fbpx

This is digital planet.

RedmiTech News

Redmi K30 ရဲ့ တရား၀င် teasers များ‌ ပေါ်ထွက်လာ

Xiaomi ရဲ့ Brand အခွဲ Redmi ဟာ နောက်နှစ်မှာ သူတို့ရဲ့ ပထမဆုံး 5G ဖုန်းကို ထုတ်မယ်လို့ အရိတ်အမြွတ်ပေးထားပါတယ်။ အဲ့ဖုန်ဟာ Teasers တစ်ချို့ထွက်‌ပြီးနေပြီဖြစ်တဲ့ Redmi K30 ဖြစ်လာနိုင်ပါတယ်။ Redmi 8 နဲ့ 8A မိ‌တ်ဆက်တဲ့ပွဲမှာ K30 ကို တစ်ချို့သော အချက်တွေကိုဖော်ပြကာ Tease လိုက်ပြန်ပါတယ်။

Redmi K30 ဟာ စိတ်၀င်စားဖို့ကောင်းတဲ့ ဖုန်းဖြစ်လာမယ်လို့ ကတိပေးထားပြီး Teaser အရ ဖုန်းမှာ Dual 5G connectivity ပါ၀င်လာမယ်လို့ အတည်ပြုထားပါတယ်။ အဲ့အပြင်ဖုန်းမှာ ထူးခြားတဲ့ dual punch-hole display design ပါ၀င်လာမယ်လို့ ဆိုထားပါတယ်။ Tease လုပ်ထားတဲ့ပုံတစ်ပုံအရ ဖုန်းမှာ ပြင်ညီ dual selfie camera ပါ၀င်တဲ့ punch-hole camera တစ်ခုကိုတွေ့ရမှာပါ။

Xiaomi ဟာ dual-punch-hole designs များစွာတွေကို မူပိုင်ခွင့်တင်ထားပြီးဖြစ်ပါတယ်။ အပေါ်က ပုံစံက မူပိုင်ခွင့်တင်ထားတဲ့ထဲက Design တစ်ခုဖြစ်နိုင်ပါတယ်။ Punch-hole design ကိုသုံးထားတာက Display အမျိုးအစားအတွက် မေးစရာဖြစ်လာပါတယ်။ Samsung မှာ သူတို့ရဲ့ဖုန်းတွေအတွက် AMOLED punch-hole ကိုသုံးထားပါတယ်။ Redmi ရဲ့ K20 မှာတောင် AMOLED design ကိုသုံးထားတဲ့အတွက် K30 မှာ LCD display ကိုသုံးလာဖို့ မဖြစ်နိုင်ပါဘူး အဲ့တော့ AMOLED ကိုပဲ ပြန်သုံးလာမှာ သေချာပါတယ်။

‌နောက်ထပ် မှာ 5G အတွက် non-standalone (NSA) နဲ့ standalone (SA) modes တို့ပါ၀င်လာမှာပါ။ Non-standalone (NSA) နဲ့ standalone (SA) ဟာ 5G Tracks နှစ်ခုဖြစ်ပြီး ဆက်သွယ်ရေး Service ကို ပံပိုးပေးတဲ့သူတွေ အနေနဲ့ 4G ကနေ 5G ကိုကူးပြောင်းတဲ့အခါ ရွေးချယ်နိုင်မှာပါ။ NSA စနစ်ဖြစ်တဲ့ ပထမဆုံး 5G Networks တွေဟာ data-bandwidth မြင့်ဖို့နဲ့ ယုံကြည်စိတ်ချရတဲ့ Connectivity ကို mobile broadband မှာ အာရုံစိုက်မြှင့်တင်ထားတာဖြစ်ပါတယ်။ သူတို့ဟာ NSA operation အောက်မှာ ယူဆာင်လာတဲ့ 3GPP specification ဟာ အ‌စောပိုင်း 5G networks နဲ့ devices တွေမှာပါ၀င်လာပါတယ်။ ဆိုလိုတာက 5G networks တွေဟာ ရှိပြီးသား 4G တည်ဆောက်ထားတဲ့ အခြေအနေကနေ ထောက်ပံပေးထားပါ။ အဲ့တာကြောင့် ပထမဆုံး 5G Speed ကိုပေးချင်တဲ့ service providers တွေအနေနဲ့ NSA နဲ့ အရင်စရပြီး 5G ပါ၀င်မှု အခြေကျသွားတဲ့အခါမှသာ standalone 5G ကို ပြီးစီးအောင်ဆောင်ရွက်ရပါတယ်။

Redmi ရဲ့ K30 ဟာ K20 နေရာကို ဆက်ခံလာမည့် ဖုန်းပဲဖြစ်ပါတယ်။ ဒါပေမယ့် K20 နဲ့တော့ မတူလာနိုင်ပါဘူး။ အထူးသဖြင့် Redmi အနေနဲ့ ရှေ့ပိုင်း Design ကို အနည်းငယ်ပြုပြင်မှု‌တွေနဲ့အတူ ပြန်လည်အသုံးပြုလာနိုင်ပါတယ်။ K20 တို့လို Pop-up မသုံးပဲ Punch Hole Display လာမှာဖြစ်ပါတယ်။ ဖုန်းမှာ in-display fingerprint sensor ၊ powerful ဖြစ်လာမယ့် rear camera setup နဲ့ ပိုများတဲ့ battery ပါ၀င်လာနိုင်ပါတယ်။

Ref: Gizmochina