fbpx

This is digital planet.

Tech News

Redmi Note 7 Pro ထွက်ပြီ

Xiaomi အနေနဲ့ အိန္ဒိယဈေးကွက်အတွက် Redmi Note 7 ကို ဒီနေ့မှာမိတ်ဆက်ပေးမယ်လို့ ပြီးခဲ့တဲ့ ရက်သတ္တလောက်ထဲကပြောဆိုထားတာဖြစ်ပါတယ်။ ယနေ့မှာတော့ Xiaomi အနေနဲ့ Redmi Note 7 အပြင် Redmi Note 7 Pro ကိုပါ အိန္ဒိယမှာမိတ်ဆက်လာခဲ့ပါတယ်။

Design ပိုင်းကိုတော့ Xiaomi ရဲ့ပြောကြားချက်အရ Aura Design လို့ခေါ်တဲ့ Xiaomi ရဲ့ design philosophy အသစ်နဲ့ပွဲထွက်လာခဲ့ပြီး ကုမ္ပဏီ ရဲ့ လှပချောမွတ်တဲ့လက်ရာ နဲ့ စွဲငြိဖွယ်ရာဒီဇိုင်းနဲ့တည်ဆောက်ထားတယ်လို့လည်းသိရပါတယ်။

Redmi Note 7 Pro ကိုတော့ 6.3-inch Full HD+ display နဲ့အတူ 19.5:9 Aspect Ratio , 450 Nits Brightness နဲ့ 15000:1 Contrast Ratio တို့ပါဝင်ပါတယ်။ Display ကိုဝန်းရံထားတဲ့ Bezels ကတော့ 1.95mm ပဲရှိတယ်လို့သိရပါတယ်။ ဒါ့အပြင် Display အတွက် Sunlight Display Mode နဲ့ Reading Mode တို့လည်းပါဝင်လာခဲ့ပါတယ်။ ဖုန်းရဲ့အရှေ့ဘက်နဲ့အနောက်ဘက်ကိုတော့ 2.5D curved glass ဖြစ်တဲ့ Corning Gorilla Glass 5 နဲ့ကာကွယ်ပေးထားပါတယ်။

Processor ကိုတော့ Qualcomm® Snapdragon™ 675 11nm octa-core Kryo™ processor ကိုသုံးထားပြီး Graphics အတွက် Adreno 612 GPU လည်းတွဲဖက်ပါဝင်ပါတယ်။ 4GB RAM နဲ့ 6GB RAM ဆိုပြီး ၂ မျိုးထွက်ရှိလာမှာဖြစ်ပြီး 6GB RAM မှာတော့ 128GB internal Storage ပါဝင်လာမှာဖြစ်ပါတယ်။ Storage ပိုင်းကိုထပ်မံတိုးချဲဖို့အတွက်လည်း 512GB storage အထိတိုးချဲလို့ရတဲ့ MicroSD card slot လည်းပါဝင်မှာဖြစ်ပါတယ်။

ကင်မရာပိုင်းကိုတော့ ကျောဘက်မှာကင်မရာ ၂ လုံးပါဝင်လာပြီး Sony IMX 586 sensor ကိုသုံးထားတဲ့ f/1.79 aperture ရှိတဲ့ 48MP primary sensor နဲ့ depth sensing အတွက် 5MP secondary sensor နဲ့အတူ LED flash ကိုလည်းထည့်သွင်းပေးထားပါတယ်။ Redmi မှပထမဆုံးအကြိမ်အနေနဲ့ Redmi Note 7 Pro မှာ Al-powered Steady handheld night photography mode ( Night Mode ) ကိုလည်းထည့်သွင်းပေးထားပါတယ်။

ကင်မရာပိုင်းအတွက် EIS , All Portrait 2.0 , Studio Lighting , Studio Lighting Live Preview နဲ့ 30fps မှာရိုက်ကူးနိုင်တဲ့ 4K video recording စတဲ့ features များကိုလည်းထည့်သွင်းပေးထားပါတယ်။ ရှေ့ဘက်မှာတော့ 13MP front-facing camera နဲ့အတူ Al Beautify , Studio Lighting , Scene Detection နဲ့ Portrait Selfie အပြင်အခြား feature များကိုလည်းပါဝင်လာပါပြီး Al Face Unlock Feature လည်းပါဝင်လာပါတယ်။

Redmi Note 7 Pro မှာတော့ 3.5mm headphone Jack နဲ့ USB Type-C port တို့ပါဝင်လာခဲ့ပြီး အခြား Electronic ထုတ်ကုန်တွေကိုထိန်းချူပ်ဖို့အတွက် IR blaster လည်းပါဝင်ပါတယ်။ OS ပိုင်းကတော့ Andriod 9 Pie အခြေပြုထားတဲ့ Xiaomi ရဲ့ကိုယ်ပိုင် UI ဖြစ်တဲ့ MIUI 10 ကိုထည့်သွင်းပေးထားတာဖြစ်ပါတယ်။ ဘက်ထရီ 4000mAh ကိုမှာ 18W Quick Charge 4 fast charging support ပေးထားပြီး Redmi ရဲ့ပြောကြားချက်အရ Standby အတွက် ၁၄ ရက် , ဖုန်းပြောဆိုရန်အတွက် ၄၅ နာရီ နဲ့ Gaming အတွက် ၈ နာရီခွဲ အသုံးပြုလို့ရမယ်လို့ဆိုပါတယ်။

Redmi Note 7 Pro ကိုတော့ Neptune Blue, Nebula Red နဲ့ Classic Red ဆိုပြီး ကာလာ ၃ မျိုးနဲ့ရရှိမှာဖြစ်ပါတယ်။ အဲ့ထဲမှာမှ Neptune Blue နဲ့ Nebula Red ကတော့ gradient finish ဖြစ်ပြီး Classic Black ကတော့ Solid matte color finish ဖြစ်ပါတယ်။ ဈေးနှုန်းအတွေအနေနဲ့ 4GB RAM + 64GB Storage Model ကို ရူပီး ၁၃၉၉၉ (ဒေါ်လာ ၁၉၇ / မြန်မာငွေ ၃ သိန်းဝန်းကျင်လောက်) နဲ့ စတင် ရောင်းချမှာဖြစ်ပြီး 6GB RAM + 128GB ကိုတော့ ရူပီး ၁၆၉၉၉ (ဒေါ်လာ ၂၃၉ / မြန်မာငွေ ၃ သိန်း ၇ သောင်း) လောက်နဲ့ရောင်းချမယ်လို့သိရပါတယ်။ အိန္ဒိယမှာတော့ Redmi Note 7 Pro ရဲ့ First Sale ကို မတ်လ ၁၃ ရက်နေ့ မှာ Xiaomi ရဲ့ Online store နဲ့ Flipkart တို့မှာစတင်ရောင်းချသွားမယ်လို့လည်းသိရပါတယ်။ Snapdragon 675 SoC နဲ့ Sony IMX 586 48MP တို့အဓိက ပါဝင်တဲ့ Redmi Note 7 Pro ကိုစောင့်နေကြတဲ့သူတွေအတွက် သတင်းကောင်းပဲဖြစ်ပါတယ်။

Ref: Gizmochina

Photos: Xiaomi