This is digital planet.

Tech NewsSamsung

S10 မှာပါဝင်လာမယ့် In-display Fingerprint reader ဟာ screen protectors တွေနဲ့အလုပ်မလုပ်ကြောင်းတွေ့ရှိ

Zawgyi




(Unicode)

အခုနောက်ဆုံးထွက်ပေါ်လျက်ရှိတဲ့ ကောလဟာလ တွေအရ Samsung ရဲ့နောက်ထွက်မယ့် Galaxy S10 series ဖုန်းမှာပါဝင်မယ့် In-display fingerprint reader ဟာ အပေါ် Screen ကာကွယ်တဲ့မှန်ကပ်တွေနဲ့အလုပ်မလုပ်ဖူးလို့သိရပါတယ်။

Galaxy S10 နဲ့ Galaxy S10+ မှာပါဝင်မယ့် In-display fingerprint tech အသစ်ဟာ Ultrasonic fingerprint နည်းပညာ ဖြစ်တယ်လို့ယုံကြည်ရပြီး ဒီ Technology အနေနဲ့လက်ရှိ Fingerprint နည်းပညာတွေထဲမှာ အမြန်ဆုံး နဲ့အတိကျဆုံးလို့ဆိုပါတယ်။ သို့ပေမယ့် အောက်က Tweet အတိုင်းသာဆိုရင်တော့ User တွေအတွက် နဲနဲတော့ စိတ်ဓာတ်ကျစရာပါပဲ။

Leaker တစ်ဦးဖြစ်တဲ့ Armadilotek က Galaxy S10 မှာပါဝင်တဲ့ Fingerprint Scanner ကိုစမ်းသပ်မှုအပြီးမှာတော့ Screen Protector တွေဟာ ဒီ Ultrasonic နည်းပညာသုံးထားတဲ့ In-Display Fingerprint Scanner ရဲ့လုပ်ဆောင်မှုတွေကိုတားဆီးနေတယ်လို့ဆိုပါတယ်။ ဒီအတိုင်းသာဆိုရင် Samsung အနေနဲ့လည်း In-house Screen Protector တွေကိုပါ ထုတ်လုပ်ရနိုင်ခြေရှိနေပါတယ်။

 

Source