This is digital planet.

Tech News

Redmi K30 Review (Smoothie)

Mi က Product တစ်ခုမိတ်ဆက်ပြီဆိုရင် ချီးကျူးသံနဲ့ ရှုံ့ချသံ အဲဒီနှစ်မျိုးက အမြဲလိုလို ကျယ်ကျယ်လောင်လောင်ထွက်လေ့ရှိတယ်။ အဲဒီအသံတွေကပဲ သူ့ Product နဲ့ Brand ကို Marketing Budget နဲနဲနဲ့ လူများများရဲ့နားထဲ ရောက်အောင်ပို့ပေးတယ်ဆိုရမယ်။ 2019 မှာမိတ်ဆက်ခဲ့တဲ့ Xiaomi ရဲ့ အဲလို Product တွေထဲကတစ်ခုအဖြစ် Redmi K30 လည်းပါခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ 120Hz Display သုံးပေးထားတဲ့ ပထမဆုံး Mid-range Phone ဖစ်လာခဲ့တာကြောင့်ပါ။

Mobile Image ရဲ့ လက်ရှိပေါက်စျေးတွေအရ K30 4G ရဲ့
6/128GB ကို ၃၄၆၀၀၀ ကျပ်
8/128GB ကို ၃၆၉၀၀၀ ကျပ်
8/256GB ကို ၃၉၉၀၀၀ ကျပ် ကျသင့်ပါလိမ့်မယ်။

Aesthetic Look & Feel

အစက သူ့ Camera ဘေးကအဝိုင်းကို ဖုထွက်နေမယ်ထင်ခဲ့တာ ကိုင်ကြည့်တော့မှ ကျောဘက်နဲ့ တစ်သားတည်းမှန်းသိရတယ်။ Design အားဖြင့်အလွယ်ပြောရင် တစ်ချက်ကြည့်တာနဲ့ K30 မှန်းသိလွယ်တယ်၊ Unique ဖြစ်တယ်။ Color ပိုင်းမှာ K20 တုန်းကထက် တည်ငြိမ်တယ်။ သူ့အနီက ပန်းဆီရောင်ပိုဆန်ပြီး Sexy ဖြစ်တယ်။

အရောင်ငြိမ်တာကြိုက်ရင်တော့ ခရမ်းရောင်ကိုစောင့်ဝယ်သင့်လို့ မြင်တယ်။ Camera က အရမ်းဖုထွက်နေတာကိုသဘောမကျပေမယ့် Cover တပ်ရင်တော့ အဆင်ပြေပါတယ်။ Cover ဆိုမှ သူ့ Original Cover က အရင်ဖုန်းတွေမှာ ပါနေကျ Cover တွေထက် Quality ပိုကောင်းတယ်၊ USB ပေါက် အကာလေးတောင် ပါလိုက်သေး။ Design ပိုင်းကိုတော့ ကြိုက်တဲ့သူ၊ မကြိုက်တဲ့သူ အမျိုးမျိုးရှိနိုင်လို့ အမြင်နဲ့မဆုံးဖြတ်ပဲ ကိုယ်တိုင်ကိုင်ကြည့်ဖို့ အကြံပေးချင်တယ်။

ဖုန်းက ရှည်တယ်၊ လေးတယ်။ လက်နှစ်ဖက်ကိုင်သုံးရတာများတယ်။ K30 က ညာသန်တွေအတွက် ပိုအဆင်ပြေမယ်ထင်မိ။ Volume ရော Fingerprint ပါ ဖုန်းရဲ့ညာဘက်မှာဆိုတော့။ ကျောဘက်က Glass ဆိုပေမယ့် Frame တွေက Plastic ပါ။

အသေးစိတ်လိုက်ကြည့်ရင်တော့ တစ်ချို့နေရာလေးတွေမှာ မသပ်ရပ်တာတွေမြင်ရတယ်။ Dual Sim ဒါမှမဟုတ် 1 Sim, 1 SD Card သုံးလို့ရမယ်။ ဆိုတော့ Flagship lvl မဟုတ်ပေမယ့် Mid-range မှာ ကိုင်ရကောင်းတဲ့ခံစားချက်မျိုးပါ။

Fingerprint

အပေါ်မှာပြောခဲ့သလို ညာသန်တွေအတွက် K30 က ပိုအဆင်ပြေလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ Power Button နဲ့ တွဲထည့်ထားတဲ့ Fingerprint Scanner ရဲ့ အရွယ်အစားကြောင့်ပါ။ ကိုယ်က ဘယ်သန်ဆိုရင် Fingerprint အတွက် သေချာပေါက် လက်ညှိုးသုံးရမှာ။

