fbpx

This is digital planet.

RedmiTech News

Redmi K30 5G ဟာ 144Hz refresh rate အထိ Support နိုင်

အရင်နှစ် ဇွန်လတုန်းက MIUI Community Member တစ်ယောက်ဟာ Xiaomi Mi 9 ရဲ့ 60Hz Display ကို ပိုမြန်တဲ့ Refresh Rate 84Hz ပေးနိုင်ဖို့ Mod တစ်ခုကို ပြုလုပ်ခဲ့တာမျိုးရှိပါတယ်။ အရင်လတုန်းက မိတ်ဆက်ခဲ့တဲ့ Redmi K30 4G နဲ့ Redmi K30 5G တို့ဟာ တရုတ်မှာ 120Hz refresh rate display ပါတဲ့ ဈေးအသက်သာဆုံးဖုန်းတွေဖြစ်ပါတယ်။ ဒီနေ့မှာတော့ Redmi ရဲ့ အထွေထွေမန်နေဂျာ Lu Weibing ရဲ့ အတည်ပြုချက်အရ Redmi K30 5G မှာ 144Hz refresh rate ထောက်ပံ့ပေးမှု စမ်းသပ်တာအောင်မြင်ခဲ့တယ်လို့သိရပါတယ်။

Weibing ဟာ Redmi K30 5G မှာ 144Hz refresh rate ထောက်ပံ့ပေးနိုင်ကြောင်းကို သက်သေပြဖို့ Weibo မှာ Video တစ်ခုကို တင်ခဲ့ပါတယ်။ Video အရ Redmi K30 5G ရဲ့ 120Hz display ဟာ 144Hz အထိကို Support လုပ်တာကိုတွေ့ရပါတယ်။ နောက်ပိုင်း Software Update ပေးပြီး 144Hz ကိုထောက်ပံ့ပေးလာဖို့ များပါတယ်။ အဲ့အတွက် ကုမ္ပဏီအနေနဲ့ 144Hz refresh ထောက်ပံ့ပေးတဲ့ Update တစ်ခုကို မကြာခင်မှာ ပေးလာနိုင်ပါတယ်။

 

Major ကုမ္ပဏီတွေအနေနဲ့ Galaxy S20 series နဲ့ OnePlus 8 lineup စတဲ့ Flagship ဖုန်းတွေကို ထုတ်လာဖို့ အဆင်သင့်ဖြစ်နေချိန်မှာ Weibing ဟာ ထို Video ကို Shared ခဲ့တာပဲဖြစ်ပါတယ်။

Weibing ရဲ့ Weibo post ဟာ Red Magic 5G phone မှာ 144Hz refresh rate display ပါမယ့်အကြောင်းကို Nubia ရဲ့ President Ni Fei ကအတည်ပြုထားတဲ့ သတင်းထွက်ပြီး မကြာခင်မှာတင်လိုက်တာပဲဖြစ်ပါတယ်။ အဲ့ပုံစံအရဆို ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေအနေနဲ့ ဒီနှစ်မှာ ပိုမြင့်တဲ့ Refresh rates တွေပါတဲ့ ဖုန်းတွေကိုထုတ်လာနိုင်ပါတယ်။

ဆက်စပ်သတင်းအနေနဲ့ Redmi အနေနဲ့ Redmi K30 5G 6 GB RAM + 64 GB storage နဲ့ 6 GB RAM + 128 GB storage models တွေကို မနက်ဖြန် တရုတ်ဈေးကွက်မှာ စတင်ရောင်းချလာတော့မှာပါ။ ဈေးအနေနဲ့ကတော့ ၄ သိန်း ၃သောင်း၀န်ကျင်နဲ့ ၅ သိန်း၀န်ကျင်အသီးသီးရှိလာမှာပါ။ ထို Models တွေဟာ Deep Sea Blue နဲ့ Deep Ocean Glitter ‌ဆိုပြီး နောက်ထပ် ‌နှစ်ရောင်‌ရွေးချယ်နိုင်ဦးမှာပါ။

Ref: Gizmochina