This is digital planet.

AsusTech News

Unity ရဲ့ Verified Partner ဖြစ်လာသလို 12GB RAM နဲ့ ပေါက်ကြားလာတဲ့ ROG Phone 3

Laptops ၊ PC Components တွေနဲ့ နာမည်ကြီးလာတဲ့ ထိုင်ဝမ်နိုင်ငံ အခြေစိုက် ASUS ဟာ ကုမ္ပဏီရဲ့ တတိယမျိုးဆက် ROG Phone 3 နဲ့ တခရီးဆက်ဟန် ရှိနေပါပြီ။ ထုတ်ပြန်လိုက်တဲ့ Press Release အရ Unity ရဲ့ Verified Partner ဖြစ်လာသလို အဆိုပါ Unity Platform ဟာ မိုဘိုင်းဂိမ်းတွေ ရေးဆွဲဖန်တီးနေတာပါ။

သို့အတွက်ကြောင့် ROG စမတ်ဖုန်းဟာ Unity-based ဂိမ်းတွေအတွက် Optimized ဖြစ်လာနိုင်သလို ဖန်တီးသူ Developers အတွက်လည်း Proper Testing အတွက် အကျိုးရှိရှိ အသုံးချစေနိုင်မှာပါ။

Partnered with Unity

ASUS အဆိုရ Republic of Gamers (ROG) Brand အနေနဲ့ Unity Engine ကို Plugin SDK Software Development Kit ဖန်တီးပေးသွားမှာ ဖြစ်ပြီး ROG Phone 2 နဲ့ Phone 3 နှစ်မျိုးလုံးမှာ Unique Feature ၅ မျိုး ထောက်ပံ့ထားမယ်လို့ သိထားရပါတယ်။

ဒါကြောင့်မလို့ ROG ဖုန်းသစ် ထွက်ရှိလာမယ်လို့ အသိပေးလိုက်တာ ဖြစ်သလို အခုလို Unity နဲ့ ပူးပေါင်းမှုကတဆင့် Mobile Gaming ကဏ္ဍအတွက် တကယ့်ကို ကောင်းမွန်တဲ့ အရာတစ်ခုပါလို့ Unity China ရဲ့ General Manager ဖြစ်သူ “Junbo Zhang” ဆိုခဲ့ပါတယ်။

Unity Partner ဖြစ်လာတဲ့ အကျိုးဆက် အနေနဲ့ Game Developers တွေဟာ Unity 3D Creation Platform သုံးစွဲတဲ့အခါ ROG ဖုန်း Performance ကောင်းစေဖို့ Plugins Setup ကို သုံးစွဲခွင့်ရမှာဖြစ်ပြီး TwinView ၊ Gamepad ၊ Aura Light ၊ Refresh Rate နဲ့ Performance Boost အစရှိတဲ့ SDK တို့ ပါဝင်မှာပါ။

ROG Phone 3

ဒါကြောင့် Unity ဂိမ်းတွေဟာ ROG Phone 2 နဲ့ 3 တို့ရဲ့ စွမ်းဆောင်ရည်ပိုင်း ထိန်းချုပ်လာနိုင်သလို Add-ons Feature တွေသုံးတဲ့အခါ Gaming Experience မထိခိုက်စေဘဲ ဖန်တီးလာနိုင်မှာပါ။

ဒီလို Unity နဲ့ ပူးပေါင်းလိုက်တဲ့ သတင်းနဲ့အတူ I003DD ကုဒ်နာမည်နဲ့ GeekBench မှာ ပေါက်ကြားလာတဲ့ ROG Phone 3 ပါ။ 8GB RAM နဲ့ 12GB Variant နှစ်မျိုးနဲ့ ကျော်ဖြတ်လာတာ ဖြစ်ပြီး Snapdragon 865 SoC သုံးလာမှာက ကျိန်းသေသလောက် ရှိနေပါတယ်။

Asus ROG Phone III 12GB RAM variant surfaces on Geekbench

အခုလို သတင်းမွှေးပျံ့နေပေမယ့် Gaming ဖုန်းထွက်ရှိမယ့်ရက် ဘာညာ တစ်လုံးတလေ ဟထားတာမျိုး မရှိသေးပါဘူး။ ကောလာဟလတွေအရ ZenFone 7 ကိုလည်း ကြေညာဖွယ်ရှိနေပြီး ဇူလိုင်လအတွင်းမှာ ဗူးပေါ်သလို ပေါ်လာမယ်လို့ ခန့်မှန်းရပါတယ်။

Source: GSMArena 12