ဆိုတော့ လုံးဝသုံးမရတာမဟုတ်ပေမယ့် လက်ညှိုးနေရာကရနိုင်မယ့် Fingerprint Data က လက်မနဲ့မှတ်တာလောက် အဆင်မပြေနိုင်ပါဘူး။ Unlock Speed ကတော့ In-Display အတော်များများထက် ပိုမြန်တယ်။ ကိုယ်တွေတော့ သဘောကျတယ်။

Display

K30 အကြောင်းပြောတိုင်း LCD ကြီးလားလို့ အမေးခံရတာ အတော်ခံပြင်းလို့ AMOLED နဲ့ ဘေးချင်းယှဉ်ပြထားတဲ့ပုံ ထည့်ပေးလိုက်တာပါ။ ဟုတ်တယ်၊ LCD မို့ Deep Black မဖြစ်တာတို့ Contrast ပိုင်းမှာ AMOLED ကို မမှီတာတို့တော့ ရှိမယ်။ ဒါပေမယ့် Daily Usage မှာ သူ့ Display မှာ မကောင်းပါဘူးဆိုတဲ့ခံစားချက်မျိုးလုံးဝမဖြစ်ခဲ့ဘူး။

Brightness အတော်ကောင်းတယ်။ Color တွစိုတယ်၊ မှန်တယ်။ အထူးသဖြင့် 120Hz ပေါ်မှာ သုံးရတဲ့အရသာက User ကို အတော်အကျင့်ပျက်စေလောက်အောင် Smooth ဖြစ်တာပါ။ LCD သုံးထားပေမယ့် K30 ရဲ့ Chin က အတော်ပါးတဲ့အပြင် အစက စိတ်အနှောင့်အယှက်ဖြစ်မယ်ထင်ခဲ့တဲ့ Dual Punch Hole ကလည်း ရှိလို့ရှိမှန်းမေ့နေတတ်တာမို့ Mid-range မှာ သဘောအကျမိဆုံး Display Experience လို့တောင် ပြောချင်တယ်။

Speaker & Audio

K30 ကို မကြိုက်တဲ့အချက်နဲနဲထဲ သူ့ Speaker လည်းပါတယ်။ အသံထွက်တိုးသလို ထွက်တဲ့အသံကလည်း Flat ဖြစ်တယ်။ Volume အရမ်းတင်ရင် အသံတွေလုံးတယ်။ ကိုယ်တွေလို ဖုန်းကို ဘယ်ဘက်လှဲသုံးတာ အကျင့်ဖြစ်တဲ့သူအတွက်ဆို Speaker ပေါက်ကို ခဏခဏပိတ်မိတယ်။ Headphone Jack ပါပြီး Hi-fi Audio Support တာတော့ Audio ပိုင်းအတွက်အားရစရာပါ။

ဒါပေမယ့် Hi-fi Mode on ထားရင် Volume ကျကျသွားတာတော့ ဘဝင်မကျချင်ဘူး။ (Noise မပါအောင်ထိန်းတာကြောင့်လား မပြောတတ်) ကိုယ်တွေကတော့ MIUI 11 မှာပါလာတဲ့ ကိုယ့်နားကကြားနိုင်မယ့် အသံအနေအထားအတိုင်း Low, Mid, High ချိန်ပေးတဲ့ Volume Adjustment Feature ကို ပိုသဘောကျတယ်။ Sound Quality ကို အတိုချုံးပြောပါဆိုရင်တော့ “Balance ဖြစ်တယ်”၊ အားရတယ်လို့ ပြောချင်တယ်။ Haptic အရသာခံတတ်သူတွေတွက်တော့ Sorry ပါ၊ Weak ပါတယ်။

Performance

မှတ်မိသေးတယ်။ Redmi Note 3 Pro တို့ခေတ်ကဆိုရင် Mid-range မှာ Snapdragon 650 သုံးထားပေးလို့ ကြွေခဲ့ရတဲ့ကာလတွေကို။ ခုများ 730G လို Upper Mid-range SoC သုံးပေးတာကို နှာခေါင်းရှုံ့နေကြတာကတော့ မြင်ရအဆင်မပြေဘူးရယ်။ Gaming ပိုင်းစမ်းကြည့်တယ်၊ PUBG ကို HD, High Setting မှာ 30fps ထိရတယ်။ Balance, Ultra နဲ့ဆို 42fps ထိရတယ်ဆိုတော့ ဆော့ရအဆင်ပြေတာပဲ။ 120Hz က ဒီတိုင်းပွတ်ရုံသက်သက်လားဆိုပြီး High Refresh Rate Support တဲ့ဂိမ်းတွေထည့်ဆော့ကြည့်တယ်။

