This is digital planet.

SamsungTech News

Display အကောင်းဆုံး စမတ်ဖုန်းဖြစ်လာတဲ့ Galaxy S20 Ultra

ကမ္ဘာ့အကောင်းဆုံး Display Manufactuer တစ်ယောက်လို့ ခေါ်ဆိုသမုတ်ခံရတဲ့ Samsung ၊ ဒီတစ်ခါမှာလည်း အရည်သွေးကို တိုင်းတာဆုံးဖြတ်ပေးတဲ့ DisplayMate က S20 Ultra ကို အကောင်းဆုံး Display ပိုင်ဆိုင်ထားတဲ့ စမတ်ဖုန်းလို့ ပြောလိုက်ပါပြီ။

အကောင်းဆုံး အဓိပ္ပာယ်ဆိုတာက စံနမူနာ အရည်သွေးနဲ့ ထပ်တူလုနီးပါး ပြည့်စုံတယ်လို့ ပြောချင်တာဖြစ်ပြီး နည်းပညာဆိုစကားအရဆိုရင်တော့ A+ Grade ဒါမှမဟုတ် Visually Indistinguishable လို့ သိထားနိုင်ပါတယ်။

Galaxy S20 Series

image Credit: CNet

ဆိုတော့ S20 စီးရီးတွေမှာ အသုံးပြုထားတဲ့ Dyanmic AMOLED 2X Panel ဟာ စမ်းသပ်စစ်ဆေးမှုတစ်ခုလုံးရဲ့ အသက်သွေးကြောဖြစ်နေခဲ့တယ်။

Galaxy S20 Ultra

စာဖတ်သူတွေ သိထားတဲ့အတိုင်း 1440 x 3440 Resolution ရှိတယ်၊ 120Hz Refresh Rate ထောက်ပံ့တယ်။ ဒီအချက်တွေဟာ Display Panel ရဲ့ ဖြည့်စွက်ချက် နောက်တနည်းပြောရရင် အားသာချက်တွေပါ။

DisplayMate စမ်းသပ်မှုတွေမှာ ဒီအချက်တွေနဲ့ တိုက်ရိုက်မသက်ဆိုင်ဘူးဆိုပေမယ့် Brightness ၊ Colour Accuracy ၊ Contrast ဒီအချက်တွေကို လေ့လာကြည့်လိုက်တဲ့အခါ အထင်ကြီးစရာ ဖြစ်စေခဲ့ပါတယ်။

S20 Ultra

Image: Samsung

လက်ရှိအချိန်မှာ အရောင်သွေးတိကျမှန်ကန်မှုအပိုင်းမှာ အမြင့်ဆုံးရှိနေပြီး စက်ရုံမှာစထုတ်ကတည်းက Precision Factory Calibration ကောင်းတယ်လို့ ချီးမွမ်းထားပါတယ်။

ဒါပြီးသွားရင် Image Contrast Accuracy ၊ Full Screen Brightness ၊ Peak Display Brightness (အမြင့်ဆုံး ထောက်ပံ့နိုင်တဲ့ အလင်းအား) ဒီအချက်တွေကိုပါ သုံးသပ်ပြီး ကောင်းမွန်တဲ့ ရလာဒ်ထွက်လာတဲ့အတွက် S20 Ultra ကို

“Text Book Perfect Accuracy and Performance”

လို့ ပြောခဲ့ပါသေးတယ်။ ပြောရင်တော့ S20 Ultra Display ဟာ ပုံနှိပ်ထားသလိုပဲ အရောင်သွေးမှန်ကန်မှုနဲ့ တိကျမှုတွေမှာ လက်တွေ့နဲ့ ခွဲခြားဖို့ မလွယ်ဘူးလို့ ပြောချင်တာပါ။

S20 Series

image: Samsung

အခုလို အကောင်းဆုံး Display ဖြစ်လာတာနဲ့ ပတ်သက်လို့ စာဖတ်သူတွေ နားလည်ထားဖို့က S20 Ultra မှာမှ A+ Grade ရရှိတာ မဟုတ်ပါဘူး။ A+ ဆိုတာကလည်း စာသံ၊ ပေသံနဲ့ ပြောရင် အကောင်းဆုံးလို့ ရည်ညွန်းသလို အတန်းထဲမှာ ကိုယ့်လိုပဲ ကျွမ်းကျင်သူတွေ ရှိတတ်ပါတယ်။

Best OLED Manufacturer

၂၀၁၉ မှာ Pixel 4XLGalaxy Note10+ နဲ့ Galaxy S10+ ဖုန်းတွေလည်း A+ အဆင့်နဲ့ ကျော်ဖြတ်ခဲ့တာဖြစ်တဲ့အတွက် ဘယ်လိုပဲပြောပြော အကောင်းဆုံး OLED Panel တွေကို Samsung ဆက်ထုတ်နေမှာပါ။

Pixel 4XL

S10+ နဲ့ယှဥ်လိုက်ရင် Screen အရွယ်စားပိုကြီးသွားပြီး Resolution မဆိုစလောက် ပိုများလာတယ်၊ 120Hz ဖြစ်သွားတယ်၊ အလင်းအားကောင်းတဲ့ အပြင်မှာသုံးရင် Brightness ပိုထုတ်နိုင်တာလွဲလို့ ဖုန်း ၂ လုံးရဲ့ Display Quality အတူတူပဲလို့ သိရပါတယ်။

ထပ်ကွန့်ရရင် ၂၀၂၀ နှစ်လယ်ပိုင်းမှာ မိတ်ဆက်လာမယ့် Galaxy Note စမတ်ဖုန်းသစ်က စံချိန်ရိုက်ချိုးဦးမယ်၊ ဒီလိုပဲ Samsung Panel သုံးထားမယ့်ဖုန်းတွေက ပိုသာအောင် ကျော်တက်ကြဦးမယ်။ စျေးကွက်ထဲမှာ Research အားကောင်းပြီး အကောင်းဆုံး OLED Panel ထုတ်နေသရွေ့ကတော့ DisplayMate တယောက် မမောမပန်း ချီးမွမ်းနေရဦးမှာပါ။

Source: Gadgets 360