fbpx

This is digital planet.

HuaweiTech News

Samsung ကိုကျော်တက်ဖို့ အစီအစဉ်တစ်ချို့ကို ချပြလိုက်တဲ့ Huawei

ကမ္ဘာစမတ်ဖုန်းလောက ရဲ့ အင်းအားကြီး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Huawei ဟာ ရောင်းအားအကောင်းဆုံး စမတ်ဖုန်းကုမ္ပဏီစာရင်းမှာ ဒုတိယနေရာကိုရယူထားကာ Samsung ဦးဆောင်ထားတဲ့ အဆင့် ၁ နေရာကိုရယူဖို့ကြိုးစားလျက်ရှိနေပါတယ်။ အဆိုပါ ထိပ်ဆုံး နေရာတွေကိုအသီးသီးရယူထားတဲ့ ကုမ္ပဏီကြီး ၂ ခုဟာ Foldable Devices တွေနဲ့ နှစ်စမှာပဲ ပြိုင်ဆိုင်မှုပြင်းထန်နေခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်။

Huawei ရဲ့ CEO ဖြစ်တဲ့ Richard Yu အနေနဲ့ German သတင်းစာတစ်ခုဖြစ်တဲ့ De Welt နဲ့အင်တာဗျူးတစ်ခုမှာ Huawei ရဲ့အနာဂတ် အစီအစဉ်တချို့ကိုထုတ်ဖော်ပြောဆိုပါသွားခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ Huawei ဟာ Samsung ရဲ့နေရာကိုရယူဖို့ပစ်မှတ်ထားနေတဲ့အကြောင်းကိုပြောကြားသွားခဲ့ပါတယ်။ Yu ရဲ့ပြောကြားချက်အရ Samsung ရဲ့ပထမနေရာ ဟာနောက်နှစ်အထိသာဖြစ်တယ်ပြီး ကျနော်တို့အနေနဲ့ များစွာလိုက်မှီဖို့အလွန် နီးကပ် နေပြီးလို့ဆိုပါတယ်။

ဆက်လက်ပြီး တီထွင်ဆန်းသစ်မှုအကောင်းဆုံးဖြစ်တဲ့ Apple ရဲ့မမိတ်ဆက်ရသေးတဲ့ Foldable Device ထက်တောင်မှ သူတို့ရဲ့အနေနဲ့သာလွန်အောင် ဖန်တီးနိုင်တယ်လို့ပြောဆိုခဲ့ပါပြီး Mate X နဲ့ပက်သက်၍ MWC 2019 ရဲ့ဈေးအကြီးဆုံးတစ်ခုဖြစ်တဲ့ Mate X ဟာ ဈေးအကြီးဆုံးဖုန်းဖြစ်တယ်လို့မဆိုနိုင်ဘူးလို့ပြောဆိုခဲ့ပြီး Foldable ဖုန်းတွေထဲက ရှေ့ပြေးဖြစ်ခဲ့တဲ့ ဒီဖုန်းရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက် ဈေးကြီးလွန်းတယ်လို့ဝေဖန်နေကြတာကိုနားမလည်နိုင်အောင်ဖြစ်မိတယ်လို့လည်းပြောကြားခဲ့သည်။ နောက်လာမယ့် ၁ နှစ် ၂ နှစ်အတွင်းမှာ Huawei အပြင် အခြားစမတ်ဖုန်းထုတ်လုပ်သူတွေအနေနဲ့လည်း ယူရို ၁၀၀၀ (၁၇ သိန်း) ထက်လျော့နည်းတဲ့ ပမာဏနဲ့ထွက်ရှိလာဖွယ်ရှိနေပြီး အချို့ ကုမ္ပဏီတွေအနေနဲ့ ယူရို ၅၀၀ (၈ သိန်း) အောက်လျော့နည်းနဲ့ ပမာဏ နဲ့ Foldable device တွေကိုထုတ်လုပ်နိုင်တယ်လို့လည်းမှတ်ချက်ပြုပြောဆိုခဲ့ပါတယ်။

Richard Yu အနေနဲ့ နောက်ထပ်နှစ်အနည်းငယ်အတွင်းမှာ Foldable ဖုန်းတွေဟာ စံတစ်ခုဖြစ်လာလိမ့်မယ်လို့ပြောဆိုခဲ့ပြီး သူအနေနဲ့ နောက်ပိုင်းမှာတော့ Display ရဲ့အရွယ်အစားဟာ 100-inch မှ 200-inch အတွင်းတောင် ရှိလာလိမ့်မယ်လို့ယုံကြည်ကြောင်းပြောဆိုသွားခဲ့ပါတယ်။ စဉ်းစားကြည့်ရင် သူရဲ့ယုံကြည်မှုဟာ ခုချိန်မှာ လက်တွေ့မဆန်လှပေမယ့် ရိုးရိုးဖုန်းရဲ့ Display တွေနေရာမှာ Virtual Display တွေသုံးလာဖို့ကို အရိပ်အမြွက်ပြောသွားတာလားဆိုတာ စဉ်းစားစရာပါ။ Huawei ကိုယ်တိုင်ကလည်း လက်ရှိမှာ AR Glasses တွေကိုထွက်ရှိဖို့ကြိုးစားနေပြီး နောင် ၅ နှစ်မတိုင်ခင်မှာထွက်ရှိဖို့ကိုကြိုးစားနေတာကြောင့် မကြာတော့တဲ့အနာဂတ်မှာ Virtual Display တွေနဲ့အတူ Mobile Technology ဟာ တစ်ခေတ်ဆန်းသစ်လာဦးမလားဆိုတာကတော့ စောင့်ကြည့်ကြရမှာပါ။

Ref: Gizmochina