Alto’s Odessy တစ်ခုကလွဲရင် Oddmar, Into the Dead တို့လို Game တွေမှာ 60fps ထက်ပိုတဲ့ Smooth ဖြစ်တဲ့ခံစားချက်လုံးဝရတယ်။ အထူးသဖြင့် K30 ပေါ်မှာ Poke’mon Go ဆော့ရတဲ့ Feel က SDM 855 ကို 60Hz မှာဆော့ရတာနဲ့ ဘာမှမဆိုင်အောင် Smooth ဖြစ်လွန်းတာကို သဘောအကျဆုံးပဲ။ ဆိုတော့ SDM 855 နဲ့ယှဉ်ရင်တော့ သိသာတဲ့ကွာခြားချက်ရှိတယ်ဆိုပေမယ့် Mid-range အတွက် 730G ကို More than enough လို့မြင်တယ်။ Poke’mon Go Player တွေအတွက်လည်း ၃သိန်းခွဲဝန်းကျင်မှာ K30 ကို Strongly Recommend ပါ။

60Hz နဲ့သုံးမယ်ဆိုရင် Battery ပိုခံမှာသိပေမယ့် K30 ဝယ်မယ့်သူအများစုက 120Hz ကို မက်လို့ဝယ်ကြမှာဆိုတော့ 120Hz ပဲထားပြီး တောက်လျှောက်စမ်းဖြစ်ခဲ့သလို သူ့ရဲ့ 4500 mAh Battery ကလည်း 120Hz ကို ကောင်းကောင်း Handle လုပ်နိုင်တာတွေ့ရတယ်။ ပုံမှာပြထားတဲ့အတိုင်း Normal Media Consumption မှာ ၂ရက်နီးနီးအသုံးခံပြီး အပေါ်မှာပြောခဲ့တဲ့ High Refresh Rate Support တဲ့ဂိမ်းတွေ တောက်လျှောက်ဆော့ကြည့်တဲ့အခါမှာတော့ Screen Time 6hr နီးနီးရတာက အားရစရာ။ 50% Brightness မှာ 720p 1hr Youtube Streaming ကို 10% လောက်ကုန်တာ သိပ်သဘောမတွေ့တာကလွဲရင် Battery Life နဲ့ပတ်သက်ပြီး အတော်စိတ်ချမ်းသာခဲ့ရတယ်။

Heat အနေနဲ့လည်း PUBG, Poke’mon Go ကို GPS ဖွင့်ဆော့ချိန်လောက်မှာ နွေးတယ်ဆိုတာ အလွန်ဆုံးပဲ။ K20 ထက်ပိုသာတဲ့ အားအရဆုံးအချက်က 27W Fast Charger ဗူးထဲမှာ တစ်ပါတည်းပါပြီး 10-100% ကို ၁နာရီလောက်နဲ့ အားပြည့်အောင်သွင်းနိုင်တဲ့အချက်ပါ။ Mid-range ဖုန်းတစ်လုံးမှာ ဒီလောက် Performance မျိုးရနိုင်တာကို ကျေနပ်တယ်ပြောရင် မလွန်ဘူးထင်မိပါတယ်။

Camera

သူ့ရှေ့မှာ 64MP Camera နဲ့ဖုန်းတွေထွက်ထားပေမယ့် Sony IMX 686 ကို ပထမဆုံးသုံးတာကတော့ K30 ဖြစ်မယ်ထင်။ ဒီ Sensor ပေါ်မျှော်လင့်မိသလို မျှော်လင့်ထားတဲ့ Result တစ်ချို့ကိုလည်း မြင်ခဲ့ရတယ်။
Day Time- Color ပိုင်းအရ Natural ဖြစ်လွန်းလို့ အပြင်ရှုခင်းနဲ့ယှဉ်မကြည့်ရင် Color ဖျာ့လွန်းတယ်လို့တောင် ထင်မိတယ်။ 48MP Sensor တွေထက် Detail ပိုကောင်းပြီး Dynamic Range ကလည်း သဘောကျစရာအနေအထား (တစ်ချက်တစ်ချက် Overexposed နဲနဲဖြစ်တာကလွဲလို့။

Portrait- K30 Camera ရဲ့ အားအရဆုံးအပိုင်းပါ။ K20 တုန်းကလို Telephoto မပါပဲ Depth Sensor သုံးပြီးရိုက်တဲ့ K30 ပုံတွေက ရိုက်ပြီးပြန်ကြည့်ချိန်မှာ Edge Detection အတော်ကောင်းသလို Detail ပါ မိုက်နေတာ သတိထားမိတယ်။ Portrait မဟုတ်တဲ့ အနီးကပ် Shot တွေမှာတောင် သူ့ Natural Bokeh က သဘောကျစရာပါ။

