fbpx

This is digital planet.

RedmiTech News

Redmi Note 8 Pro ရဲ့ Specs နဲ့ ဈေးနှုန်းများ ပေါက်ကြား

Redmi အနေနဲ့ Redmi Note 7 မှာ နာမည်အတော်ရခဲ့ပြီး ပြိုင်ဘက်တွေရဲ့ အာရုံစိုက်ချင်းကိုလည်း ခံခဲ့ရပါတယ်။ အခုအခါမှာလည်း Redmi Note 7 ရဲ့ မျိုးဆက်သစ်ဖြစ်တဲ့ Redmi Note 8 နဲ့ Note 8 Pro ဟာ August 29 မှာ မိတ်ဆက်တော့မှဖြစ်ပါတယ်။ ဒါက Redmi Note 7 ထွက်ထားပြီး တစ်နှစ်မပြည့်ခင်မှာပဲ အသစ်ထွက် Model ကိုထပ်ထုတ်တာ ဖြစ်ပါတယ်။ သတင်းတွေအရ Redmi Note 8 Pro Model မှာတော့ Camera ပိုင်းမှာ 64MP Sensor ကိုသုံးပေးထားပြီး ရိုရိုး Note 8 မှာတော့ 48MP sensor ကိုပဲဆက်လက်သုံးပေးထားပါတယ်။ SoC ပိုင်းမှာတော့ Note 8 Pro မှာ MediaTek ရဲ့ Budget Gaming Processor ဖြစ်တဲ့ Helio G90T chipset ကိုအသုံးပြုနိုင်ပြီး ရိုးရိုး Redmi Note 8 မှာ Snapdragon 665 Chipset ကို သုံးထားတယ်လို့ Xiaomi ကဖော်ပြခဲ့ပါတယ်။

အခြား Specifications ‌တွေကိုတော့ တရား၀င်ဖော်ပြထားခြင်းမရှိပေမယ့် အောက်ပါ Table မှာတော့ ပေါက်ကြားနေတဲ့ အချက်တွေကို ဖော်ပြထားပါတယ်။ ပေါက်ကြားထားတဲ့စျေးနှုန်းတွေကိုလည်း အောက်မှဖော်ပြထားပါတယ်။

Table အရ Redmi Note 8 Pro မှာ 6.53” IPS LCD Display ကိုသုံးပေးထားပြီး Resolution အနေနဲ့ 1080p+ ကို ရရှိလာမှာပါ။ Screen Protector မှာတော့ Gorilla Glass 5 ကိုသုံးပေးထားပါတယ်။ Redmi Note 7 လိုမျိုး Front Camera ပါ၀င်ထားတဲ့ teardrop notch ကို Screen ရဲ့အ‌ပေါ်ဘက်မှာတွေ့ရမှာပါ။ ဖုန်းရဲ့အလေးချိန်ကတော့ 199g ရှိပါတယ်။ (too heavy :xD)

ကျောဘက် Triple Cameras Setup မှာတော့ 64MP Samsung GW1 sensor (1/1.7”, 0.8µm pixels) ၊ 8MP ultra wide-angle camera ၊ 2MP macro camera (2cm focal distance) နဲ့ 2MP depth sensor ကိုသုံးပေးထားပါတယ်။ စုစုပေါင်း Camera ၄ လုံးပါ။ Note 8 မှာလည်းအဲ့ Setup အတိုင်းသုံးလာနိုင်ပြီး Main Camera 64MP နေရာမှာ 48MP ကိုသုံးလာမှာပါ။

Battery ပိုင်းမှာတော့ 4,500mAh ကို 18W fast charging ထိ Support ပေးထားပါတယ်။ QC 4.0+ နဲ့ Pump Express ကော Support ပေးထားပါတယ်။ Charging Port ကိုတော့ USB-C ကိုအသုံးပြုပေးထားပြီး 3.5mm headphone jack ကိုပါထည့်ပေးထားပါတယ်။

Redmi Note 8 Pro မှာ Helio G90T chipset ကို 6GB of RAM ၊ 64GB storage နဲ့ တွဲပေးထားပြီး 8GB/128GB Version ကိုပါ၀ယ်ယူလို့ရမှာပါ။ ရိုးရိုး Note 8 မှာတော့ 4GB of RAM ၊ 64GB storage ကိုပဲရရှိလာမှာပါ။ Redmi Note 8 Pro – 6/128GB ¥1,800 ၊ $250 ၊ €225 (မြန်မာငွေ လေးသိန်း၀န်းကျင်) ၊ 8/128GB ¥2,100 ၊ $295 ၊ €265 (မြန်မာငွေ လေးသိန်းခွဲ၀န်းကျင်) ၊ Redmi Note 8 4/64GB ¥1,200 ၊ $168 ၊ €150  (မြန်မာငွေ နှစ်သိန်းခွဲကျော်)

လက်ရှိမှာတော့ Xiaomi အနေနဲ့ Redmi Note 8 Pro ရဲ့ Retail box ပုံကိုပဲ တရား၀င်ဖော်ပြပေးထားပါတယ်။

Ref: GSMArena