fbpx

This is digital planet.

ArticlesHuaweiSamsungSonyTech News

Samsung ရဲ႕ ISOCELL ကို Kill မဲ့ Sony ရဲ႕ 38MP Sensor အသစ္

Zawgyi

Sony IMX 607: A New Step of Smartphone Cameras

ဒီ Page ကို စတင္ခဲ့တုန္းက Megapixel ေတြမ်ားျခင္းဟာ Smartphone Photography ကို တကယ္ေရာ Effective ျဖစ္ေစရဲ႕လားဆိုၿပီး ေမးခြန္းထုတ္ခဲ့ဖူးတယ္။ ဒါေပမယ့္ ရပ္တံ့မေနတဲ့ နည္းပညာေရစီးေၾကာင္းက Smartphone ေတြမွာ Megapixel မ်ားမ်ားကို Effective ျဖစ္ေစမယ့္နည္းလမ္းကို ႐ွာေတြ႕ေစခဲ့တယ္။ အဲဒါကေတာ့ Quad Bayer Arrangement လို႔ေခၚတဲ့ Pixel အေသး (၄) ခုကို Pixel အႀကီး တစ္ခုအျဖစ္ေပါင္းၿပီး ဖန္တီးတဲ့ Pixel Binning ဆိုတဲ့ နည္းပညာပါ။ (Pixel Binning အေၾကာင္းကိုေတာ့ အက်ယ္တဝင့္႐ွင္းျပၿပီးထားၿပီမို႔ ထပ္မ႐ွင္းေတာ့ပါ)

သို႔ေပမယ့္ Pixel Binning ရဲ႕အားနည္းခ်က္တစ္ခုက လိုခ်င္တဲ့ Megapixel ပမာဏကိုရဖို႔ Megapixel ကို (၄) ဆတိတိ သံုးေပးရတာပါ။ (ဆိုလိုတာက Pixel Binning မွာ 10MP Photo အတြက္ 40MP Camera ကို သံုးရတာမ်ိဳးပါ) အဲဒီအတြက္ ပိုႀကီးတဲ့ Sensor Size ကိုသံုးရတယ္။ ဒီေတာ့ 12MP Photo အတြက္ဆိုရင္ လိုအပ္တဲ့ MP က 48MP ထိ ႐ွိလာပါၿပီ။ (2019 မွာထြက္႐ွိမယ့္ ဖုန္းေတြမွာ အသံုးမ်ားလာမယ့္ Camera ဆိုလည္း မမွားပါဘူး။) အဲဒီလိုအပ္ခ်က္ကို ေျဖ႐ွင္းႏိုင္ဖို႔အတြက္ Sony ကေန အေကာင္းဆံုးလို႔ဆိုႏိုင္မယ့္ Solution တစ္ခုကို ခ်ျပႏိုင္ခဲ့တယ္။ အဲဒါကေတာ့ Sony ရဲ႕ IMX 607 Sensor ပါ။

Sony ဟာ လက္႐ွိ Smartphone Camera ေစ်းကြက္ရဲ႕ Camera Sensor Main Supplier အျဖစ္ ရပ္တည္ေနခဲ့တာပါ။ သူ႔ရဲ႕ IMX 363 ဟာ 2018 ရဲ႕ Flagship အေတာ္မ်ားမ်ားမွာပါဝင္တဲ့ 12MP Camera ေတြအတြက္ “စံ”တစ္ခုျဖစ္ခဲ့တယ္။ သို႔ေပမယ့္ Samsung ကေန Megapixel မ်ားမ်ားနဲ႔ Pixel Binning ကို သံုးႏိုင္မယ့္ ISOCELL Sensor ေတြကို ခ်ျပလာတဲ့အခါမွာ Sony အတြက္ ပိုေကာင္းမယ့္ နည္းပညာတစ္ခုကို ဖန္တီးျပဖို႔ အခ်ိန္တန္ၿပီလို႔ ယူဆပံုရတယ္။ ဒီေတာ့ Sony အတြက္ေရာ Smartphone Camera နယ္ပယ္အတြက္ပါ Game Changer ျဖစ္လာႏိုင္တဲ့ IMX 607 Sensor မွာ ဘာေတြမ်ား ထူးျခားေနလို႔လဲ?