Night- Low Light Quality ကတော့ Mid-range မှာ လက်ခံနိုင်တဲ့အတိုင်းအတာမှာရှိတယ်။ အလင်းကောင်းကောင်းရှိရွေ့ Detail, Sharpness ကောင်းပေမယ့် Noise တော့နဲနဲထတယ်။ (f/1.9 Aperture နဲ့လည်း ဆိုင်လိမ့်မယ်ထင်) ပုံတွေက Underexposed နဲနဲဖြစ်ပေမယ့် HDR on ပီးရိုက်ရင်တော့ ပိုအဆင်ပြေတာတွေ့တယ်။ ထူးခြားတာက K30 မှာ HDR က နေ့ရောညပါ အသုံးတည့်နေတာပါ။ Night Mode ကိုတော့ တစ်ပုံ၊ နှစ်ပုံစမ်းပြီး တိုးတက်မှုမရှိသေးလို့ သုံးကိုမသုံးတော့တာ။

Ultra-wide- 8MP ဒီ Sensor က အလင်းကောင်းကောင်းရရင် ပုံထွက်မဆိုးပေမယ့် Main Camera လာက်တော့ Detail ကျန်မှာမဟုတ်။ Manual Mode သုံးခွင့်ပေးထားပေမယ့် Shutter Speed ကို 0.5s ပဲ Maximum ပေးထားတာ သိပ်သဘောမတွေ့ဘူး။
-Macro- အလင်းကောင်းကောင်းမရရင် Focus မပြတ်ဖြစ်တတ်ပေမယ့် Object နဲ့ 4cm လောက်ထိ ကပ်ရိုက်နိုင်တာက မဆိုးဘူးပြောရမယ်။ Manual Mode ပါတာကတော့ တခြား Macro Camera တွနဲ့ယှဉ်ရင် အားသာချက်လို့ပြောရမှာပါ။

20MP Selfie Camera ရဲ့ Quality ကိုတော့ သိပ်အားမရဘူး။ Punch Hole သုံးထားတာဆိုတော့ Screen Guard ကပ်ထားရင် Selfie မရိုက်ခင် သတိထားသုတ်နေရတာက ဆိုးတယ်။ နောက်ပြီး 2MP Sensor က ခုထိတော့ ထူးထူးခြားခြားအသုံးဝင်တယ်မခံစားရသေး။ (တစ်လုံးထဲထည့်တော့ ဘာဖြစ်မှာမို့) Software Update နဲ့ Portrait Video Mode လို Feature ထည့်ပေးခဲ့ရင်တော့ ချီးကျူးမိမှာပါ။

Video ပိုင်းမှာ ကျောဘက်ကို 4K, 30fps Maximum ရတယ်။ MI ရဲ့ထုံးစံအတိုင်း EIS Support အရမ်းကောင်း၊ အရမ်းငြိမ်။ Selfie မှာတော့ 1080p ထိရတယ်။ Back Camera မှာကောင်းပါရက်နဲ့ Selfie Video မှာပါ EIS Support ထည့်ပေးသင့်ပြီထင်မိတယ်။

ခုလောက်ဆို K30 ရဲ့ Review လည်း အတော်ထောင့်စေ့ပြီထင်ရဲ့။ အတော်များများက K30 ကို သူနဲ့စျေးမကွာတဲ့ K20 နဲ့ယှဉ်ပြီး မေးလေ့ရှိပေမယ့် ဒီဖုန်းနှစ်လုံးရဲ့ Target က တူသယောင်ယောင်နဲ့ကွဲပါတယ်။ AMOLED, FullView, ပိုခံမယ့် Battery အဲဒါတွေလိုချင်ရင်တော့ K20 ရွေးပါ။

ဒါပေမယ့် K30 ဘက်မှာပါတဲ့ 120Hz Display, 64MP Sony Sensor, 27W Fast Charging အဲဒီအချက်တွေက 2020 လိုကာလမျိုးမှာ K30 ကို ပိုပြီးခေတ်မီတဲ့ရွေးချယ်မှုတစ်ခုလို့ ခံစားရစေတယ်။ အထူးသဖြင့် ၃သိန်းခွဲဝန်းကျင်မှာ 120Hz Display ကို သုံးခွင့်ရဖို့ဆိုတာ တစ်ချိန်က Mid-range မှာ မမက်ရဲခဲ့တဲ့အိပ်မက်မို့ ဒီအိပ်မက်တွေကို လက်တွေ့ပုံဖော်ပေးတဲ့ Xiaomi ကိုလည်းကျေးဇူးတင်တယ်။ 2020 မှာလည်း ခုလိုပွဲဆူစေမယ့် Product သစ်တွေ ထပ်ထွက်လာဖို့ မျှော်လင့်မိပါတယ်။