmi ဆိုတဲ့ Logo ကို ထောင်လိုက်အနေအထားနဲ့ ရေးထိုးထားပြီး NFC, IR Blaster နဲ့ 3.5mm Audio Jack (ပြန်) ပါလာမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

Redmi K30 render

Display

Always on Display ကိုမက်နေတဲ့သူတွေအတွက် စိတ်မကောင်းပါဘူး Redmi K30 မှာ 6.6 inch IPS LCD panel ကို ပြောင်းလဲတပ်ဆင်ပေးမှာဖြစ်ပါတယ်။ LCD panel ဖြစ်ပေမဲ့ လုံးဝ Smooth ဖြစ်တာကြိုက်တဲ့သူတွေအတွက် 120Hz refresh rate ကို Redmi K30 Pro မှာ ထည့်သွင်းပေးနိုင်ပါတယ်။ ရိုးရိုး K30 မှာ 60Hz ကိုပဲ သုံးပေးနိုင်ပါတယ်။ Selfie Dual Camera ကို Horizontally Display ရဲ့ ညာအပေါ်ထောင့်မှာ ထည့်သွင်းပေးထားပါတယ်။ Resolution အနေနဲ့ 1080 x 2400 Full HD+ ဖြစ်ပြီး 20:9 ratio Display အဖြစ်ပါဝင်လာမှာပါ။ LCD ပြောင်းသွားတဲ့အတွက် Redmi K20 လို In-Display Fingerprint မဟုတ်တော့ပဲ ဖုန်း ဘေးဘက်ဘောင်မှာ Power Button နဲ့အတူ Capacitive Fingerprint ကို ပြောင်းလဲထည့်သွင်းပေးလာမှာပါ။ Display Protection ကိုတော့ Gorilla Glass 5 နဲ့ အုပ်ပေးမှာ ဖြစ်ပါတယ်။

Dimensity 1000 AnTuTu

Hardware & Software

အထက်မှာပြောခဲ့သလို Redmi K30 Pro က Redmi မှာ ပထမဆုံး 5G ပါဝင်လာမည့်ဖုန်းဖြစ်သလို စျေးအသက်သာဆုံး 5G ဖုန်းလည်း ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် 5G အတွက် Qualcomm ရဲ့ SoC ကို အသုံးပြုမှာမဟုတ်ပဲ MediaTek ရဲ့ 5G modem ပါဝင်တဲ့ Dimensity 1000 flagship SoC ကို အသုံးပြုလာမှာဖြစ်ပါတယ်။ အဆိုပါ Dimensity 1000 က Dual 5G ကို Support လုပ်တဲ့အတွက် Standalone နဲ့ Non-Standalone connectivity ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါက Snapdragon 855+ ရဲ့ X50 modem နဲ့ယှဥ်ရင် ပိုကောင်းတယ်လို့ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ Snapdragon X50 modem က Single Mode 5G Modem ဖြစ်နေလို့ပါ။ MediaTek ရဲ့ Dimensity 1000 SoC က အခြေအနေဘယ်လိုရှိမလဲ မသိရသေးပေမဲ့ AnTuTu ရဲ့ Benchmark တွေမှာတော့ အတော်လေး အထင်ကြီးစရာကောင်းနေပါတယ်။ Benchmark Scores အရ Qualcomm ရဲ့ Snapdragon 855+ နဲ့ Apple ရဲ့ A13 Bionic ထက်တောင် ရလဒ်တွေ ကောင်းနေတာကိုတွေ့ရပါတယ်။ နောက်ထက် Rumor တွေအရ ရိုးရိုး Redmi K30 မှာတော့ 4G connectivity နဲ့လာမှာဖြစ်ပါတယ်လို့ သိရပါတယ်။ SoC ပိုင်းမှာတော့ Snapdragon ရဲ့ 730G ကိုတပ်ဆင်ပေးမှာဖြစ်ပြီး Android 10 အခြေခံ MIUI 11 တို့ပါဝင်လာမှာ ဖြစ်ပါတယ်။

Redmi K30 leaked hands-on image

Camera

Camera နဲ့ပက်သက်ရင် K30 မှာ Sony IMX686 Sensor 60MP(64MP) Main Lens၊ 13MP Ultra-Wide Lens၊ 8MP Telephoto၊ 2MP (Depth) တို့ပါဝင်လာမယ်လို့ သတင် တွေ ထွက်ပေါ်နေပါတယ်။ Selfie အတါက် 32MP ထည့်သွင်းထားသလို 3D facial recognition အတွက် ToF ပါမယ်လို့လဲသိရပါတယ်။ ဒါကတော့ တိကျတဲ့ထွက်ပေါ်မှုတော့မဟုတ်သေးပါဘူး အချို့ Rumor တွေကတော့ Honor V30 Pro မှာ သုံးထားသလို Ultrawide Sensor နဲ့လာမယ်လို့လဲ ပြောဆိုနေပါတယ်။

Redmi K30 5G rear design

Battery

Battery ပိုင်းမှာတော့ 450 0 mAh နဲ့ 5000 mAh ကြားမှာပါဝင်လာမယ်လို သိရပြီး 27W fast charging လည်း ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။

အပေါ်မှာ ပြောခဲ့တဲ့အချက်အလက်တွေက Rumor တွေ Leak တွေစီက သေချာနိုင်တဲ့အချက်အလက်တွေဖြစ်ပြီး အခိုင်အမာတော့ ပြောဆိုလို့မရသေးပါဘူး။ Official ထွက်လာတဲ့အခါ ကိုက်ညီမလားဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်သလို December 10 ရက်နေ့မှာ မိတ်ဆက်တော့မှာပဲ ဖြစ်ပါတယ်။ စာဖတ်သူက Redmi fan ဖြစ်ခဲ့မယ်ဆိုရင် ဘာတွေထပ်မျှော်လင့်ထားမလဲဆိုတာတော့ Comment မှာရေသွားပါဦး…

Ref: Gizmochina