အရင္ဆံုး သူ႔မွာပါမယ့္ Megapixel နဲ႔ စ ရေအာင္။ IMX 607 မွာ 38MP ကို အေထာက္အပံ့ျပဳႏိုင္မယ္။ Pixel Binning (4 in 1) အရဆိုရင္ သူ႔ရဲ႕ Effective MP က 9MP ပဲ႐ွိေနမွာပါ။ ဒါဆိုရင္ သူ႔ Sensor က 48MP Camera သံုးႏိုင္မယ့္ Sensor ေတြထက္ ပိုမနိမ့္ေနဘူးလားလို႔ ေတြးစရာ႐ွိပါတယ္။ ဒါေပမယ့္ ဒီ 38MP Sensor ကို ပိုေကာင္းတဲ့ Sensor အျဖစ္ သတ္မွတ္ရျခင္းက သူ႔မွာသံုးထားတဲ့ နည္းပညာေၾကာင့္ပါ။

သူ႔ရဲ႕ Pixel Arrangement (ေအာက္ကပံု) ကိုၾကည့္ရင္ Red, Green, Blue အျပင္ White Pixel ေတြကိုပါ ေတြ႕ျမင္ရမွာပါ။ ဒီေတာ့ အရင္ Quad Bayer Filter ေတြနဲ႔ ယွဥ္ၾကည့္မယ္ဆိုရင္ နဂို Pixel (၄) ခုေနရာမွာ (၂) ခုက White Pixel ေတြ ျဖစ္သြားမွာပါ။ ဒီေတာ့ White Pixel ေတြပါလာလို႔ ဘာအက်ိဳးထူးမလဲ? အလြယ္ေျပာရရင္ အေျဖက ပိုေကာင္းတဲ့ HDR Photo ေတြကို ပိုျမန္တဲ့အခ်ိန္အတြင္း ႐ိုက္ကူးႏိုင္မွာပါ။ အဲဒီ White Pixel ေတြအလုပ္လုပ္ပံုကို နဲနဲ႐ွင္းပါ့မယ္။

Huawei Flagship ဖုန္း အမ်ားစု (Mate 20 မပါ) မွာ Monochrome Sensor ေတြပါဝင္ခဲ့တာကို မွတ္မိၾကမွာပါ။ Monochrome Sensor ေတြရဲ႕အားသာခ်က္က Color Filter မပါလို႔ သူ႔ရဲ႕ Pixel ေတြဟာ အျဖဴ ေတြခ်ည္းျဖစ္ေနတာပါ။ အဲဒီအက်ိဳးဆက္ကေတာ့ အလင္းေရာင္ကို ပိုမိုစုပ္ယူႏိုင္ၿပီး ပိုတိက်ျပတ္သားတဲ့ ပံုရိပ္ေတြကို ဖမ္းယူႏိုင္တာပါ။ အဲဒါေၾကာင့္လည္း Huawei က Main Camera နဲ႔႐ိုက္ကူးခ်ိန္မွာ Monochrome Camera ကိုပါ အကူအျဖစ္သံုးခဲ့တာပါ။ အခု IMX 607 မွာေတာ့ ပိုေကာင္းတဲ့ ဓာတ္ပံုရဖို႔ Monochrome Sensor သပ္သပ္မလိုေတာ့ပါဘူး။

