fbpx

This is digital planet.

SamsungTech News

Samsung မှာ သုံးလာနိုင်တဲ့ 108MP Sensor မှာ ဘာတွေကွာခြားနိုင်မလဲ?

Smartphone တွေနဲ့ပတ်သက်တဲ့ သတင်းတွေကြိုထုတ်ပေးနေကျ Ice Universe ရဲ့ ဒီတစ်ခေါက်ထုတ်ပြောလာတဲ့ သတင်းက စိတ်ဝင်စားစရာပါ။ Samsung ရဲ့ Galaxy S11 Series မှာ 108MP Sensor ကို သုံးလာနိုင်ပေမယ့် သူတို့သုံးမယ့် Sensor က လက်ရှိထွက်ထားတဲ့ Isocell Bright HMX ကို အဆင့်မြှင့်တင်ထားတဲ့ Sensor ဖြစ်ပါသတဲ့။ ဒါဆို ဒီ Sensor သစ်မှာ ဘာတွေထူးခြားသွားနိုင်လဲ?

Samsung Galaxy S11 Plus Renders OnLeaks 2

သူ့အဆိုအရ Galaxy S11 Series ရဲ့ 108MP Sensor မှာ ခါတိုင်းမြင်တွေ့နေကျ 4 in 1 Pixel Binning အစား 9 in 1 Pixel Binning ကို သုံးလာနိုင်ပါတယ်။ Pixel Binning ကို နားစိမ်းနေတဲ့သူတွေကို အလွယ်ရှင်းပြရရင် Camera Sensor တစ်ခုမှာ အလင်းဖမ်းယူမယ့် Pixel လေးတွေနဲ့ဖွဲ့စည်းထားပြီး Pixel Binning ဆိုတာက အဲဒီအရောင်တူ Pixel 4 ခုကို Pixel အကြီးတစ်ခုအဖြစ်စုစည်းပြီး အသုံးပြုမှာပါ။ ဆိုတော့ (48/4= 12 Megapixel) အဲဒီသဘောပါပဲ။

Image result for galaxy s11

လက်ရှိ 108 MP က Pixel Binning အနေအထားအရဆိုရင် 27MP ရှိပြီး Pixel Size က 1.6 micron အထိရှိပါတယ်။ ဒါပေမယ့် 9 in 1 Pixel Binning ကိုသုံးမယ်ဆိုရင် အရင် Pixel ၄ခု (2×2) Arrangement နေရာမှာ ၉ခု (3×3) အထိရှိလာမှာဖြစ်ပြီး Pixel Size အနေနဲ့ 2.4 micron, Resolution အနေနဲ့ 12 Megapixel Quality ကို ရနိုင်မှာပါ။ လက်ရှိ Flagship Phone တွေ (Samsung, Apple, Sony, Google) မှာသုံးနေတဲ့ Sony IMX 363 နဲ့ယှဉ်ကြည့်ရင် Resolution ချင်းအတူတူဆိုပေမယ့် Pixel Size က ၂ဆနီးနီးခုန်တက်သွားတာမို့ Low Light မှာ ပိုကောင်းတဲ့ Image Quality ကို ရနိုင်မယ်လို့ ယေဘုယျအားဖြင့် ဆိုရပါလိမ့်မယ်။

Related image

ဒါပေမယ့် 108 MP လို Resolution မြင့်တဲ့ Sensor တစ်ခုကို Low Light ကောင်းမွန်ဖို့အတွက် 9 in 1 Binning ကို တကယ်သုံးမှာလားဆိုတာကတော့ သံသယဖြစ်စရာပါပဲ။ Samsung မှာ Dual Aperture လို အလင်းပမာဏချိန်ညှိပေးမယ့် Hardware, Night Mode တို့လို Software မျိုးတွေ ပိုင်ဆိုင်ထားတာကြောင့် ပုံထွက် Detail ပိုကျစေမယ့် 27MP Mode ကိုပဲ အသုံးပြုဖို့ ရွေးချယ်ကောင်းရွေးချယ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သမရိုးကျ 12 MP Trend ကနေ ဖောက်ထွက်ဖို့ကြိုးစားနေတဲ့ Samsung တို့ Smartphone Photography ကို နောက် Level တစ်ခုဆီ ဆွဲတင်နိုင်မလားဆိုတာကိုတော့ S11 Series ကနေ အဆုံးအဖြတ်ပေးသွားပါလိမ့်မယ်။

Ref: AndroidAuthority