fbpx

This is digital planet.

AndroidTech News

Root Access ကို Unlock လုပ်ထားတဲ့ ဖုန်းတွေရဲ့ Android မှာ အားနည်းချက်ရှိလာ

Root Access လုပ်ဖို့ Unlock လုပ်ထားတဲ့ Google ၊ Samsung ၊ Xiaomi ၊ LG ၊ Huawei နဲ့ တစ်ခြားကုမ္ပဏီတွေရဲ့ ဖုန်းတွေကို ထိခိုက်လာတဲ့ Android အားနည်ချက်အသစ်ကို စတင်တွေ့ရှိလာပါတယ်။

အဲ့အားနည်းချက်ကို အရင်အပတ်တုန်းက Google ရဲ့ Security Group ဖြစ်တဲ့ Project Zero ကတွေ့ရှိခဲ့တာဖြစ်ပြီး တိုက်ခိုက်သူတွေဟာ အဲ့အားနည်ချက်ကို သုံးပြီး အမြတ်ထုတ်နေကြပါပြီ။ အဲ့အားနည်းချက်နဲ့ပတ်သက်ပြီး တင်ထားတဲ့ Post အရ ထိခိုက်ခံထားရတဲ့ဖုန်းအတွက် Root လုပ်ဖို့ Customization မလိုအပ်‌တော့ပါဘူး။ အဲ့လို Bug မျိုးကို အစ္စရေးအခြေစိုက် Security Software ကုမ္ပဏီတစ်ခုဖြစ်တဲ့ NSO က အသုံး‌ပြုနေတယ်လို့ ထင်မြင်ချက်တွေရှိနေပါတယ်။ သို့သော်လည်း ကုမ္ပဏီရဲ့ ပြောပိုင်ခွင့်ရှိသူကတော့ NSO ဟာ အမြတ်ထုတ်စရာတွေ ဒါမှမဟုတ် အားနည်းချက်တွေကို မရောင်းဘူးလို့ ဆိုထားပါတယ်။

အဲ့ Bug ကို 2017 December တုန်းက AOSP (Android Open Source Project) Android Kernel ရဲ့ အစောပိုင်း Versions တွေဖြစ်တဲ့ 3.18, 4.4 နဲ့ 4.9 မှာ ပြင်ဆင်ပြီးသွားပြီလို့ သတင်းပို့ထားခဲ့ပါတယ်။ ဒါပေမယ့် Versions အသစ်တွေမှာတော့ အဲ့ Bug ဟာပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်။ အောက်မှာ ထိခိုက်ခံရတဲ့ ဖုန်းတွေရဲ့ စာရင်းပါ…

  • Google Pixel 1
  • Google Pixel 1 XL
  • Google Pixel 2 running Android 9 and Android 10 preview
  • Google Pixel 2 XL
  • Xiaomi Redmi 5A
  • Xiaomi Redmi Note 5
  • Xiaomi Redmi A1
  • Huawei P20
  • Oppo A3
  • Moto Z3
  • Oreo LG phones
  • Samsung Galaxy S7
  • Samsung Galaxy S8
  • Samsung Galaxy S9

အဲ့အားနည်းချက်ကို သက်ဆိုင်တဲ့ နယ်ပယ်မှာ အကျိုးရှိရှိအသုံးချဖို့လိုအပ်နေပါတယ်။ အဲ့အတွကက် Users တွေအနေနဲ့ မယုံရတဲ့ Sources တွေကနေ apps တွေကို Download မလုပ်သင့်ပါဘူ။ အပေါ်အားနည်းချက်တွေ ပြင်ဆင်ပြီးပြီးလို့ သတင်းရမှသာ Download လုပ်သင့်ပါတယ်။

Ref: Gizmochina