fbpx

This is digital planet.

Tech NewsSamsung

S20 Series နဲ့ Galaxy Z Flip တို့ကို တရား၀င်မိတ်ဆက်လိုက်ပါပြီ

ဒီနေ့ San Francisco မှာကျင်းပခဲ့တဲ့ Samsung Unpack Event မှာ Samsung ကတော့ အားလုံးစောင့်မျှော်နေကြတဲ့ S20 Series ကိုတရား၀င်မိတ်ဆက်လိုက်ပြီပဲဖြစ်ပါတယ်။ S20 Series အတူ Z Flip Foldable ဖုန်းကိုပါမိတ်ဆက်ခဲ့ပါတယ်။ S20 Series ထဲမှာ အားလုံးသိပြီးတဲ့အတိုင်း S20 ၊ S20 Plus ၊ S20 Ultra တို့ပါ၀င်ပါတယ်။

Samsung Galaxy S20 Series Design

S20 Series မှာအဓိက‌ပြောင်းလဲလာတာကိုပြောရရင် သူ့ရဲ့ Design ကို စ‌ပြောရမှာပါ။ အရင်က S10 Series နဲ့မတူတဲ့ Design ကိုတွေ့ရမှာပါ။ အခု S20 မှာ အရင်က S10 Series လို ဖုန်းရဲ့နောက်ဘက်မှာ အလျားလိုက်တပ်ဆင်ထားတဲ့ ကင်မရာမျိုးမဟုတ်တော့ဘဲ ထောင့်မှန်စတုဂံပုံစံ အနောက်ကင်မရာကို တပ်ဆင်ပေးထားပါတယ်။

Selfie Camera အတွက်ဖုန်းရဲ့ Screen အပေါ်တည့်တည့်မှာထည့်ထားတဲ့ Punch-hole တစ်ခု S10 Series မှာ Punch-hole Cameras တွေကို ဖုန်းရဲ့ Screen ညာဘက် အပေါ်ထောင့်မှာ တပ်ဆင်ထားတာကိုတွေ့ခဲ့ရပါတယ်။ S20 Series မှာတော့ Samsung Galaxy Note 10 Series မှာလို ဖုန်း Screen အလည်တည့်တည့်မှာတပ်ဆင်ထားတဲ့ Punch-hole Camera ကိုတွေ့ရမှာပါ။

Image result for galaxy s20 series

S20 Series ရဲ့ Volume ခလုတ်နဲ့ ပါဝါခလုတ်တွေအားလုံးဟာ ဖုန်းရဲ့ ညာဘက်မှာပါ၀င်တာကိုတွေ့ရမှာပါ။ ‌အရင်က Bixby button ဟာ S10 Series ဖုန်းတွေရဲ့ ဘယ်ဘက်မှာပါခဲ့သော်လည်း အခု S20 Series မှာတော့ Bixby Button မပါတော့ပါဘူး။ စိတ်မကောင်းစွာနဲ့ပဲ Galaxy S20 Series ဟာ Samsung ရဲ့ လူ့ကြိုက်များတဲ့ S Series တွေထဲမှာ ပထမဆုံး 3.5mm Headphone Jack မပါတဲ့ Series ဖြစ်လာပါတယ်။ Samsung Galaxy S20 ရဲ့ ရှေ့ဘက်မှာ Gorilla Glass 6 နဲ့ကာကွယ်ပေးထယး ဖုန်းရဲ့နောက်ဘက်မှာတော့ Stainless Steel Design ကိုသုံးပေးထားပါတယ်။

Display

S20 Series အားလုံးမှာ 3200×1400 Pixels Resolution ရှိတဲ့ Dynamic AMOLED Display ကိုသုံးပေးထားပါတယ်။ S20 ဟာ 6.2 လက်မ ၊ S20+ ဟာ 6.7 လက်မ နဲ့ S20 Ultra ကတော့ 6.9 လက်မဆိုပြီး အသီးသီးရှိကြပါတယ်။ ဖုန်းအားလုံးမှာ မျှော်လင့်ထားတဲ့အတိုင်း 120Hz Refresh Rate ကိုထောက်ပံ့ပေးထားပါတယ်။

