fbpx

This is digital planet.

SamsungTech News

Samsung ရဲ့ Galaxy Note 10 မှာ Model ၄ မျိုး ထွက်ပေါ်လာနိုင်

Feb လလောက်က Galaxy S10 Series ရယ် ခေါက်ချိုးလို့ရတဲ့ Galaxy Fold ရယ်ကို Samsung က မိတ်ဆက်ပေးခဲ့ပါတယ်။ အခုအခါ Samsung ရဲ့ Note Series အသစ်ဖြစ်လာမဲ့ Note 10 မှာ Model ၄ မျိုးနဲ့လာမယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။ ဒီ Note 10 Model ၄ မျိုးမှာ မတူညီတဲ့ Size နဲ့လာမှာဖြစ်ပြီး 4G နဲ့ 5G ဆိုပြီး Version ခွဲခြားဦးမှာဖြစ်ပါတယ်။

Image result for galaxy note 10

Sammobile ရဲ့ သတင်းတွေအရတော့ SM-N970 နဲ့ SM-N975 ဆို့က Galaxy Note 10 နဲ့ Note 10+ ဖြစ်လာမှာဖြစ်ပြီး ဒီ Model ၂ ခုကြားမှာ ကွဲပြားသွားမှာက Display Size တွေ နဲ့ အခြား သော Specs တွေပဲဖြစ်ပါတယ်။ Note 10 ရဲ့ Display Size က 6.28″ inch နဲ့လာမှာဖြစ်ပြီး Note 10+ ကတော့ 6.75″ inch ဖြစ်မယ်လို့ သိရပါတယ်။ အဲ့အပြင် ကျောဘက် Camera ပိုင်းမှာလဲ Triple Camera နဲ့ Quad Camera ဆိုပြီးတော့လဲ ကွဲပြားသွားနိုင်ပါတယ်။

Related image

နောက်ထပ် Model နှစ်ခုကတော့ SM-N971 နဲ့ SM-N976 တို့ပဲဖြစ်ပါတယ်။ ဒီ Model ၂ ခုက Galaxy Note 10 နဲ့ Note 10+ တို့ရဲ့ 5G Version ၂ ခုဖြစ်နိုင်ပါတယ်။ Samsung ရဲ့ Model နံပါတ်တွေရဲ့နောက်မှာ “0” Digit ပါရင် တရုတ်ပြည်အတွက် Google Service မပါပဲ သီးသန့်ထုတ်တာဖြစ်ပြီး “F” Letter ပါရင်တော့ Global အတွက် ထုတ်တာဖြစ်ပါတယ်။

အဆိုပါ အချက်အလက်တွေက ထွက်ပေါ်လာသော သတင်းတွေအပေါ်မှာ ရေးထားတာဖြစ်ပြီး Samsung အနေနဲ့ Note Series အသစ်ကို Sept လ နောက်ဆုံးအပတ်လောက်မှာပဲ မိတ်ဆက်ပေးနိုင်ပါတယ်။

Ref: Sammobile

Photos: Internet