သူ႔ရဲ႕အလုပ္လုပ္ပံုက Quad Bayer နဲ႔ ဆင္တူပါတယ္။ ကန္႔လန္႔ျဖတ္ Pixel (၂) ခုက Short Exposure အတြက္ အလုပ္လုပ္ခ်ိန္မွာ က်န္တဲ့ Pixel (၂) ခုက Long Exposure အတြက္ အလုပ္လုပ္တယ္။ ဒါေပမယ့္ IMX 607 မွာပါတဲ့ White Pixel ေတြေၾကာင့္ အရင္ Color ေတြထက္ အလင္းပိုစုပ္ႏိုင္ၿပီး ပိုေကာင္းတဲ့ HDR photo ေတြအျပင္ Low Light Photography မွာပါ အရင္ထက္ပိုအေထာက္အကူ ျဖစ္ေစပါလိမ့္မယ္။ ၿပီးေတာ့ အရင္ Pixel တစ္ဝက္စီအလုပ္လုပ္တဲ့ Dual PDAF ေနရာမွာ Pixel (၂)ခုစီ ခြဲအလုပ္လုပ္မယ့္ Quad PDAF ေၾကာင့္ Autofocus ပိုင္းမွာ ပိုျမန္၊ ပိုတိက်တဲ့ စြမ္းေဆာင္မႈမ်ိဳးရႏိုင္မယ္လို႔ Sony က ဆိုထားပါတယ္။

IMX 607 ကို ၿပိဳင္ဘက္ေတြထက္ ေခါင္းတစ္လံုးသာေစမယ့္ ေနာက္တစ္ခ်က္က သူ႔ရဲ႕ Effective MP ပါ။ Quad Bayer မွာ 12MP Photo ရဖို႔ 48MP ထိ သံုးရေပမယ့္ IMX 607 ရဲ႕ 38MP ကေတာ့ Dual Bayer Arrangent ေၾကာင့္ 19MP Resolution နဲ႔ Photo ေတြထုတ္ေပးႏိုင္ဖို႔ထိ အလားအလာ႐ွိေနပါတယ္။ ဒါ့အျပင္ သူ႔ရဲ႕ High SNR (Signal to Noise Ratio) Function, အလင္းအေျခအေနေပၚမူတည္ၿပီး ISO 50, 500 နဲ႔ 5000 ကို ေျပာင္းလဲေပးႏိုင္မယ့္ Ambient Light Sensor ေၾကာင့္လည္း Low Light Photography မွာ ခုထက္ပိုၿပီး တိုးတက္လာဖို႔႐ွိေနပါတယ္။

အဲလို Quad Bayer ထက္ ပိုအားသာမယ့္အခ်က္ေတြ႐ွိေနေပမယ့္ တစ္ဖက္ကလည္း Pixel (၂) ခုစာပဲ Binning လုပ္တာမို႔ Pixel Size ေလ်ာ့နည္းႏိုင္တဲ့ အားနည္းခ်က္မ်ား႐ွိလာမလားဆိုတာကေတာ့ သံသယဝင္စရာပါ။ Sony လည္း အဲဒီအခ်က္ကို ထည့္ေတြးခဲ့ပံုရတယ္။ အဲဒါေၾကာင့္ IMX 607 ရဲ႕ Sensor Size ကို 1/1.8″ အထိတိုးျမႇင့္ထားတာ ေတြ႕ရတယ္။ ဒါဟာ လက္႐ွိ Smartphone Sensor ေတြထဲမွာ အႀကီးဆံုးလို႔ေတာင္ ေျပာလို႔ရတယ္။

ဒီေတာ့ IMX 607 သံုးမယ့္ဖုန္းေတြ ဘယ္ေတာ့ေလာက္ ျမင္ရႏိုင္မလဲ? GSMArena ရဲ႕အဆိုအရ Huawei ရဲ႕ P30 Pro မွာ ဒီ Sensor နဲ႔အတူ ပြဲထြက္လာဖို႔ ႐ွိေနပါတယ္။ Sony ကိုယ္တိုင္လည္း သူ႔ရဲ႕ XZ4 မွာ ဒီ Sensor ကို သံုးလာႏိုင္ေျခ ႐ွိေနပါတယ္။ (နဂိုကတည္းက 19MP Camera ေတြ အသံုးမ်ားခဲ့တာဆိုေတာ့) ဆိုေတာ့က Sony ရဲ႕ IMX 600 Sensor ေတြဟာ Huawei P20Pro နဲ႔အတူ Smartphone Camera ေလာကကို ေျပာင္းလဲေစခဲ့သလို အခု IMX 607 ကလည္း Brand ေတြၾကားက Camera အားၿပိဳင္မႈမွာ ဘယ္ေလာက္ထိ အေထာက္အကူျပဳႏိုင္မလဲဆိုတာေတာ့ စိတ္ဝင္စားဖို႔ေကာင္းတာ အေသခ်ာပါပဲ။ (Huawei နဲ႔ Leica တို႔ရဲ႕အေၾကာင္းကိုလည္း Article တစ္ခု သပ္သပ္ေရးသြားဖို႔အစီအစဥ္႐ွိေနလို႔ ေစာင့္ေမ်ွာ္အားေပးၾကပါဦး)

