This is digital planet.

SamsungTech News

Samsung ရဲ့ ကိုယ်ပိုင်တံဆိပ် SAMOLED display ဟာ Galaxy S11 မှာပါ၀င်လာဖို့ရှိနေ

Samsung ဖုန်းတွေဟာ AMOLED display panels တွေအတွက်နာမည်ကြီးပြီး ကုမ္ပဏီအနေနဲ့ Active-Matrix OLED display ကိုပိုတိုးတက်အောင်ပြုလုပ်လာလေ့ရှိပါတယ်။ အခု ကုမ္ပဏီဟာ သူတို့ရဲ့ မကြာခင်ထွက်ရှိလာမယ့် Flagship ဖုန်းတွေနဲ့အတူ ခြေလှမ်းအသစ်စဖို့ရှိနေပါတယ်။

AMOLED displays တွေက ဖုန်းထုတ်လုပ်တဲ့ Company တွေကြားမှာ တော်တော်လေး နာမည်ကြီးခဲ့ပါတယ်။ အကြောင်းက LCD Panels တွေထက် ပိုကောင်းတဲ့ viewing angles နဲ့ ပိုနက်တဲ့အရောင်ရှိလိုပါ။ အဲ့အပြင် စွမ်းအင်လည်း ပိုသက်သာပါတယ်။

Samsung SAMOLED

သတင်းတွေအရ Samsung Galaxy S11 မှာ SAMOLED display ပါ၀င်လာဖို့ရှိနေပါတယ်။ ကုမ္ပဏီဟာလည်း ထို Display အမျိုးအစားအသစ်ကို မကြာခင်မှာပြသဖို့ရှိနေပါတယ်။ ထို Display အတွက် Samsung ဟာ Korean Intellectual Property Office (KIPO) နဲ့တူ တောင်ကိုရီးမှာ ကိုယ်ပိုင်အမှတ်တံဆိပ်တင်ထားပါတယ်။ ကြည့်ရတာ SAMOLED (ဆမ်အိုးလဒ် သို့ အက်စ်အမ်အိုးလဒ်) စတဲ့အသုံးအနှုန်းကို Samsung ဖုန်းတွေမှာသုံးဖို့အတွက်ပဲ Exclusive နာမည်မျိုးပေးထားတာ ဖြစ်နိုင်ပါတယ်။

Rumor Design

ကိုယ်ပိုင်အမှတ်တံဆိပ်တင်သွင်းချက်မှာ OLED display; Smartphone display; Monitor; Television screen; Digital signage; Computer screen ကိုဖော်ပြထားပြီး Class 9/11 အနေနဲ့ အမျိုးအစားခွဲထားပါတယ်။ အဲ့နေ့မှာပဲ USPTO (United States Patent and Trademark Office) နဲ့အတူ တူညီတဲ့ ကုန်အမှတ်တံဆိပ်ကိုတင်သွင်းခဲ့ပါသေးတယ်။ ဆိုလိုတာက ကိုရီးယား မူပိုင်ခွင်ဆိုင်ရာ ဌာနမှာပဲ မဟုတ်ပဲ အမေရိကန်နိုင်ငံ မူပိုင်ခွင့်ဆိုင်ရာရုံးမှာပါ မူပိုင်ခွင့်တင်ထားတာပါ။ ကြည့်ရတာ အမေရိကန် ဖုန်း Company တွေ အဲ့နာမည့်ယူသုံးမှာဆိုးလို့ထင်တယ် :P

Rumor Design

အခု ကုမ္ပဏီရဲ့ နာမည်ကြီး AMOLED screen ရဲ့ Version အသစ်ဟာ အသေအချာလာဖို့ရှိနေသော်လည်း SAMOLED မှာ ‘S’က ဘာကို ရည်ညွှန်းတယ်ဆိုတာ မသိရသေးပါဘူး။ ‘Super AMOLED’ ဆိုပြီးဖြစ်နိုင်ပေမယ့် Super AMOLED ဟာ အခုအချိန်မှာ ရှိပြီးသား နာမည်ဖြစ်နေပါတယ်။ အဲ့တော့ SAMOLED ရဲ့ အရှည်ကောက်နာမည်က Samsung AMOLED လည်း ဖြစ်နိုင်ပါတယ်။

သို့သော်လည်း ကျွန်တော်တို့အနေနဲ့ Samsung ကနေ ထွက်လာမယ့် Display Technology အသစ်မှာ အဓိက တိုးတက်မှုတွေကို မျှော်လင့်လို့ရပါတယ်။ အဲ့တာကြောင့် ထို Technology ကို Samsung Galaxy S11 lineup နဲ့ နောက်မျိုးဆက်အသစ် Galaxy Fold အပါအ၀င် ကုမ္ပဏီရဲ့ Flagship ဖုန်းအသစ်တွေမှာ အသုံးပြုလာနိုင်ပါတယ်။ ဒါပေမယ့် အပေါ်ကအချက်တွေဟာ ထင်မြင်ချက်တစ်ခုသာဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ ဘာမှအတည်ပြုထားခြင်းမရှိပါဘူး။

Galaxy Note 10

လက်ရှိ Flagship မျိုးဆက်တွေဖြစ်တဲ့ Galaxy S10 lineup နဲ့ Galaxy Fold နှစ်မျိုးစလုံးမှာ Dynamic AMOLED display လို့ အသုံးပြုထားပါတယ်။ ကုမ္ပဏီအနေနဲ့ Super AMOLED display ကို သူတို့ရဲ့ mid-range နဲ့ premium mid-range ဖုန်းတွေမှာ သုံးနေပါတယ်။ အခု SAMOLED display ကလည်းလာဖို့နေတယ်ဆိုတော့ အခုလက်ရှိ ကုမ္ပဏီရဲ့ Displays တွေထက် ပိုကောင်းလာနိုင်ပါတယ်။

Ref: Gizmochina