fbpx

This is digital planet.

ArticlesSamsung

Samsung ရဲ့ One UI အကြောင်း

အရင်က Samsung ဖုန်းတွေမှာ အားအနည်းဆုံးလို့ယူဆထားတဲ့ UI ပိုင်းဟာ အခုတော့ အားအသာဆုံးအချက်တစ်ခုဖြစ်လာခဲ့ပါပြီ။ Samsung Experience UI ကို လုံးဝသဘောမတွေ့ခဲ့တဲ့ကိုယ်တိုင်တောင် S10e သုံးရင်း One UI ဟာ ကိုယ်အကြိုက်ဆုံး UI တစ်ခုဖြစ်လာခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ User Experience နဲ့ Customer Feedback တွေကို Samsung အနေနဲ့ အကောင်းဆုံးအသုံးချနိုင်ခဲ့လို့ပါ။

ပထမဆုံးအနေနဲ့ One UI ကို စသုံးတဲ့အခါမှာ ခါတိုင်း Samsung ဖုန်းတွေနဲ့မတူပဲ ရှင်းလင်းတဲ့ Interface ကို စပြီးခံစားမိတယ်။ Icon တွေ၊ Frame ထောင့်ချိုးတွေကို ခပ်ဝိုင်းဝိုင်းပုံစံ မြင်တွေ့ရတယ်။ Android Pie Style Noti Bar က ခါတိုင်းထက်ပိုအမြင်ရှင်းသလို Icon Size တွေက ခါတိုင်းထက် ပိုကြီး၊ ပိုရှင်းတဲ့ Feeling မျိုးရတယ်။

S10e ကို သုံးကြည့်သလောက်ကာလအတွင်းမှာ သဘောအကျမိဆုံးက Lag တာတွေ၊ Hiccup တွေ လုံးဝမခံစားခဲ့ရတာပါ။ မလိုတဲ့နေရာတွေက Animation တွေကို လျှော့ပစ်လိုက်တာကြောင့် Scroll လုပ်တာ၊ App Drawer ၊ Apk အဖွင့် အပိတ်တွေမှာ Buttery Smooth ပါပဲ။

နောက်တစ်ချက်က Bloatware ကိစ္စ။ အဓိကသုံးရမယ့် System App တစ်ချို့ကလွဲရင် Samsung Apk အတော်များများကို ဖြုတ်ထား၊ ဖျောက်ထားတာတွေ့ရတယ်။ ပြီးတော့ Microsoft နဲ့ Google App တစ်ချို့ကလွဲရင် Apk အတော်များများကို အသုံးမလိုဘူးထင်ရင် စိတ်ကြိုက် Uninstall ခွင့်ပေးထားတာက One UI အတွက် တကယ် Thumb up ပါ။ (Samsung Music App လိုဟာမျိုးကို Playstore ကနေ ပြန် Down ရတော့ အတော်လေးအံ့သြသွားတယ်)

Samsung ရဲ့ System Setting ကတော့ ရိုးရှင်းပြီး စနစ်ကျသွားတယ်လို့ ဆိုရမယ်။ Gesture ဘာညာလို အပို Setting တွေကို Advanced Category မှာ တစ်စုတစ်စည်းထဲ တွေ့ရသလို Setting တစ်ခုဝင်တိုင်း တခြား Setting တွေကိုပါ အောက်မှာ Suggest လုပ်ပေးထားတာက MIUI ထက်ပိုပြီး ရှင်းလင်း အသုံးတည့်စေတယ်။ One UI မှာ Dark Mode ဆန်ဆန် Night Mode ပါပေမယ့် သူ့ Night Mode က Battery Saving ထက် ညဘက်ဖုန်းသုံးသူတွေ မျက်စိထိခိုက်တာ သက်သာဖို့ ပိုရည်ရွယ်ပုံရတယ်။

