fbpx

This is digital planet.

SamsungTech News

Samsung ရဲ့ Galaxy S10 5G edition မှာ RAM 12GB နဲ့ Storage 1 TB အထိပါဝင်လာနိုင်ဖွယ်ရှိ

ပြီးခဲ့တဲ့လ က ရရှိခဲ့တဲ့ Report တွေအရ Samsung ရဲ့ မျိုးဆက်သစ် Galaxy S10 series ရဲ့ အဆင့်မြင့်ဆုံး Model မှာ ကမ္ဘာပထမဆုံး RAM 12 GB ပါရှိမယ်လို့သိရပါတယ်။ ဟောင်ကောင် အခြေစိုက် GF Securities ရဲ့ အချက်အလက်ကိုလည်း ကိုးကားထားပြီး IT Home မှာလည်း Samsung အနေနဲ့ Galaxy 10 Series မှာ 12 GB RAM ကိုထည့်သွင်းမိတ်ဆက်ပေးမယ်လို့လည်းဖော်ပြခဲ့ပါတယ်။

နောက် ဖော်ပြချက် မှာတော့ ဒီ Galaxy S10 ရဲ့ model တစ်ခုမှာ 12GB RAM နဲ့ ကြီးမားတဲ့ 1 TB storage ပါဝင်မယ်လို့သိရပြီး အဆိုပါ Model ဟာ Galaxy S10 5G edition ဖြစ်နိုင်ကာ ကျယ်ပြန်တဲ့ 6.7-inches ရှိတဲ့ Display တစ်ခုလည်းပါဝင်လာမည်လို့လည်းသိရပါတယ်။ အရင်ကထွက်ရှိခဲ့တဲ့သတင်းတွေအရတော့ အဆိုပါ ဖုန်းရဲ့ Model Number ဟာ SM-G75FC ဖြစ်တယ်လို့သိရပြီး 512 GB storage နဲ့ထွက်ရှိလာနိုင်တယ်လို့လည်း ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဖြစ်နိုင်တာကတော့ ဒီဖုန်းဟာ 512 GB ဒါမှမဟုတ် 1 TB storage နဲ့ နှစ်ခုထဲက တစ်ခုခုနဲ့ထွက်ရှိလာနိုင်သလို့ နှစ်ခုလုံးနဲ့လည်းထွက်ရှိလာနိုင်ပါတယ်။အရင်သတင်းတွေအရ Galaxy S10 5G မှာ ကျောဘက် ကင်မရာ ၄ လုံး အထိ တပ်ဆင်မယ်ထားမယ်လို့သိရှိရပြီး အရှေ့ဘက်မှာတော့ 3D Sensing Camera နဲ့ Selfie Snapper ပါဝင်မယ်လို့လည်းမျှော်လင့်ရပါတယ်။ ဒီဖုန်းဟာဆိုရင်တော့ ပရီမီယံ အသွင်အပြင်ရှိပြီး ကျောဘက်ကိုတော့ Ceramic နဲ့ပြုလုပ်ထားမယ်လို့လည်း ကောလဟာလ တွေထွက်ပေါ်နေပါတယ်။

ကောလဟာလ တွေ အရ Galaxy S10 Lite ဟာ Galaxy S10 series မှာ အဆင့်အနိမ့်ဆုံး model တစ်ခုဖြစ်ပြီး Galaxy S10 Plus မှာတော့ 6.44-inch display နဲ့အတူ ကျောဘက် ကင်မရာ ၃ လုံးတပ်ဆင်ထားမယ်လို့လည်း ထင်ရပါတယ်။ Galaxy S10 ကိုတော့ 5.8-inch ရှိတဲ့ Display နဲ့ထွက်ရှိလာဖွယ်ရှိပြီး ကျောဘက် ကင်မရာ ၂ လုံးနဲ့ပဲထွက်ရှိလာဖွယ်ရှိပါတယ်။Galaxy S10 models တွေကိုတော့ Color Gradient Version တွေအဖြစ် White, Black , Yellow နဲ့ Green စတဲ့အရောင်တွေနဲ့ထွက်ရှိလာမယ်လို့မျှော်လင့်ရပြီး Snapdragon 8150 Chipset ကိုလည်း အသုံးပြုလာဖွယ်ရှိပါတယ်။

“Observe Here. Trust Yourself”

Source – gizmochina