This is digital planet.

Tech News

၇ နှစ်အတွင်း APU နည်းပညာအပိုင်းမှာ PS4 ၊ Xbox One ထက် ပိုသာကြောင်း ပြလိုက်တဲ့ AMD

ဒီသတင်းလေးက စာဖတ်သူတွေအတွက် အံအားသင့်စရာ အချက်တချို့ ပါဝင်ကောင်း ပါဝင်မှာ ဖြစ်ပေမယ့် PlayStation 4 နဲ့ Xbox One တွေ ဆိုတာ တချိန်တုန်းက Powerful ဖြစ်ခဲ့တဲ့ Console ကြီးတွေပါ။

တစ်ခေတ်တခါ အချိန်ဆိုတာကလည်း 2013 ကာလကို ပြန်ညွန်းတာ ဖြစ်သလို ၇ နှစ်တာ ကာလကြာမြင့်ပြီးတဲ့နောက် အခုလို သတင်း ကြားသိလိုက်ရတော့ အတွေးယူစရာလည်း ရှိနေသလို နည်းပညာ တိုးတက်မှု ပြယုဒ်ကြီးက ပိုပြီး ထင်ဟပ်နေစေပါတယ်။

Renoir Desktop Processor

Image: wccftech

အခုလို လျှာနည်းနည်းလေး ရှည်ထားမှ ဖတ်လို့ပိုကောင်းမှာ ဖြစ်သလို Graphics Processing အပိုင်းမှာ သာသွားတဲ့ အကြောင်းပြချက်က 7nm ကြောင့်ပါ။

Generation Different

AMD အနေနဲ့ စွမ်းအင်ချွေတာမလား ၊ စွမ်းဆောင်ရည်တိုးမလား နှစ်သက်သလို ပြောင်းလဲနိုင်သလို Renoir 4000 Series ကို Desktop အတွက် မိတ်ဆက်လိုက်တဲ့အခါမှာတော့ PS4 နဲ့ Xbox တို့ထက် အားသာချက်ရှိလာတာကို သိလိုက်ရတာပါ။

တကယ်တမ်း PlayStation ၊ Xbox ဆိုတာလည်း AMD Brain ကိုပဲ ယူသုံးထားတဲ့ Console တွေ ဖြစ်သလို လိပ်ပတ်လည်သွားအောင် ပြောရရင် အဆိုပါ Console တွေမှာ 8-cores AMD Jaguar CPU သုံးထားပါတယ်။

PS4 & Xbox One

Image: wccftech

1.6GHz နဲ့ 1.75GHz Clock Rate အသုံးပြုထားပြီး CPU တစ်လုံးထဲကနေ 0.1 TFLOPS တွက်ထုတ်ပေးနိုင်ပါတယ်။

The Same Brain

GPU အနေနဲ့ကတော့ ကွဲပြားမှုရှိပြီး PS4 မှာ 1,152 Cores ပါဝင်တဲ့ GCN Architecture အသုံးပြု GPU သုံးထားပြီး Xbox မှာ 768 Cores ပါဝင်တဲ့ GPU အဖြစ် အသီးသီး ထွက်ရှိခဲ့တာပါ။

အဆိုပါ GPU တွေဟာ 1.84 TFLOPS နဲ့ 1.3 TFLOPS တွက်ထုတ် ပေးနိုင်ပြီး အဆင့်မြင့်တင်မှု ပြုလုပ်ထားတဲ့ Xbox One S ဟာ 1.4TFLOPS ပေးစွမ်းနိုင်ပါတယ်။ သတိချပ်စရာ တစ်ခုက PS4 နဲ့ Xbox One AMD Processor နဲ့ GPU တွေဟာ 28nm Process Nodes ပေါ်မှာ အခြေခံထားတာပါ။

AIDA64 Benchmark Result

Image: wccftech

၇ နှစ်တာကာလအတွင်း APU လို့ခေါ်တဲ့ Accelerated Processing Unit ကို စွမ်းဆောင်ရည်ပိုင်း ပိုကောင်းလာဖို့ မိတ်ဆက်ခဲ့သလို အခု စာဖတ်သူတွေ သိရှိနေတဲ့ Zen 2 Architecture မှာဆိုရင် Enhanced Vega GPU နည်းပညာလည်း ပါဝင်လာပြီ ဖြစ်ပါတယ်။

