fbpx

This is digital planet.

RedmiTech News

Redmi Note 8 ရဲ့ Camera configuration ပေါ် ထွက်လာ

Redmi Note 8 ဟာ Redmi Note 7 နဲ့ ယှဉ်လိုက်ရင် ကြီးမားတဲ့ ပြောင်းလဲမှုများလုပ်ပြီး ထွက်လာဖို့ရှိပါတယ်။ အပြင်ပိုင်းပြောင်းလဲမှုမှာ Rear cameras လေးခုရှိလာတာကို သင်သတိထားမိနိုင်မှာပါ။ ဒီနေ့ Redmi ရဲ့ Official Account ကနေ Redmi Note 8 ရဲ့ Camera Configuration ကိုဖော်ပြပေးခဲ့ပါတယ်။

Redmi Note 8 မှာ 48MP primary camera ကို Super wide-angle camera ၊ a depth of field camera ၊ Super macro camera နဲ့တွဲပေးလာပါတယ်။ လေးခုမြောက် Camera က ToF sensor မဟုတ်ပါဘူး။ Redmi Note 8 ရဲ့ Camera design ဟာ Redmi Note 8 Pro နဲ့ မတူပါဘူး။ Quad cameras ဟာ Note 8 Pro လို အလယ်မှာမဟုတ်ဘဲ ဖုန်းရဲ့ ဘယ်ဘက်ထောင့်မှာထားပေးထားပါတယ်။ Poster အရ အဖြူ -အပြာ နှစ်ရောင်‌‌ပြေး အရောင်ကို ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။ ပုံမှာ Fingerprint Scanner ကိုသေချာမမြင်ရပေမယ့် Back မှာ Fingerprint Scanner ပါလာမှာပါ။

Redmi Note 8 မှာ Mi CC9e နဲ့ Mi A3 မှာသုံးထားတဲ့ Snapdragon 665 processor ကိုသုံးလာမှာပါ။ August 29 မှာ Redmi Note 8 Pro နဲ့ Redmi TV စတင်မိတ်ဆက်မဲ့အချိန်မှာ Redmi Note 8 ကိုမိတ်ဆက်လာမှာပါ။

Ref: Gizmochina