fbpx

This is digital planet.

RedmiTech News

Redmi K30 4G version ရဲ့ Specifications များထပ်မံပေါက်ကြားလာ

Redmi K30 ဟာ Redmi ရဲ့ပထမဆုံး 5G ဖုန်းဖြစ်လာမှာဖြစ်ပြီး 4G Version ပါထွက်လာမှာပါ။ 5G ခေတ်ဟာသိပ်မကျယ်ပြန့်သေးတဲ့အတွက် 4G Version ကိုသာ ဈေးသက်သက်သာသာနဲ့ နိုင်ငံအများစုမှာ ထုတ်လာဖို့ရည်ရွယ်တာဖြစ်ပါတယ်။ အခု 4G Version ရဲ့ Specifications များ Weibo မှာ ပေါက်ကြားလာခဲ့ပါတယ်။

Image result for redmi k30

အခု Specifications တွေဟာ အရင်က ပေါက်ကြားခဲ့တဲ့ Specs တွေနဲ့ဆင်ပါတယ်။ ဒါပေမယ့် တစ်ချို့အချက်တွေတော့ ပြောင်းလဲလာပါတယ်။ Meng Chen Guangyu ရဲ့ Weibo မှာတင်ထားတဲ့ Post အရ Redmi K30 4G ဟာ 20:9 aspect ratio ရှိတဲ့ 6.66-inch FHD+ display ပါ၀င်လာမယ်လို့ သိရပါတယ်။ Screen ကတော့ Refresh rate 120Hz ရှိတဲ့ LCD screen ပါ။ Redmi ဟာ ထုတ်လုပ်မှုအတွက် bezel-less (သို့) Full screen display ကိုဖန်တီးပေးနိုင်မယ့် COF packaging technology ကိုသုံးလာမှာဖြစ်ပြီး ဖုန်းဟာ Gorilla Glass 5 protection ပါ၀င်လာမှာပါ။

ဖုန်းမှာ Redmi K20 ထဲက Snapdragon 730 ထက်ပိုကောင်းတဲ့ Snapdragon 730G processor နဲ့အားဖြည့်ပေးလာမှာပါ။ အခြေခံ Model မှာ 6GB RAM နဲ့ 64GB storage ပါ၀င်လာမှာဖြစ်ပြီး 8GB RAM model နဲ့ Storage 256GB ထိရလာနိုင်ပါတယ်။

အရင်က Leak မှာ Primary Rear Camera ဟာ 60MP Sony IMX686 ဖြစ်လာမယ်လို့ဆိုထားပါတယ်။ အခု Leak မှာတော့ Primary rear cameraဟာ 64MP sensor ဖြစ်ပြီး 8MP telephoto camera ၊ 13MP ultrawide camera ၊ macro photography ဖြစ်လာနိုင်တဲ့ 2MP sensor တို့နဲ့တွဲလာမှာပါ။ Selfie cameras မှာလည်း အရင်က 32MP + ToF sensor ဖြစ်ပြီး အခု Leak မှာ 20MP + 2MP depth sensor ဖြစ်သွားပါတယ်။

Related image

Redmi K30 4G မှာ NFC ၊ IR blaster နဲ့ 3.5mm audio jack တို့ပါ၀င်လာမှာပါ။ Battery မှာတော့ 4500mAh ပါ၀င်လာနိုင်ပြီး Mi 9 မှာလို 27W fast charge ထောက်ပံ့ပေးလာမှာပါ။ ဖုန်းမှာ Android 10 ကိုအခြေခံထားတဲ့ MIUI 11 ကို run လာမှာဖြစ်ပြီး ဈေးကတော့ ¥1999 (~$285) မြန်မာ‌ငွေ ၄သိန်းခွဲ ၀န်းကျင်ကနေ စတင်လာမှာပါ။

Ref: Gizmochina