fbpx
This is digital planet.
OPPOSamsungTech News
Zawgyi
Unicode
Samsung အနေနဲ့ Apple နဲ့ငြိပြီးတော့ OPPO နဲ့ပူးပေါင်းနေတဲ့ ကုမ္ပဏီတစ်ခုကိုဝယ်ယူဖို့စဉ်းစားနေတယ်
ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေအရ Samsung အနေနဲ့ အစ္စရေးအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Corephotonics ကို အမေရိကန်ဒေါ်လာ သန်း ၁၅၀ နဲ့ဝယ်ယူဖို့စဉ်းစားနေတယ်လို့သိရပါတယ်။ အဆိုပါ အဖွဲ့ကတော့ OPPO ရဲ့ 5x lossless Zoom periscope camera module ကိုထုတ်လုပ်ပေးခဲ့တဲ့ အဖွဲ့လည်းဖြစ်ပါတယ်။
OPPO နဲ့ Corephotonics ရဲ့ပူးပေါင်းလုပ်ဆောင်မှုတွေဟာ နှစ်အနည်းငယ်ရှိနေပြီး Samsung က ဝယ်ယူလိုက်ပါ ဒီ ပူးပေါင်းမှုဟာ ဘယ်လို့ဖြစ်သွားမလည်းဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ OPPO အနေနဲ့ Corephotonics နဲ့ပူးပေါင်းပြီး 10x Zoom အတွက်ကိုလည်းလုပ်ဆောင်နေတယ်လို့ကြေညာခဲ့ဖူးပါတယ်။
Corephotonics ရဲ့နောက်ဆုံးထွက်ရှိတဲ့ ထုတ်ကုန်ကတော့ triple-camera setup အတွက် 25x zoom ဖြစ်ပါတယ်။ လက်ရှိမှာတော့ Corephotonics အနေနဲ့ Apple နဲ့ တိုက်ပွဲများဖြစ်ပွားနေပြီး Cupertino အခြေစိုက် Apple အနေနဲ့ iPhone ရဲ့ Dual-camera မူပိုင်ခွင့်တစ်ခုကိုချိူးဖောက်တယ်ဆိုပြီး တရားစွဲဆိုထားတာဖြစ်ပါတယ်။
Source
Leave a Reply
Your email address will not be published.