သူ့ရဲ့ Feature Package ထဲမှာ မျက်မှန်းတန်းမိတဲ့ Function တစ်ခုက Smart Pop-up View ပါ။ Messenger မှာ ဝင်လာတဲ့ Message တွေကို မြင်ရသလိုမျိုး တခြား Apk တွေရဲ့ Noti တွေကိုလည်း Pop-up Bubble လေးတွေနဲ့ ဖော်ပြပေးတာပါ။ (Android Q မှာ ပါဝင်နိုင်ခြေများနေတဲ့ Feature ကို One UI မှာ ကြိုပြီး အရသာခံထားလို့ရတာပေါ့) ဆိုတော့ကာ ကိုယ်အသုံးများတဲ့ Apk တွေမှာ Pop-up ကို On ထားရင် Noti တက်တာနဲ့ မြန်မြန်ဆန်ဆန်ကြည့်နိုင်မယ်ဆိုပေမယ့် သုံးခါစလူတွေအတွက်တော့ တစ်ခါတစ်လေမှာ Annoy ဖြစ်မယ်လို့ ယူဆမိပါတယ်။

Fan တွေမျှော်လင့်နေတဲ့ Navigation Gesture ဟာ One UI မှာ ပါလာပေမယ့် Recent, Home နဲ့ Back နေရာတွေကနေ အပေါ်ကိုပွတ်ဆွဲနေရတာထက် ရိုးရိုး Navi Button တွေသုံးရတာကို Personally ပိုသဘောကျမိတယ်။ (လုံးဝ Full Screen Gesture မျိုးဆိုရင်တော့ တစ်မျိုးပေါ့) Multi-tasking က Android Pie ပုံစံဖြစ်လာတဲ့အပြင် Home Key ကနေ ညာဘက်ကိုပွတ်ဆွဲပြီး Recent App ရွေးရတာကတော့ အကြိုက်ဆုံး Feature ထဲကတစ်ခုပေါ့။

ကြိုက်တာတွေချည်းအပြောများသွားပြီဆိုတော့ One UI မှာသဘောမတွေ့တာလေးတွေ ရှာကြံပြောတာပေါ့။ ပထမအချက်အနေနဲ့ Setting တစ်ခုဝင်လိုက်တိုင်း Recent မှာ Tab တစ်ခုစီပြန်ပွင့်နေတာမျိုးက Multi-tasking လုပ်တဲ့အခါမှာ မျက်စိနောက်စရာဖြစ်နေတယ်။ ဒုတိယတစ်ချက်က Cloud Storage App တင် ၃ ခုဖြစ်နေတာ (Samsung, Microsoft, Google) ဖျက်လို့လည်းမရဆိုတော့။ နောက်ဆုံးအချက်က Theme Store မှာ Free Theme & Wallpaper ရှားပါးတာပါ။ Paid Theme တွေ Wallpaper တွေကလည်း $1 ဝန်းကျင်ရှိတယ်။ ပြီးတော့ အရင်ကတစ်ခါတည်းပါတဲ့ ကိုယ်တွေအကြိုက်ဆုံး Choco Cocky Font ကို Down ဖို့ Samsung Account လုပ်နေရတာကတော့ စိတ်ထဲဘဝင်မကျဆုံးအချက်ဖြစ်နေပါတယ်။

ဒီလောက်ဆိုရင် Samsung ရဲ့ ဒီ UI အသစ်အပေါ် အမြင်ဟာ အတိုင်းအတာတစ်ခုအထိ ပြည့်စုံမယ်လို့ယူဆပါတယ်။ (ဒီထက်ပိုပြီးပြည့်စုံတဲ့ Experience ကို ခံစားချင်သူတွေကိုလည်း ကိုယ်တိုင် စမ်းသုံးကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။) One UI ဟာ Samsung အပေါ် ကျွန်တော့်ရဲ့ UI ပိုင်းအထင်အမြင်ကို ပြောင်းလဲစေခဲ့သလို Samsung ရဲ့ Jigsaw မှာ လိုနေတဲ့ Piece တစ်ခုပြည့်စုံသွားတယ်ဆိုတဲ့ခံစားချက်မျိုး ပေးနိုင်တဲ့ UI တစ်ခု ဖြစ်လာခဲ့ပါတော့တယ်။