fbpx

This is digital planet.

RedmiTech News

Redmi Note 8 Series မှာ Helio G90T Chipset အသုံးပြုလာမယ်လို့ MediaTek ကအတည်ပြု

July လကုန်လောက်တုန်းက MediaTek အနေနဲ့ gaming-centric SoC Helio G90 နဲ့ Helio G90T ကိုထုတ်ဖော်ပြသခဲ့ပြီးမကြာခင်မှာ Redmi ရဲ့အနာဂတ်ဖုန်းတွေမှာ Helio G90T ကိုသုံးလာမယ်လို့ Redmi ရဲ့ General Manager Lu Weibing က Weibo မှာတင်ပြီးဖော်ပြထားပါတယ်။ Redmi Note 8 or Note 8 Pro မှာ Helio G90T သုံးလာမယ်လို့ သတင်းတွေထွက်ခဲ့ပါသေးတယ်။ အခု MediaTek ဟာ Aug. 29 မှာထွက်ရှိတော့မယ့် Redmi Note 8 series မှာ Helio G90T ကိုသုံးလာမယ်လို့ တရားဝင် Weibo မှာတင်ပြီး အတည်ပြုပေးလိုက်ပါတယ်။

အဲ့ Poster မှာ Redmi Note 8 and Note 8 Pro နှစ်ခုစလုံးက Helio G90T ကိုသုံးလာမယ်လို့သိရပါတယ်။ သေချာတာကတော့ Redmi Note 8 Pro မှာ Helio G90T ကိုသုံးကိုသုံးလာမှာပါ။ အကြောင်းက Redmi Note 8 Pro က 64-megapixel quad camera ဖြစ်တဲ့အတွက် 64-megapixel camera ကို Support တဲ့ G90T ကိုသာတပ်ဆင်မှ အသုံးပြုလို့ရမှာပါ။

Note 8 Pro မှာ 64-megapixel camera sensor ကိုသုံးလာရင်တော့ Note 8 မှာ တစ်ခြား Chipset ကိုတွေ့လာနိုင်ပါတယ်။ MediaTek အနေနဲ့ Note 8 ကိုထောက်ခံပေးနေတာမလို့ Note 8 မှာ 48-megapixel primary lens ကို Support ပေးတဲ့ Helio G90 ကိုသုံးလာနိုင်ပါတယ်။ Note 8 နဲ့ Note 8 Pro ရဲ့ camera configurations နဲ့ processors အတွက် နောက်ထပ်သတင်းတွေကို စောင့်ဖို့ အကြံပေးပါတယ်။

Helio G90 Series chipsets တွေမှာ Smartphone နဲ့ Cellular network ကြား connectivity improved လုပ်ထားတဲ့ HyperEngine ကို Support ပေးထားပါတယ်။ Wifi Networks နှစ်ခုကို တစ်ပြိုင်နက်အသုံးပြုလို့ရမယ့် Dual Wi-Fi connection ကိုလည်း Support ပေးထားပါတယ်။ နောက်ထပ် Features တွေအနေနဲ့ Call and Data Concurrency ၊ Resource Management Engine နဲ့ Picture Quality Engine စတဲ့ Features တွေပါဝင်ထားပါတယ်။

Ref: Gizmochina