အသုံးပြုသူတွေရဲ့ feedback များတောင်းဆိုချက်အရ Redmi Note 7 မှာ AI camera အတွက် mode အသစ်များ၊ game ဆော့နေစဉ်မှာ ဖုန်း call များအတွက် floating window နဲ့ တခြားသော ပြောင်းလဲမှုတွေကို MIUI update နဲ့အတူ ရရှိလာတော့မှာဖြစ်ပါတယ်။ MIUI 10 update မှာ ဆိုရင် face unlock feature ကိုလည်းထပ်မံ မွန်းမံထားပြီး notification၊ battery ဖော်ပြချက်၊ ကင်မရာ နဲ့ lock screen စတဲ့ system ပိုင်းဆိုင်ရာ ပြဿနာများကိုလည်း ပြုပြင်ထားတာတွေ့ရပါတယ်။
အဆိုပါ MIUI update မှာတော့ camera ပိုင်းနဲ့ ပတ်သတ်ပြီး AI camera အတွက် mode အသစ်တွေကို မိတ်ဆက်ခဲ့ပေမယ့် အသုံးပြုသူတွေ ဝေမျှခဲ့တဲ့ အရာတွေနဲ့ပတ်သတ်ပြီး တိကျတဲ့ သတင်းအချက်အလက်တော့ မပါဝင်ခဲ့ပါဘူး။ Redmi Note 7 ဟာဆိုရင် ပြီးခဲ့တဲ့လက ထွက်ရှိခဲ့တဲ့ update မှာ Low Light Mode ကို ရရှိခဲ့ပြီးပြီ ဖြစ်ပါတယ်။
အခု update မှာတော့ အသုံးပြုသူတွေဟာ lock screen မှာ notification တွေကိုလည်း restrict ပြုလုပ်နိုင်တော့မှာဖြစ်ပါတယ်။ Face unlock feature ရဲ့ လုပ်ဆောင်နိုင်စွမ်းလည်း တိုးတက်လာမှာဖြစ်ပြီး new features တွေအပြင် Mi Cloud ထဲ စဝင်ဝင်ချင်း ပထမ စာမျက်နှာကိုလည်း redesign ပြုလုပ်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။
Redmi Note 7 Pro မှာတော့ ရေပန်းစားနေတဲ့ video game တွေကို support ပြုလုပ်ပေးနိုင်မယ့် update version ထွက်လာခဲ့ပြီဖြစ်ပါတယ်။ ဟုတ်ပါတယ် ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က ကြေငြာခဲ့တဲ့ အတိုင်းပါပဲ Redmi ကတော့ Redmi Note 7 Pro ရဲ့ MIUI 10.2.10.0 မှာ Fortnite ကို support ပေးလိုက်ပြီဖြစ်ပါတယ်။
Redmi Note 7 Pro ရဲ့ update ကတော့ 300 MB တောင် မရှိပေမယ့် အသုံးပြုသူတွေအတွက်တော့ Fortnite site ထဲမှာ Game တွေ download ပြုလုပ်နိုင်တော့မှာဖြစ်ပါတယ်။ အဆိုပါ update မှာတော့ speaker မှာ ဖြစ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းထားပြီး 4k video recording ကိုပါ support ပေးလိုက်ပြီပဲဖြစ်ပါတယ်။
Redmi Note 7 Pro အသုံးပြုသူတွေကတော့ Fortnite ကို support လုပ်ပေးခဲ့ခြင်းနဲ့ ပတ်သတ်ပြီး Realme ကို ကျေးဇူးတင်ရမှာပဲဖြစ်ပါတယ်။ Realme ရဲ့ CEO ဖြစ်သူ Madhav Sheth က သူတို့ရဲ့ Realme 3 Pro ကို launch မလုပ်ခင်မှာ realme 3 Pro က game တွေကို ဘယ်လို ကစားနိုင်ကြောင်း twitter မှာ တင်ခဲ့ပါတယ်။ အဲ့ဒီလို တင်ရင်းနဲ့ပဲ Redmi Note 7 Pro ကိုတော့ game တွေကို မထောက်ပံ့ပေးနိုင်ခြင်းနဲ့ပတ်သတ်ပြီး လှောင်ပြောင်ပြောဆိုခဲ့ပါသေးတယ်။ ဒါကြောင့်လဲ Xiaomi က တာဝန်ရှိသူတွေ အနေနဲ့ Snapdragon 675 whitelisted game တွေကို support ပေးနိုင်ဖို့အတွက် လုပ်ခဲ့ကြတဲ့ပုံပေါ်ပါတယ်။ Realme 3 Pro နဲ့ Redmi Note 7 Pro တို့ရဲ့ တိုက်ပွဲတွေကြားထဲ အမြတ် ထွက်နေတာကတော့ အသုံးပြုသူတွေလို့ပြောရတော့မှာပါပဲ..
Ref: Gizmochina and Gadgets360