Image result for galaxy s20 series

Camera ပိုင်းမှာတော့

S20 မှာ 12MP Main Camera၊ 48MP Telephoto Camera နဲ့ 12MP Wide Camera

S20+ မှာ 12MP Main Camera၊ 64MP Telephoto Camera၊ 12MP Ultra Wide Camera ၊ နဲ့ ToF Sensor

S20 Ultra မှာ တော့ 108MP AI Main Camera  48MP 10x Telephoto Camera၊ 12MP Ultra Wide Camera ၊ နဲ့ ToF Sensor ဆိုပြီး အသီးသီးတပ်‌ဆင်ပေးထားပါတယ်။ ထို‌ကင်မရာတွေကို ထောင့်မှန်စတုဂံပုံစံ Camera Setup ကို‌တွေ့ရမှာပါ။

Image result for galaxy s20 series

S20 နဲ့ S20+ မှာတော့ 3× Optical Zoom နဲ့ 30x Digital Zoom ကိုထောက်ပံ့ပေးထားပြီး S20 Ultra မှာတော့ 10× Optical Zoom နဲ့ 100x Digital Zoom (Space Zoom)ကိုထောက်ပံ့ပေးထားပါတယ်။ (အရမ်းကိုကြမ်းနေပြီ :3) S20 Ultra ရဲ့ 108MP Camera သာ 108MP ပုံ တွေကိုထုတ်ပေးမှာမဟုတ်ဘဲ Nonacell လို့ခေါ်တဲ့ Pixel တစ်ခုကို တစ်ခုတည်းအဖြစ်ပေါင်းပေမယ့် နည်းပညာကိုသုံးကာ 12MP ပုံတွေကိုသာထုတ်ပေးလာမှာပါ။ အဲ့အတွက် 12MP ပုံတွေဟာ ကြီးတဲ့ Pixels တွေရှိတာမလို့ Low Light ပုံတွေမှာတော်တော်လေးကောင်းလာမှာပါ။

Camera ထဲမှာပါလာတဲ့ Quick Talk ဆိုတဲ့ Features အသစ်ဟာ Cameras အားလုံးကို တစ်ချိန်ထဲမှာအသုံးပြုပြီး ပုံတွေကိုရိုက်ပေးမှာပဲဖြစ်ပါတယ်။ ဆိုလိုတာက ရိုးရိုပုံလည်းရ ၊ Zoomed ပုံလည်းရ ပြီး Ultra-Wide ပုံပါတစ်ခါတည်းရလာမှာပါ။ Features တွေအနေနဲ့ကတော့ Directors View Mode ၊ AI နဲ့ Mode မျိုးစုံရိုက်ပေးနိုင်မယ့် Single Take Photo ၊ Video ရိုက်နေချိန်မှာ ISO တွေ Exposure တွေကို DSLR Cameras တွေလိုထိန်းညှိလို့ရမယ့် Samsung Pro Video Mode နဲ့ Live Focus Bokeh Effects အသစ်တို့ပါလာပါတယ်။

Image result for galaxy s20 series

Videos ပိုင်းမှာတော့ ဖုန်းသုံးလုံးစလုံးမှာ 30fps 8K Video Recording အထိထောက်ပံ့ပေးထားပါတယ်။ ဖုန်းတွေရဲ့ Screen အလည်တည့်တည့်မှာတပ်ဆင်ထားတဲ့ Punch-hole Selfie Camera အတွက်‌ကတော့ S20 နဲ့ S20+ မှာ 60fps 4K Video Recording ရတဲ့ 10MP Camera ပါပြီး S20 Ultra မှာတော့ 40 MP Wide Camera ပါ၀င်ပါတယ်။ သူ့မှလည်း 60fps 4K Video Recording ရပါတယ်။

