fbpx

This is digital planet.

SamsungTech News

S11 Series အတွက် Samsung ရဲ့ ကိုယ်ပိုင် “Bright Night” camera sensor

အခုရက်မှာ Samsung Galaxy S11 နဲ့ပတ်သက်ပြီး Leaks တွေတော်တော်များများထွံက်လာနေပါတယ်။ အခုမှာတော့ European Union Intellectual Property Office (EUIPO) မှာတင်ထားတဲ့ မူပိုင်ခွင့်တစ်ခုထွက်လာခဲ့ပါတယ်။ ‌မူပိုင်ခွင့်မှာဖော်ပြထားတာက “Bright Night” လို့ခေါ်တဲ့ Camera sensor အသစ်ဖြစ်ပြီး Smartphones နဲ့ tablets တွေမှာအသုံးပြုလာမယ်လို့ ဖော်ပြထားပါတယ်။ ထို Sensor ဟာ S11 Series မှာပါ၀င်လာမယ့် Night time photography နဲ့ videos တွေအတွက် Sensor အသစ်ဖြစ်လာမှာပါ။

Bright Night Sensor patent details

Samsung ဟာ “Bright Night” ကို S10 နဲ့ Note10 series တို့မှာ Night mode အနေနဲ့အသုံးပြုပြီးဖြစ်ပါတယ်။ ဒါပေမယ့် အခုဟာက hardware feature ကဲ့သို့ မှတ်ပုံတင်ပြုလုပ်ဖို့ စီစဉ်နေတာပါ။ ကျွန်တော်တို့အနေနဲ့ S11 နဲ့ S11+ Camera setups တွေရဲ့ Renders တွေကို တွေ့ခဲ့ပြီးဖြစ်ပါတယ်။ Renders ‌တွေအရ ထောင့်မှန်စတုဂံပုံထဲမှာ 108MP main shooter နဲ့ 5x optical zoom ရတဲ့ Periscope module တို့ပါလာမယ့် Cameras ငါးလုံးပါ၀င်လာမှာ ဖြစ်ပါတယ်။

Samsung trademarks new “Bright Night” camera sensor for S11 series

S11 models အသစ်သုံးမျိုးလုံးမှာ Laser autofocus ပါ၀င်လာမှာဖြစ်ပြီး 8K video recording အထိရိုက်နိုင်ဦးမှာပါ။ S11 beta code မှာထွက်လာတဲ့ Leaks တွေအရ Director’s View ၊ Night Hyperlapse ၊ Single Take Photo နဲ့ Vertical Panorama စတဲ့ Modes အသစ်တွေပါ၀င်လာမှာပါ။ အဲ့အတွက် Samsung ဟာ သူတို့ရဲ့ Flagship ဖုန်းတွေရဲ့ Camera ပိုင်းမှာ ကျော်လွန်အောင်လုပ်ဖို့ ပြုလုပ်နေတယ်ဆိုတာ သေချာနေပါတယ်။

Ref: GSMARENA