fbpx

This is digital planet.

SamsungTech News

Renders တွေအရ ထောင့်မှန်စတုဂံပုံ Camera setup ပါ၀င်လာမယ့် Samsung Galaxy S11

Samsung အနေနဲ့ Galaxy S11 ကိုထုတ်ပြဖို့ လအနည်းငယ်လိုသေးသော်လည်း Leakers တွေကြောင့် CAD renders‌ တွေထွက်ရှိလာခဲ့ပါပြီ။ ပထမဆုံးနဲ့ အံ့ဩဖွယ် Feature ကတော့ နောက်ဘက်က Camera Setup ပဲဖြစ်ပါတယ်။ သူ့ပုံစံဟာ ထောင့်မှန်စတုဂံပုံထဲမှာ Sensors အများကြီးပါ၀င်မယ့်ပုံပါ။ Selfie camera ဟာလည်း Galaxy Note10 ဖုန်းတွေလို Hole ပုံစံနဲ့ အလယ်ကိုရောက်သွားပါတယ်။

Samsung Galaxy S11 မှာ 6.7” screen ပါဖို့မျှော်လင့်ထားပြီး Galaxy S11e မှာတော့ 6.4” display ပါ၀င်လာနိုင်ပါတယ်။ Galaxy S11+ မှာလည်း 6.9” screen ပါ၀င်လာမယ်လို့ မျှော်လင့်ထားကြပါတယ်။ S11 ဖုန်းသုံးမျိုးလုံးမှာ 5G Versions တွေပါ၀င်လာမယ်လို့ Leaksters တွေကဆိုထားပါတယ်။

ထောင့်မှန်စတုဂံပုံစံ Camera တပ်ဆင်မှုထဲမှာ Camera လေးလုံး သို့မဟုတ် ငါးလုံးပါ၀င်လာနိုင်ပါတယ်။ 108MP main camera နဲ့ 5x zoom periscope module တို့ဟာ ထို Camera Setup ထဲမှာ ပါ၀င်လာဖို့များနေပါတယ်။

S11 ဖုန်းတွေမှာ HDR10+ support နဲ့ QHD+ ထိထောက်ပံ့ပေးမယ့် Dynamic AMOLED panels ပါ၀င်လာမယ်လို့ မျှော်မှန်းရပါတယ်။ Galaxy S11e မှာတော့ Full HD အထိပဲ ထောက်ပံ့လာနိုင်ပါတယ်။ 120Hz refresh rate Display ကောပါ၀င်လာဦးမှာပါ။ S11 မှာ Samuel ရဲ့ထုံးစံ ဈေးကွက်အများစုမှာ Exynos 990 ပါ၀င်လာမှာဖြစ်ပြီး တရုတ်နဲ့ အမေရိကန် ဈေးကွက်မှာတော့ Snapdragon 865 ကိုအသုံးပြုလာမှာပါ။

Ref: GSMArena