fbpx

This is digital planet.

SamsungTech News

Samsung မှာ Galaxy Fold အတွက် Marketing Campaign စတင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ သတင်းရရှိ

Samsung Galaxy Fold ဟာဈေးကွက်ထဲမှာ ထိုးဖောက်ဖို့ အဆင်သင့်ဖြစ်နေပါပြီလို့ သတင်းတွေထွက်နေပါတယ်။ သတင်းတွေအရဆိုရင် Design အသစ်ကိုပြန်လည်ထုတ်လုပ်ပြီး စမ်းသပ်ချက်တွေကိုအောင်ခဲ့ပါတယ်။ အခု Marketing ကိုစတင်ဖို့ ပြင်ဆင်နေပါတယ်။ Samsung Galaxy Fold ဘယ်အချိန်မှာထွက်ရှိမလဲဆိုတာကတော့ သေချာမသိရသေးပါဘူး။ July မှာ မိတ်ဆက်ဖို့ကတော့ နောက်ကျနေပြီလို့ပြောရပါမယ်။

Image result for galaxy fold

Galaxy Fold

ဒါပေမယ့် Samsung အနေနဲ့ Huawei ထက်ရှေ့ကိုပိုရောက်ချင်ရင် Fold ကိုမြန်မြန်ထုတ်မှပဲရပါတော့မယ်။ ဘာလို့လဲဆိုတော့ Huawei ကလည်း မကြာခင်မှာ Mate X ကိုမိတ်ဆက်တော့မှာဖြစ်ပါတယ်။ Huawei အနေနဲ့ September လောက်မှာ Global Launch ထိ မိတ်ဆက်ပေးနိုင်ပါတယ်။ August 7 မှာ Samsung ရဲ့ Galaxy Note 10 Unpacked Event ရှိတာမလို့ အဲ့ Event ကနေ Galaxy Fold ကို Tease သွားနိုင်ပါတယ်။ အဲ့လို Tease လိုက်တာနဲ့ ပွဲတက်ရောက်သူတွေက ဒီဖုန်းနဲ့ပက်သက်ပြီး မေးခွန်းတွေထုတ်ကြတော့မှာပါ။ #DoWhatYouCan Team မှာပါဝင်တဲ့ DJ Producer Steve Aoki ကိုင်ထားတာက Galaxy Fold ဖြစ်တဲ့အတွက် အဲ့ Campaign ကိုစောင့်ကြည့်ရဦးမှာပါ။

Image result for steve aoki galaxy fold

Steve Aoki and Galaxy Fold

Ref: GSMARENA