S20 Series Specifications And Features

S20 Series မှာ Region အလိုက်အပေါ်မူတည်ပြီး Snapdragon 865 Chipset နဲ့ Samsung Exynos 990 Chipset ကိုသုံးပေးထားပါတယ်။ ဖုန်းသုံးလုံးစလုံးဟာ အနည်းဆုံး LPDDR5x RAM 12GB ကနေစတင်ထွက်ရှိလာပြီး Internal Storage ကိုတော့ 128GB/256GB/512GB ကြားရွေးချယ်၀ယ်ယူနိုင်မှာပါ။ SD Card ထပ်စိုက်ချင်တံ့သူတွေအတွက် 1TB SD Card အထိစိုက်လို့ရမှာပါ။ Software ပိုင်းမှာ Android 10 ကိုအခြေခံထားတဲ့ OneUI 2.0 ကိုမောင်းနှင်ပေးထားပါတယ်။

ဖုန်းသုံးလုံးစလုံးမှာ Apple’s Face ID လို 3D Dacial Recognition Feature ပါ၀င်ပြီး Ultrsonic In-Display Fingerprint ပါ၀င်လာပါတယ်။ အဲ့အပြင် Waterproof/Dust Proof ဖြစ်တဲ့ IP 68 Rating ကောပါလာပါတယ်။

Battery ပိုင်းမှာတော့ S20 မှာ 4,000 mAh Battery ၊ S20+ မှာ 4,500 mAh Battery နဲ့ S20 Ultra မှာ 5,000 mAh ဆိုပြီး အသီးသီးပါ၀င်လာပါတယ်။ Galaxy Note 10 Series ကလိုပဲ ဖုန်းသုံးလုံးစလုံးမှာ 45W Fast Charging ၊ 15W Wireless Charging နဲ့ Power bank/Reverse wireless charging 9W ကိုထောက်ပံ့ပေးထားပါတယ်။ Audio ပိုင်းမှာ Dolby Atmos ထောက်ပံ့ပေးထားတဲ့ Stereo Speakers တွေကိုတပ်ဆင်ပေးထားပါတယ်။ Samsung S20 Series မှာ S20 Ultra ကလွှဲ၍ 4G Version နဲ့ 5G Version ဆိုပြီးထွက်လာပါတယ်။

ဈေးအနေနဲ့ကတော့

Samsung S20 5G ဟာ $999 (မြန်မာငွေ ၁၅ သိန်း၀န်းကျင်) ၊ Samsung S20+ 5G $1199 (မြန်မာငွေ ၁၈ သိန်း၀န်းကျင်) နဲ့ Samsung S20 Ultra 5G ကတော့ $1399(မြန်မာငွေ သိန်း ၂၀ ကျော်) ကနေစပြီးရှိလာပါတယ်။ အရောင်အနေနနဲ့ကတော့ Cosmic Black, Cosmic Gray နဲ့ Cloud Blue ဆိုပြီးသုံးရောင်ထွက်ရှိလာပါတယ်။ ဖုန်းအားလုံးဟာ March လ 6 ရက်နေ့မှသာစတင်၀ယ်ယူလို့ရလာမှာပါ။

Samsung Galaxy Z Flip

Samsung ရဲ့နောက်မျိုးဆက်သစ် Foldable ဖုန်းဖြစ်တဲ့ Z Filp ကတော့ ကျွန်တော်တို့ အရင်ကတွေ့ဖူးတဲ့ ခေါက်ချိုးဖုန်းပုံစံနဲ့ ထွက်ရှိလာပါတယ်။  ခေါက်ချိုးဖုန်းပုံစံ Galaxy Z Flip ရဲ့ အတိုင်းအတာဟာ ခေါက်ထားတဲ့အခြေအနေမှာ 87.4 x 73.6 x ~17.3mm ရှိပြီး ဖုန်းကိုဖြန့်ထားရင်တော့ 167.9 x 73.6 x ~7.2mm ရှိပါတယ်။ ဖုန်းရဲ့ အလေးချိန်အနေနဲ့ကတော့ 183 Grams လေးပါတယ်။ ဖုန်းရဲ့နောက်ဘက်ကို Gorilla Glass 6 နဲ့ကာကွယ်ပေးထားပါတယ်။