7nm Zen 2 Architecture

TSMC ရဲ့ 7nm Process နဲ့ ထုတ်လုပ်ထားတဲ့ Ryzen 4000 Series Desktop Processor တွေဟာ 8-cores CPU သုံးထားတာခြင်းအတူတူ AMD ရဲ့ Subreddit Channel တစ်ခုမှာ AIDA64 GPGPU Benchmark ကို ဖော်ပြထားပါတယ်။

အဆိုပါ Benchmark ရလာဒ်မှာ Ryzen 7 Pro 4750G ဟာ 1.1 TFLOPS (CPU) နဲ့ 2.15 TFLOPS (GPU) ရရှိခဲ့တာ တွေ့ရပါတယ်။

စုစုပေါင်း ဆိုရင်တော့ 3.25 TFLOPS ရှိမှာဖြစ်သလို Ryzen 5 Pro 4650G နဲ့ Ryzen 3 4350G တို့တတွေဟာလည်း 2.5 TFLOPS နဲ့ 1.9 TFLOPS အသီးသီး ရှိနေတာ ဖြစ်တဲ့အတွက် ယေဘူအားဖြင့် PS4 ၊ Xbox One S တို့ထက် မြန်ဆန်တယ်လို့ ယူဆနိုင်ပါတယ်။

Faster than PS4 & Xbox One

2.4GHz Clock Speed မြန်နှုန်းနဲ့ အလုပ်လုပ်တဲ့ Ryzen 7 Pro 4750G အခုလို စွာတေးလန် ဖြစ်နေတာကို Assassin’s Creed Odyssey ၊ GTA V နဲ့ Death Stranding ဂိမ်းတွေကို 1,080p Resolution မှာ စမ်းသပ်ထားတဲ့ Performance ကိုလည်း လေ့လာကြည့်နိုင်ပါတယ်။

အနှစ်ချုပ်ကြည့်လိုက်ရင် $300 ခန့်မှန်း တန်ကြေးရှိ 65W SoC လေးတစ်လုံးဟာ Console တွေ ပစ်မှတ်ထားလေ့ရှိတဲ့ 30fps Cap မှာ ကောင်းကောင်းမွန်မွန် စွမ်းဆောင်ပေးနိုင်တာကိုပဲ ချီးကျူးရမှာပါ။

တစ်ခုပဲ တွေးစရာ ရှိမှာက CPU တစ်လုံးထဲတင် 300 လောက် ပလုံနေပြီ ဖြစ်သလို PS4 နဲ့ Xbox One တို့ဆိုတာ မိတ်ဆက်တုန်းက $400 ဝန်းကျင်သာ ရှိပါတယ်။ တကယ်လို့ Ryzen 7 နဲ့ Budget Desktop ဆင်ရင်တောင် မကုန်ဘူးဆို $700 နဲ့ $800 အကြား ပြေးနိုင်ပါတယ်။

RDNA2?

ဒါပေမယ့်လည်း AMD နည်းပညာ ကျောချမ်းစရာ ကောင်းသလို RDNA Architecture ကို ဆက်ခံလာမယ့် မျိုးဆက်သစ် Graphics နည်းပညာဟာ PS4 Pro နဲ့ Xbox One X တို့ကိုပါ ကျော်တက်ပစ်မယ်လို့ ခန့်မှန်းရပါတယ်။

ဒီလို ကျေနပ်စရာ အားသာချက်တွေကြောင့် AMD ကို နှစ်ခြိုက်နေကြသလို ပြိုင်ဖက်ကြီး Intel ကနဲ့ မထိတထိလေး လုပ်ဖို့ ရှိနေပါတယ်။ သို့ပေမယ့် 7nm Chip တွေကို 2023 လောက်မှ ထုတ်နိုင်မယ် ဆိုထားလို့ Tiger Lake ၊ Rocket Lake-S တွေနဲ့ ဘယ်လို ယှဥ်မလဲက စိတ်ဝင်စားစရာ ဖြစ်နေပါပြီ။

Source: wccftech