fbpx

This is digital planet.

SamsungTech News

Samsung ဟာ ဆန်းသစ်တဲ့ Clamshell (အလယ်ကနေခေါက်လို့ရတဲ့ပုံစံ) Foldable Concept ကို Tease လုပ်

မနေ့က ပြုလုပ်ခဲ့တဲ့ Samsung Developer ဆွေးနွေးပွဲမှာ Samsung ဟာ ‌ထောင့်မှန်ပုံခေါက်လို့ရမယ့် ဖုန်း concept အသစ်ကို ပြသခဲ့ပါတယ်။ အဲ့တာက ‌ကျွန်တော်တို့ တွေ့ပြီးသားဖြစ်တဲ့ Galaxy Fold နဲ့ Mate X လို Horizontal အတိုင်း ဘေးကနေခေါက်ချိုးတဲ့ Design နဲ့ တော်တော်လေးကွဲပြားနေပါတယ်။ အခု Design အသစ်ဟာ Clamshell design ဖုန်းပုံစံကိုပြောင်းသွားပြီး Flip ဖုန်းတွေလို အလယ်ကနေ ခေါက်လို့ရမှာပါ။

Image result for samsung Clamshell design"

အခု Samsung ရဲ့ clamshell-type folding design အကြောင်းဟာ ပထမဆုံးထွက်လာတာမဟုတ်ပါဘူး။ အရင်အပတ်တွေတုန်းက ပွဲတစ်ခုမှာ Samsung အတွက် Poster တစ်ခုထဲမှာ W20 5G (W2020) ဆိုပြီး Foldable Design ပါလာမယ်လို့ ‌ပေါ်ထွက်လာခဲ့ပါတယ်။ ‘W’ series ဟာ ကုမ္ပဏီရဲ့ Premium Flip Phone lineup ဖြစ်ပြီး တရုတ်မှာပဲ အစဉ်အလာ မိတ်ဆက်နိုင်ပါတယ်။ ဒါပေမယ့် အခု Poster ကြောင့် W series မှာ foldable screen ပါ၀င်လာမယ်လို့ သိရပါတယ်။ အရင်တုန်းက သတင်းတွေအရ ဖုန်းဟာ 6.7-inch foldable screen ရှိနိုင်ပြီး ဒီနှစ် November မှာစတင်ပြီး ပြုလုပ်လာမယ်လို့ သိရပါတယ်။

Samsung Galaxy Fold 2

နောက်တင်ပို့ချက်အရ Samsung ဂာ flip-type foldable ထဲမှာ Battery နှစ်ခုသုံးလာမယ်လို့ ဖော်ပြထားပါတယ်။ Battery တစ်ခုမှာ 900mAh ပါ၀င်လာပြီး နောက်တစ်ခုကတော့ များပြားတဲ့ ပမာဏ ပါ၀င်လာမှာပါ။ အဲ့လို မတူညီတဲ့ Battery နှစ်ခုပါတဲ့ Design ဟာ Foldable Design ပါတဲ့ ဖုန်းအတွက် အသင့်တော်ဆုံးလို့ Galaxyclub.nl က‌ပြောပြ ထားပါတယ်။

Ref: Gizmochina