fbpx

This is digital planet.

RedmiTech NewsXiaomi

Redmi Note 7 ရဲ့ Pro version ဖြစ်တဲ့ Note 7 Pro မှာ SD 675 SoC အသစ်ပါဝင်လာဖွယ်ရှိ

ပြီးခဲ့တဲ့ Jan 10 က မိတ်ဆက်ခဲ့တဲ့ Redmi Note 7 အပြီးမှာတော့ Redmi အနေနဲ့ နောက်ထပ်စမတ်ဖုန်းတစ်ခုဖြစ်တဲ့ Redmi Note 7 Pro ကို လာမဲ့ ဖေဖော်ဝါရီ လ တရုတ်နွေဦးပွဲတော် အပြီးလောက်မှာမိတ်ဆက်ပေးဖို့ရှိတယ်လို့ အတည်ပြုလာခဲ့ပါတယ်။ Redmi ရဲ့ ထုတ်ဖော်ပြောကြားချက်အရ Note 7 Pro အနေနဲ့ Main Camera ပိုမိုကောင်းမွန်လာမယ်လို့ဆိုပြီး ထွက်ပေါ်လျက်ရှိတဲ့ကောလဟာလ တွေအရ မတူညီတဲ့ processor ကိုအသုံးပြုလာမယ်လို့သိရပါတယ်။ ဖြစ်နိုင်ခြေရှိတာကတော့ Note 7 Pro မှာ Snapdragon 675 SoC အသစ်ကိုအသုံးပြုလာဖို့ရှိတယ်လို့သိရပါတယ်။

အခြားမတူညီတဲ့ Leaksters တွေရဲ့ Weibo မှာပြောကြားချက်တွေအရလည်း Redmi Note 7 Pro မှာ Snapdragon 675 chipset ကိုအသုံးပြုမယ်လို့လည်း အခိုင်အမာဆိုကြပါတယ်။ Snapdragon 675 SoC ဟာ ပြီးခဲ့တဲ့ နှစ် အောက်တိုဘာလ က စတင်ထွက်ရှိခဲ့တာဖြစ်ပြီး Xiaomi ဖုန်းတွေထဲမှာတော့ Redmi Note 7 Pro ဟာ ပထမဆုံး ဒီ Chipset ကိုအသုံးပြုထားတဲ့ဖုန်းဖြစ်လာမှာဖြစ်ပါတယ်။ အရင်ကကြားသိရတဲ့သတင်းတွေအရ ဒီ SoC ကိုအသုံးပြုပြီးထွက်ရှိလာမဲ့ စမတ်ဖုန်းတွေကတော့ Motorola P40, HiSense U30 နဲ့ Meizu Note 9 တို့ရှိနေပါတယ်။ အကယ်၍ ဒီ ကောလဟလ တွေသာ အမှန်ဖြစ်ခဲ့ရင်တော့ Redmi Note 7 Pro ဟာ Snapdragon 675 SoC အသုံးပြုထားတဲ့ ပထမဆုံးဖုန်းဖြစ်လာဖွယ်ရှိနေပါတယ်။

Image result for redmi note 7 pro

Snapdragon 660 အနေနဲ့ 48MP ကို အပြည့်အ၀ Support မလုပ်နိုင်တဲ့အတွက် Note 7 Pro မှာတော့ ဒီ SoC ကိုအသုံးပြုလာမှာမဟုတ်တာတော့ သေချာပါတယ်။ 11nm အမျိုးအစား Snapdragon 675 အနေနဲ့ Snapdragon 710 ထက် CPU ပိုင်းမှာ ပိုမို Powerful ဖြစ်ပေးမဲ့ GPU နဲ့ ISP ပိုင်းမှာတော့ Snapdragon 710 ထက်နိမ့်ပါတယ်။

Redmi Note 7 မှာတော့ 48MP sensor ကို Samsung ISOCELL GM1 ကိုအသုံးပြုခဲ့တာဖြစ်ပြီး ဒီ Pro version မှာတော့ သေချာပေါက် Sony IMX 586 – 48MP sensor ကိုအသုံးပြုလာမှာဖြစ်ပါတယ်။ Sony IMX 586 နဲ့ Snapdragon 675 ပါဝင်တဲ့ Note 7 Pro အနေနဲ့ ခန့်မှန်းခြေ ယွမ် ၁၆၉၉ ( ဒေါ်လာ ၂၅၀ / မြန်မာငွေ ၄သိန်း နီးပါး ) ရှိမယ်လို့သိရပြီး ဈေးနှုန်းပိုင်းအနေနဲ့ အတိအကျတော့ မသိရသေးပါဘူး…

Source

Leave a Reply

Your email address will not be published.