fbpx

This is digital planet.

RedmiTech News

Redmi Note 7 Pro မှာ Fortnite ကိုဆော့လို့ရအောင်လုပ်ပေးတော့မဲ့ Redmi

မကြာခင်မှာထွက်ရှိလာတော့မဲ့ Realme 3 Pro မှာနာမည်ကျော် ဂိမ်းတစ်ခုဖြစ်တဲ့ Fortnite ပါဝင်လာမယ်လို့သိရပါတယ်။ Realme 3 Pro ရဲ့ အနီးစပ်ဆုံးပြိုင်ဘက်ဖြစ်လာမယ့် Redmi Note 7 Pro မှာတော့ အဆိုပါ နာမည်ကျော် Fortnite ကိုတော့ Support ပေးထားခြင်းမရှိသေးပါဘူး။ Realme အနေနဲ့ Realme 3 Pro မှာ Marketing Strategy အသစ်အနေနဲ့ Fortnite ကိုထည့်သွင်းပေးထားမယ်လို့သိရပါတယ်။


Fortnite ကို Realme 3 Pro မှာထည့်သွင်းလိုက်ခြင်းဟာ Xiaomi/Redmi အနေနဲ့ Redmi Note 7 Pro ရဲ့ရောင်းအားကိုသိသိသာသာထိခိုက်စေနိုင်တယ်လို့ယူဆနေကျပြီး Redmi Note 7 Pro မှာ Fortnite ကို ထောက်ပံ့ပေးနိုင်ဖို့ကြိုးစားလျက်ရှိနေပါတယ်။

Realme 3 Pro မှာပါဝင်မယ့် Processor ကတော့ Snapdragon 710 ဖြစ်ပြီး Redmi Note 7 Pro မှာတော့ Snapdragon 675 ကိုသုံးထားတာဖြစ်ပါတယ်။ Xiaomi India ရဲ့အကြီးအကဲ Many Kumar Jain က သူရဲ့ Twitter အကောင့်မှာ Realme 3 Pro မှာပါဝင်တဲ့ Snapdragon 710 ဟာ “one-year-old” တစ်နှစ်ကြာနေပြီးဖြစ်တဲ့ Processor ကြီးလို့ ခနဲ့သွားခဲ့ပြီး နောက်ဆုံးထွက် Snapdragon 675 က Snapdragon 710 ထက် AnTuTu Performance Score မှာ ၁၆% သိသိသာသာပိုသာနေတယ်ဆိုတာကိုဖော်ပြသွားခဲ့ပါတယ်။

Mr. Jain ရဲ့အဆိုအရ Redmi အနေနဲ့ Fornite ကို Redmi Note 7 Pro မှာထည့်သွင်းပေးဖို့ရှိတယ်ဆိုတာကိုလည်း Twitter အကောင့်မှာဖော်ပြခဲ့ပါတယ်။ Snapdragon 675 သုံးထားတဲ့ Redmi Note 7 Pro ဟာ Fortnite ကို မထောက်ပံ့ပေးနိုင်သေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နားလည်ရခက်တယ်လို့ပဲပြောရမှာ Fortnite ကိုရေးတဲ့ Epic Games ဟာ US မှာတည်ရှိတဲ့အပြင် အခြားသော အခြေအနေအမျိုးမျိုးတွေကြောင့် Snapdragon 675 မှာ ဆော့လို့ရအောင် မဆွဲဆောင်နိုင်သေးတာဖြစ်ပါတယ်။

ဒါပေမဲ့ Xiaomi/Redmi အနေနဲ့ Qualcomm နဲ့ Fortnite ရဲ့ မိခင်ကုမ္ပဏီ Epic Games တို့နဲ့ ပူးပေါင်း၍ Redmi Note 7 Pro မှာ ကစားလို့ရအောင်ဆောင်ရွယ်နေတယ်လို့လည်းသိရပါတယ်။ အကယ်၍ သူတို့ လုပ်ဆောင်မှုသာ ပြီးဆုံးသွားခဲ့ပါကာ Redmi Note 7 Pro ဖုန်းတွေမှာ Fortnite icon ကိုမြင်တွေ့ရတော့မှာဖြစ်ပါတယ်။

Ref: Gizmochina