Htet Oo Naing (PLANET X)

Ref

Unicode

Sony IMX 607: A New Step of Smartphone Cameras

ဒီ Page ကို စတင်ခဲ့တုန်းက Megapixel တွေများခြင်းဟာ Smartphone Photography ကို တကယ်ရော Effective ဖြစ်စေရဲ့လားဆိုပြီး မေးခွန်းထုတ်ခဲ့ဖူးတယ်။ ဒါပေမယ့် ရပ်တံ့မနေတဲ့ နည်းပညာရေစီးကြောင်းက Smartphone တွေမှာ Megapixel များများကို Effective ဖြစ်စေမယ့်နည်းလမ်းကို ရှာတွေ့စေခဲ့တယ်။ အဲဒါကတော့ Quad Bayer Arrangement လို့ခေါ်တဲ့ Pixel အသေး (၄) ခုကို Pixel အကြီး တစ်ခုအဖြစ်ပေါင်းပြီး ဖန်တီးတဲ့ Pixel Binning ဆိုတဲ့ နည်းပညာပါ။ (Pixel Binning အကြောင်းကိုတော့ အကျယ်တဝင့်ရှင်းပြပြီးထားပြီမို့ ထပ်မရှင်းတော့ပါ)

သို့ပေမယ့် Pixel Binning ရဲ့အားနည်းချက်တစ်ခုက လိုချင်တဲ့ Megapixel ပမာဏကိုရဖို့ Megapixel ကို (၄) ဆတိတိ သုံးပေးရတာပါ။ (ဆိုလိုတာက Pixel Binning မှာ 10MP Photo အတွက် 40MP Camera ကို သုံးရတာမျိုးပါ) အဲဒီအတွက် ပိုကြီးတဲ့ Sensor Size ကိုသုံးရတယ်။ ဒီတော့ 12MP Photo အတွက်ဆိုရင် လိုအပ်တဲ့ MP က 48MP ထိ ရှိလာပါပြီ။ (2019 မှာထွက်ရှိမယ့် ဖုန်းတွေမှာ အသုံးများလာမယ့် Camera ဆိုလည်း မမှားပါဘူး။) အဲဒီလိုအပ်ချက်ကို ဖြေရှင်းနိုင်ဖို့အတွက် Sony ကနေ အကောင်းဆုံးလို့ဆိုနိုင်မယ့် Solution တစ်ခုကို ချပြနိုင်ခဲ့တယ်။ အဲဒါကတော့ Sony ရဲ့ IMX 607 Sensor ပါ။

Sony ဟာ လက်ရှိ Smartphone Camera ဈေးကွက်ရဲ့ Camera Sensor Main Supplier အဖြစ် ရပ်တည်နေခဲ့တာပါ။ သူ့ရဲ့ IMX 363 ဟာ 2018 ရဲ့ Flagship အတော်များများမှာပါဝင်တဲ့ 12MP Camera တွေအတွက် “စံ”တစ်ခုဖြစ်ခဲ့တယ်။ သို့ပေမယ့် Samsung ကနေ Megapixel များများနဲ့ Pixel Binning ကို သုံးနိုင်မယ့် ISOCELL Sensor တွေကို ချပြလာတဲ့အခါမှာ Sony အတွက် ပိုကောင်းမယ့် နည်းပညာတစ်ခုကို ဖန်တီးပြဖို့ အချိန်တန်ပြီလို့ ယူဆပုံရတယ်။ ဒီတော့ Sony အတွက်ရော Smartphone Camera နယ်ပယ်အတွက်ပါ Game Changer ဖြစ်လာနိုင်တဲ့ IMX 607 Sensor မှာ ဘာတွေများ ထူးခြားနေလို့လဲ?

