fbpx

This is digital planet.

SamsungTech News


Zawgyi




Unicode

Samsung အနေနဲ့ Galaxy A10 မှာ ပထမဆုံး In-display Fingerprint scanner ကိုထည့်သွင်းပေးလာဖွယ်ရှိ

Samsung အနေနဲ့ သူတို့ရဲ့ Mid-range A-series စမတ်ဖုန်းသစ်မှာ Features သစ်တစ်ခုကိုထည့်သွင်းမယ်လို့ အရင်က ထွက်ရှိခဲ့တဲ့ ကောလဟာလ သက်သေအထောက်အထား တွေမှာမြင်တွေ့ခဲ့ရဖူးပါတယ်။

တရုတ် Leakster တစ်ဦးရဲ့ Twitter မှာ တင်ခဲ့တဲ့ အဆိုအရ Samsung အနေနဲ့ သူတို့ရဲ့ A-Series အသစ်ဖြစ်တဲ့ Upper-mid-range ဖုန်းတစ်လုံး A10 မှာ In-display Fingerprint reader ကို ပထမဆုံးထည့်သွင်းဖို့ကိုလုပ်ဆောင်နေတယ်လို့သိရပါတယ်။ အသစ်ထွက်ရှိလာမဲ့ Galaxy A10 မှာ In-display Fingerprint reader ပါမယ်လို့သတင်းထွက်ပေါ်နေတာကတော့ ဒါ ပထမဆုံးတော့မဟုတ်ပါဘူး။

ဆက်လက်ပြီး ထို အကောင့်မှပဲ Samsung အနေနဲ့ အသစ်ထွက်လာမဲ့ Galaxy A model မှာ Snapdragon 845 SoC ကို ထည့်သွင်းဖို့ကြိုးစားနေတယ်လို့လည်းဖော်ပြခဲ့ပါတယ်။ ဒါကြောင့် Galaxy A10 အနေနဲ့ In-display Fingerprint reader, Flagship SoC နဲ့တော်တော်လေး မိုက်လာဖို့ရှိနေပါတယ်။

 

Source