fbpx

This is digital planet.

RedmiTech News

Redmi Note 8T ပုံများ ထွက်ပေါ်လာ

Redmi Note 8 ကို စျေးကွက်ထဲ၀ယ်လို့ရနေပါပြီ။ ဒါမဲ့ ၀ယ်မဲ့သူတွေ မ၀ယ်သေးတာ ပိုကောင်းမယ်ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Redmi ရဲ့ Note 8T နဲ့ပက်သက်ပြီး အချက်အလက်တွေက Twitter မှာ ပျံနေခဲ့ပါတယ်။ Redmi Note 8 မှာ NFC မပါပါဘူး ဒါမဲ့ မျိုးဆက်သစ် Redmi Note 8T မှာတော့ NFC ပါ၀င်တယ်ဆိုတာကို ဖုန်းအပေါ်မှာ ကပ်ထားတဲ့ Sticker မှာ ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်။

ဓာတ်ပုံတွေအရ Redmi Note 8T ရဲ့ အဓိက key specs တွေကတော့ 6.3 inch ရှိတဲ့ Display ကို Gorilla Glass 5 နဲ့ အုပ်ထားတယ်။ Snapdragon 665 ပါ၀င်ပြီး 4000mAh Battery ကိုတပ်ဆင်ပေးထားတာဖြစ်ပါတယ်။ ကျောဘက်မှာ Quad-Camera Setup ကို သုံးပေးထားပြီး Macro နဲ့ Ultra Wide angle Lens တွေကို 48MP Primary Sensor နဲ့တွဲပေးထားပါတယ်။ ဒါမဲ့ ၄ လုံးမြောက် Lens ကိုတော့ Depth Sensor လား Tele လားဆိုတာတော့ Mention မလုပ်သွားပါဘူး။

Xiaomi Redmi Note 8T live images appear

နောက်ထပ်ပုံအနေနဲ့ Package ကို ဖောက်ထားတဲ့ပုံတွေကိုတွေ့ရပါတယ်။ ဖုန်း Case တွေ၊ USB Cable နဲ့ Charger တွေကို မြင့်တွေ့ရပါတယ်။ USB Cable ပေါ်မှာ ကပ်ထားတဲ့ Sticker အရ Redmi Note 8T မှာ 18W Fast Charging ပါ၀င်လာနိုင်ပါတယ်။