အရင်ဆုံး သူ့မှာပါမယ့် Megapixel နဲ့ စ ရအောင်။ IMX 607 မှာ 38MP ကို အထောက်အပံ့ပြုနိုင်မယ်။ Pixel Binning (4 in 1) အရဆိုရင် သူ့ရဲ့ Effective MP က 9MP ပဲရှိနေမှာပါ။ ဒါဆိုရင် သူ့ Sensor က 48MP Camera သုံးနိုင်မယ့် Sensor တွေထက် ပိုမနိမ့်နေဘူးလားလို့ တွေးစရာရှိပါတယ်။ ဒါပေမယ့် ဒီ 38MP Sensor ကို ပိုကောင်းတဲ့ Sensor အဖြစ် သတ်မှတ်ရခြင်းက သူ့မှာသုံးထားတဲ့ နည်းပညာကြောင့်ပါ။

သူ့ရဲ့ Pixel Arrangement (အောက်ကပုံ) ကိုကြည့်ရင် Red, Green, Blue အပြင် White Pixel တွေကိုပါ တွေ့မြင်ရမှာပါ။ ဒီတော့ အရင် Quad Bayer Filter တွေနဲ့ ယှဉ်ကြည့်မယ်ဆိုရင် နဂို Pixel (၄) ခုနေရာမှာ (၂) ခုက White Pixel တွေ ဖြစ်သွားမှာပါ။ ဒီတော့ White Pixel တွေပါလာလို့ ဘာအကျိုးထူးမလဲ? အလွယ်ပြောရရင် အဖြေက ပိုကောင်းတဲ့ HDR Photo တွေကို ပိုမြန်တဲ့အချိန်အတွင်း ရိုက်ကူးနိုင်မှာပါ။ အဲဒီ White Pixel တွေအလုပ်လုပ်ပုံကို နဲနဲရှင်းပါ့မယ်။

Huawei Flagship ဖုန်း အများစု (Mate 20 မပါ) မှာ Monochrome Sensor တွေပါဝင်ခဲ့တာကို မှတ်မိကြမှာပါ။ Monochrome Sensor တွေရဲ့အားသာချက်က Color Filter မပါလို့ သူ့ရဲ့ Pixel တွေဟာ အဖြူ တွေချည်းဖြစ်နေတာပါ။ အဲဒီအကျိုးဆက်ကတော့ အလင်းရောင်ကို ပိုမိုစုပ်ယူနိုင်ပြီး ပိုတိကျပြတ်သားတဲ့ ပုံရိပ်တွေကို ဖမ်းယူနိုင်တာပါ။ အဲဒါကြောင့်လည်း Huawei က Main Camera နဲ့ရိုက်ကူးချိန်မှာ Monochrome Camera ကိုပါ အကူအဖြစ်သုံးခဲ့တာပါ။ အခု IMX 607 မှာတော့ ပိုကောင်းတဲ့ ဓာတ်ပုံရဖို့ Monochrome Sensor သပ်သပ်မလိုတော့ပါဘူး။

သူ့ရဲ့အလုပ်လုပ်ပုံက Quad Bayer နဲ့ ဆင်တူပါတယ်။ ကန့်လန့်ဖြတ် Pixel (၂) ခုက Short Exposure အတွက် အလုပ်လုပ်ချိန်မှာ ကျန်တဲ့ Pixel (၂) ခုက Long Exposure အတွက် အလုပ်လုပ်တယ်။ ဒါပေမယ့် IMX 607 မှာပါတဲ့ White Pixel တွေကြောင့် အရင် Color တွေထက် အလင်းပိုစုပ်နိုင်ပြီး ပိုကောင်းတဲ့ HDR photo တွေအပြင် Low Light Photography မှာပါ အရင်ထက်ပိုအထောက်အကူ ဖြစ်စေပါလိမ့်မယ်။ ပြီးတော့ အရင် Pixel တစ်ဝက်စီအလုပ်လုပ်တဲ့ Dual PDAF နေရာမှာ Pixel (၂)ခုစီ ခွဲအလုပ်လုပ်မယ့် Quad PDAF ကြောင့် Autofocus ပိုင်းမှာ ပိုမြန်၊ ပိုတိကျတဲ့ စွမ်းဆောင်မှုမျိုးရနိုင်မယ်လို့ Sony က ဆိုထားပါတယ်။

