fbpx

This is digital planet.

RedmiTech News

Redmi Note 7 Pro ရဲ့ Night Mode နဲ့ရိုက်ကူးထားတဲ့ ပုံ ထွက်ပေါ်လာ

Sony ရဲ့ IMX 586 ကို အသုံးပြုထားတဲ့ Redmi Note 7 Pro ကိုတော့မကြာခင်က အိန္ဒိယမှာမိတ်ဆက်ပေးသွားခဲ့ပါတယ်။ ဒါအပြင် တရုတ်မှာလည်း မတ်လ ၁၈ ရက်နေ့မှာမိတ်ဆက်ပေးဦးမယ်လို့သိရပြီး Redmi ရဲ့အကြီးအကဲ Lu Weibing အနေနဲ့ Redmi Note 7 Pro နဲ့ရိုက်ကူးထားတဲ့ ပုံတစ်ပုံကိုတော့ မျှဝေခဲ့ပါတယ်။ ဒီပုံကိုတော့ Dim-light အနေအထားမှာရိုက်ကူးခဲ့တာဖြစ်ပါတယ်။

အောက်ပါပုံမှာတော့ Billboard ကထွက်ရှိတဲ့ Lights နဲ့ အလှဆင်မီးလုံးများမှ အရောင်တွေကိုသဲသဲကွဲကွဲ ရှင်းရှင်းလင်းလင်းမြင်တွေ့ခဲ့ရပြီး မှောင်မိုက်နေတဲ့အောက်ဖက်မြေပြင်ကိုတော့ သေချာရှင်းလင်းစွာမြင်တွေ့ရတာဖြစ်ပါတယ်။


Redmi Note 7 မှာတော့ Samsung ရဲ့ ISOCELL Bright GM1 48MP ကိုအသုံးပြုထားတာဖြစ်ပြီး အခု Note 7 Pro မှာတော့ Samsung ရဲ့ Sensor ထက် စွမ်းဆောင်ရည် ကောင်းမွန် တဲ့ Sony IMX 586 48MP ကိုအသုံးပြုထားတာဖြစ်ပါတယ်။ ဒါအပြင် အလင်းရောင်အားနည်းတဲ့ Low-light တွေမှာကောင်းမွန်စွာရိုက်ကူးနိုင်ဖို့အတွက်လည်း Xiaomi ရဲ့ Night Mode ကိုလည်းထည့်သွင်းပေးထားတာဖြစ်ပါတယ်။

Ref: Gizmochina