fbpx

This is digital planet.

HonorHuaweiSamsung

Samsung ကို လျှာထုတ်ပြသော Huawei

Apple နဲ့ပတ်သက်ရင် Ingenius လိုခေါင်းစဉ်နဲ့ Series လိုက် သရော်ခဲ့တဲ့ Samsung အနေနဲ့ ဝဋ်ပြန်လည်တယ်ဆိုရမလားပဲ။ Galaxy S10 Series ထွက်ရှိပြီး မကြာခင်မှာပဲ Huawei ရော Honor ဘက်ကပါ မထိတရိ လှမ်းစသံတွေ ခပ်သဲ့သဲ့ကြားလာရပါတယ်။

Galaxy S10 နဲ့ 10 Plus မှာပါဝင်လာတဲ့ Triple Camera Set up နဲ့ပတ်သက်ပြီး Huawei ဘက်က “မင်းက အခုမှ Triple Camera Club ကို ရောက်လာချိန်မှာ ငါတို့က ထိပ်ဆုံးနေရာကို ယူထားပြီးပြီ” ဆိုတဲ့စာသားနဲ့အတူ Mate 20 Pro ကို အသားပေးကြော်ငြာသွားခဲ့တယ်။

Huawei ဘက်ကတုန့်ပြန်မှုဟာ ဒီလောက်နဲ့တင် ရပ်မသွားခဲ့ပါဘူး။ Huawei ရဲ့ Sub-brand ဖြစ်တဲ့ Honor အနေနဲ့လည်း သူတို့ရဲ့ Twitter ကနေ “Punch Club (Punch Hole Selfie Camera) ကနေ ကြိုဆိုပါတယ်၊ မင်းရောက်တာ နောက်ကျတယ်” ဆိုပြီး View 20 Photo နဲ့အတူ ခုလိုဖော်ပြခဲ့ပြန်ပါတယ်။

တကယ်တော့ မိတ်မဆက်ခင်ကတည်းက ထွက်ရှိလာခဲ့တဲ့ Galaxy Series သတင်းတွေအပေါ် Huawei ဘက်ကနေ မထိတစ်မျိုး၊ ထိတစ်မျိုးလှမ်းစတဲ့ Post တွေကို မကြာခဏမြင်တွေ့ခဲ့ရပါတယ်။ Huawei အနေနဲ့ ကမ္ဘာ့စမတ်ဖုန်းရောင်းအားမှာ ထိပ်ဆုံးနေရာရောက်အောင် မျှော်မှန်းထားသလို Samsung အနေနဲ့ကလည်း 2018 မှာ မှန်းသလောက်မပေါက်ခဲ့တဲ့ သူတို့ရဲ့ စမတ်ဖုန်းအပိုင်းမှာ ပြန်လည်အားစိုက်ပြီး သရဖူကိုကာကွယ်ဖို့ ကြိုးစားလာမှာဆိုတော့ 2019 မှာ ဒီ Company နှစ်ခုရဲ့အားပြိုင်မှုဟာ ခုထက်ပိုပြီး ပြင်းထန်လာဖို့ရှိနေပါတယ်။ အခြားသော မထိတရိလုပ်ခဲ့သော ကြော်ငြာတွေပါ ဖော်ပြလိုက်ပါတယ်။

Photos Credit : Huawei, Samsung and Honor