Galaxy Z Flip ကိုဖြန့်ထားတဲ့အခြေအနေမှာ 6.7 လက်မရှိတဲ့ Super AMOLED Dynamic screen ကို‌သုံးထားတာတွေ့ရပြီ ထို Screen ဟာ 1080 x 2636 full HD+ resolution ပေးနိုင်ပြီး Aspect ratio 22:9 ရှိပါတယ်။ ဖုန်းရဲ့ Infinity-O notch screen ဟာ။ HDR10+ နဲ့ Always-On Display စတဲ့ Features တွေကိုထောက်ပံ့ပေးထားပါတယ်။ ဖုန်းကိုခေါက်လိုက်တဲ့အ‌ခြေအနေမှာတော့ 300 x 116 pixels ရှိတဲ့ Super-AMOLED Display ကိုတွေ့ရမှာပါ။ ထို Display ကနေ Notifications တွေကိုကြည့်နိုင်မှာပါ။ Z Flip မှာ laptop လိုခေါက်နိုင်တဲ့ Flex Mode ပါပါတယ်

Galaxy Z Flip မှာ 12MP Main Camera နဲ့ 12MP Ultrawide Camera တို့ပါတဲ့ Dual Camera Setup ကိုတပ်ဆင်ပေးထားပြီး ထို Dual Cameras Setup ထဲမှာ LED flash ၊ Dal pixel autofocus ၊ OIS နဲ့ 60fps 4K video recording စတဲ့ Features တွေပါ၀င်ပါတယ်။ ဖုန်းကိုဖြန့်ထားလိုက်ရင် တွေ့ရမယ့် Selfie Camera မှာတော့
Autofocus ၊ Voice control နဲ့ 30fps 4K video recording စတဲ့ Features တွေပါတဲ့ 10‌MP Hole Punch Selfie Camera ကိုတပ်ဆင်ပေးထားပါတယ်။

Galaxy Z Flip မှာ 8GB RAM နဲ့အတူ Snapdragon 855+ Chipset နဲ့အားဖြည့်ပေးထားပါတယ်။ Storage မှာ 256 GB UFS 3.0 built-in storage ပါ၀င်ပါတယ်။ ဖုန်းမှာ စုစုပေါင်း 3,300mAh ရှိတဲ့ Battery နှစ်ခုပါ၀င်ပါတယ်။ ထို Z Flip ရဲ့ Battery ဟာ 15W rapid charging နဲ့ 9W wireless charging ကိုထောက်ပံ့ပေးထားပါတယ်။

Samsung ရဲ့ One UI နဲ့အတူ Android 10 OS တို့ကို Z Filp မှာတစ်ခါတည်း‌ထည့်ပေးထားပါတယ်။ ဖုန်းရဲ့ Security ပိုင်းအတွက် ဘေးဘက်မှာထည့်ထားတဲ့ Fingerprint နဲ့ Face Recognition တို့ပါ၀င်ထားပါတယ်။ ဖုန်းမှာ Dolby Atmos နဲ့ အားဖြည့်ပေးထားတဲ့ Stereo Seakers ကိုတပ်ဆင်ပေးထားပါတယ်။

Connectivity ပိုင်းမှာတော့ VoLTE ၊ Wi-Fi 6၊ NFC ၊ Bluetooth 5.0 နဲ့ USB-C တို့ပါ၀င်ပါတယ်။ ဖုန်းမှာ microSD card slot ၊ 3.5mm audio jack နဲ့ 5G support ပေးလာခြင်းမရှိပါဘူး။ Galaxy Z Filp ရဲ့ဈေးကတော့ ဒေါ်လာ ၁၆၅၈ ရှိပြီး Users တွေအနေနဲ့ Mirror Purple ၊ Mirror Black နဲ့ Mirror Gold ဆိုပြီး ရွေးချယ်၀ယ်ယူနိုင်မှာပါ။ ဖုန်းဟာ February 14 မှာ စတင်ရောင်းချလာတော့မှာဖြစ်ပြီး ဈေးကတော့ မြန်မာငွေသိန်း 20 ၀န်းကျင်မှာရှိပါတယ်။