fbpx

This is digital planet.

RedmiTech News

Redmi K30 မှာ 5G Support လာမယ်လို့ Redmi ရဲ့ General Manager Lu Weibing ‌‌ပြောကြား

May လတုန်းက ထွက်ရှိခဲ့တဲ့ Redmi K20 ဟာ သူရဲ့ Design ၊ Features တွေနဲ့ ဈေးသက်သာမှုတွေ‌ကြောင့် Reviews ‌တွေမှာ ချီးကျူးမှုတွေရခဲ့ပါတယ်။ K20 ရဲ့ အောင်မြင်မှုတွေကို ဆက်ခံမယ့် K30 ကို မျှော်ဖို့စောနေပေမယ့် အခု Lu Weibing က Weibo မှာ K30 နဲ့ပတ်သတ်ပြီး ဖော်ထုတ်ပြောကြားခဲ့ပါတယ်။ တရုတ် Social Media ဖြစ်တဲ့ Weibo မှာ တင်ခဲ့သည့် Post မှာတော့ K30 ဟာ 5G Support လာမယ်လို့ဆိုထားပါတယ်။

K30 နဲ့ပတ်သတ်ပြီး မသိရသေးတဲ့အချက်‌တွေအများကြီးရှိတဲ့အတွက် ထွက်ရှိလာနိုင်တဲ့ May 2020 မတိုင်ခင်မှာ တစ်ချို့ Details ‌တွေကို သိရလာနိုင်ပါတယ်။ K30 ဟာ Redmi မှာ 5G Support လာမယ့် ပထမဆုံး mid-range ဖုန်းဖြစ်လာနိုင်ပါတယ်။ Redmi K20 မှာ full-screen design ကို notch နဲ့ punch-hole တွေမပါဘဲ Pop-up selfie camera ကိုသုံးပေးထာပါတယ်။ Redmi အနေနဲ့ K30 မှာလည်း အဲ့ Design ကိုပဲပြန်သုံးလာနိုင်ချေရှိပါတယ်။ AMOLED display နဲ့ In-display fingerprint scanner စတဲ့ Features တွေပြန်ပါလာမှာကတော့ အသေအချာပါပဲ။‌

Cameras ကို Quad-rear camera setup ပြောင်းသုံးလာနိုင်ပြီး 4000mAh or ပိုများတဲ့ battery capacity ကိုသုံးလာနိုင်ပါတယ်။ ပိုမြန်တဲ့ Charging technology တောင်ပါ၀င်လာနိုင်ပါတယ်။ အ‌ပေါ်က အချက်တွေက အတည်ပြုလို့မရသေးပါဘူး တရုတ်သတင်း Media တွေက ခန့်မှန်းထားတဲ့ အချက်တွေပဲဖြစ်ပါတယ်။ မှန်ချင်မှ မှန်မှာပါ။ သင့်အ‌နေနဲ့ကော K30 မှာ ဘယ် Features တွေကိုမြင်ချင်လဲ? Comment Box မှာ ၀င်ဆွေးနွှေးလို့ရပါတယ်။

Ref : Gizmochina