IMX 607 ကို ပြိုင်ဘက်တွေထက် ခေါင်းတစ်လုံးသာစေမယ့် နောက်တစ်ချက်က သူ့ရဲ့ Effective MP ပါ။ Quad Bayer မှာ 12MP Photo ရဖို့ 48MP ထိ သုံးရပေမယ့် IMX 607 ရဲ့ 38MP ကတော့ Dual Bayer Arrangent ကြောင့် 19MP Resolution နဲ့ Photo တွေထုတ်ပေးနိုင်ဖို့ထိ အလားအလာရှိနေပါတယ်။ ဒါ့အပြင် သူ့ရဲ့ High SNR (Signal to Noise Ratio) Function, အလင်းအခြေအနေပေါ်မူတည်ပြီး ISO 50, 500 နဲ့ 5000 ကို ပြောင်းလဲပေးနိုင်မယ့် Ambient Light Sensor ကြောင့်လည်း Low Light Photography မှာ ခုထက်ပိုပြီး တိုးတက်လာဖို့ရှိနေပါတယ်။

အဲလို Quad Bayer ထက် ပိုအားသာမယ့်အချက်တွေရှိနေပေမယ့် တစ်ဖက်ကလည်း Pixel (၂) ခုစာပဲ Binning လုပ်တာမို့ Pixel Size လျော့နည်းနိုင်တဲ့ အားနည်းချက်များရှိလာမလားဆိုတာကတော့ သံသယဝင်စရာပါ။ Sony လည်း အဲဒီအချက်ကို ထည့်တွေးခဲ့ပုံရတယ်။ အဲဒါကြောင့် IMX 607 ရဲ့ Sensor Size ကို 1/1.8″ အထိတိုးမြှင့်ထားတာ တွေ့ရတယ်။ ဒါဟာ လက်ရှိ Smartphone Sensor တွေထဲမှာ အကြီးဆုံးလို့တောင် ပြောလို့ရတယ်။

ဒီတော့ IMX 607 သုံးမယ့်ဖုန်းတွေ ဘယ်တော့လောက် မြင်ရနိုင်မလဲ? GSMArena ရဲ့အဆိုအရ Huawei ရဲ့ P30 Pro မှာ ဒီ Sensor နဲ့အတူ ပွဲထွက်လာဖို့ ရှိနေပါတယ်။ Sony ကိုယ်တိုင်လည်း သူ့ရဲ့ XZ4 မှာ ဒီ Sensor ကို သုံးလာနိုင်ခြေ ရှိနေပါတယ်။ (နဂိုကတည်းက 19MP Camera တွေ အသုံးများခဲ့တာဆိုတော့) ဆိုတော့က Sony ရဲ့ IMX 600 Sensor တွေဟာ Huawei P20Pro နဲ့အတူ Smartphone Camera လောကကို ပြောင်းလဲစေခဲ့သလို အခု IMX 607 ကလည်း Brand တွေကြားက Camera အားပြိုင်မှုမှာ ဘယ်လောက်ထိ အထောက်အကူပြုနိုင်မလဲဆိုတာတော့ စိတ်ဝင်စားဖို့ကောင်းတာ အသေချာပါပဲ။ (Huawei နဲ့ Leica တို့ရဲ့အကြောင်းကိုလည်း Article တစ်ခု သပ်သပ်ရေးသွားဖို့အစီအစဉ်ရှိနေလို့ စောင့်မျှော်အားပေးကြပါဦး)

Htet Oo Naing (PLANET X)

Ref