fbpx

This is digital planet.

SamsungTech News

Samsung ရဲ့ ပထမဆုံး 5G Modem ပါ၀င်တဲ့ Exynos 980 Mobile Chipset

Samsung Electronics ဟာ သူတို့ရဲ့ ပထမဆုံး 5G connectivity ပါ၀င်လာမယ့် Mobile processor Samsung Exynos 980 ကို မိတ်ဆက်လိုက်ပါပြီ။ AI သုံးထားတဲ့ Exynos 980 SoC ဟာ 8nm Architecture ကိုသုံးပြီး ပြုလုပ်ထားပါတယ်။ Cortex-A77 နှစ်ခုနဲ့ Cortex-A55 ‌ခြောက်ခုဆိုပြီး CPU cores ၈ ခုပါ၀င်ထားပြီး Mali G76 graphics processor နဲ့တွဲပေးထားပါတယ်။

Exynos 980 SoC မှာ 5G modem နဲ့ Mobile application processor ကိုပေါင်းထည့်ပေးထားပါတယ်။ အဲ့ SoC ဟာ 5G connectivity မှာ Sub-6GHz Spectrum အတွက် data transfer rates 2.55Gbps အထိ Support ပေးနိုင်ပြီး 4G အတွက် 1.0Gbps ၊ Dual connectivity မှာ 3.55Gbps ထိခွင့်ပြုပေးထားတယ်လို့ Samsung ကဆိုထားပါတယ်။

Exynos 980 မှာ Predecessor Exynos 9820 ထက် 2.7 ဆ Performance ကို တိုးမြှင့်ပေးထားတဲ့ neural processing unit (NPU) ထည့်ပေးထားပါတယ်။ အဲ့တာက on-device intelligence level အသစ်တွေကို စီစဉ်ပေးမှာလို့ Company ကပြောထားပါတယ်။

NPU မှာ secure user authentication ၊ content filtering ၊ mixed reality ၊ intelligent camera စတဲ့ ပိုကောင်းတဲ့ features တွေကို ထည့်ပေးထားပါတယ်။ သူ့မှာ Samsung ရဲ့  108-megapixel images ‌တွေကို Processing ပြုလုပ်ပေးနိုင်မယ့် high-performance image signal processor ပါ၀င်ထားပါတယ်။ အဲ့တာက image sensors ၅ ခုထိ တစ်ပြိုင်နက်လုပ်ဆောင်ပေးနိုင်ပြီး အဲ့ထဲက သုံးမျိုးကို တစ်ပြိုင်နက် Run ပေးနိုင်မှာပါ။

Exynos 980 ရဲ့ multi-format codec (MFC) ဟာ နှစ်မြောဖွယ် multimedia experience အတွက် 120 frames per second (fps) 4K UHD video ရဲ့ encoding နဲ့ decoding ကို Support ပေးထားပါတယ်။ Dynamic mapping နဲ့အတူ HDR10+ support ပါ၀င်ထားပါတယ်။ (HDR10+ ဆိုတာ dynamic metadata ကို‌ထည့်ပေးပြီး scene-by-scene ဒါမှမဟုတ် frame-by-frame basis မှာ ပိုတိကျတဲ့ Brightness level ကို အလိုအလျောက် ထိန်းညှိပေးတာပါ)

Exynos 980 SoC ဟာ အရင်တုန်းက Exynos 9630 အဖြစ် 5G Support ပါ၀င်လာမယ့်ဆိုတဲ့ သတင်းနဲ့ တူနေပါတယ်။ အဲ့ Chipset ဟာ Samsung Brand တစ်ခုတည်းသာမဟုတ်ဘဲ တစ်ခြား Brands တွေကိုပါ ရောင်းချနိုင်ပါတယ်။ အဲ့ Chipset ရဲ့ Samples တွေကို ဖောက်သည်တွေဆီ ပို့ပေးထားတယ်ပြီး production ကို ဒီနှစ်အပြီးမှာစမယ်လို့ Company ကဆိုထားပါတယ်။ နောက်နှစ် Q1 2020 အစောပိုင်းမှာ ထွက်ရှိလာနိုင်ပါတယ်။

Ref: Gizmochina