This is digital planet.

SamsungTech News

Galaxy S10 Lite နဲ့ Note 10 Lite ကို Samsung မိတ်ဆက်လိုက်ပြီ

Samsung ကတော့ ဖေဖော်ဝါရီလမှာ မြင်ရတော့မယ့် Galaxy S20 စီးရီးမလာခင်မှာပဲ Mid-Range ဖုန်း ၂ လုံးကို မိတ်ဆက်ပစ်လိုက်ပါတယ်။ Lite စီးရီး ထွက်မယ်လို့ သိထားရတဲ့အတိုင်း အခု ကြေညာပေးလိုက်တာကတော့ Galaxy S10 နဲ့ Note10 Lite ဖုန်းတွေပဲ ဖြစ်ပါတယ်။

ဒီဖုန်းတွေဟာ Mid-Range ဖက်ကို ဦးတည်နေတယ်ဆိုပေမယ့် ထုတ်ပြလိုက်တဲ့ အနေထားရ High-end မော်ဒယ်တွေလို Premium Feature တချို့တွေ ပိုင်ဆိုင်နေပါသေးတယ်။ အနီးစပ်ဆုံး ပြောရရင်တော့ S10e နဲ့ သွားတူမယ်လို့ ခန့်မှန်းရပေမယ့် S10 နဲ့ Note10 Lite ၂ မျိုးက Target ထားတဲ့ အနေထားချင်း မတူပါဘူး။

ဖုန်း ၂ လုံးစလုံးမှာ 6.7″ ရှိ sAMOLED Display အသုံးပြုထားပြီး Galaxy S20 မှာ မြင်တွေ့ရမယ့် Infinity-O Display နဲ့ ထွက်ရှိလာတာ ဖြစ်ပါတယ်။ Resolution အနေနဲ့က 2400 x 1080 Pixels ရှိတဲ့အတွက် လက်ရှိ Mid-Range ဖုန်းတွေနဲ့ အတူတူပဲ ဖြစ်ပါတယ်။

Galaxy S10 Lite

Image: Samsung

Processor ပိုင်းမှာတော့ S10 Lite မှာ TheVerge အဆိုရ Snapdragon 855 နဲ့ Note10 Lite မှာ Exynos 8895 ဒါမှမဟုတ် 9810 သုံးထားမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါကြောင့် S10 Lite ကို Mid-Range ဆိုတာထက် Performance အသားပေး စမတ်ဖုန်းလို့ ပြောနိုင်ပေမယ့် Note10 Lite မှာသုံးထားတဲ့ 10nm ဆိုတာ Galaxy S8 ၊ S9 ဖုန်းတွေမှာသုံးခဲ့တဲ့ Processor ကို ရည်ညွန်းတာ ဖြစ်နိုင်ပါတယ်။

တစ်ချိန်တုန်းက Flagship SoC ဖြစ်ခဲ့ပေမယ့် Multi-tasking နဲ့ စွမ်းဆောင်ရည်ပိုင်းမှာ Snapdragon 700 စီးရီးတချို့ကို ကျော်လွားနိုင်တယ်လို့ ယူဆရပါတယ်။ RAM နဲ့ Storage အပိုင်းဆိုရင်တော့ 6GB/8GB ကို 128GB အဖြစ် ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

Galaxy S10 and Note10 Lite Spec

Quick Spec (Photo: Samsung)

ဒီ S10 ၊ Note10 Lite ဖုန်း ၂ လုံးမှာ နောက်ထပ် ထူးခြားသွားတာက ကင်မရာပုံစံပဲ ဖြစ်ပါတယ်။ Galaxy S20 မှာ မြင်ရမယ်လို့ ကောလာဟလ ထွက်ထားတဲ့အတိုင်း လေးထောင့်ပုံစံနဲ့ ထွက်လာတာဖြစ်ပြီး S10 Lite မှာ 5MP f/2.4 Macro Lens ၊ 48MP f/2.0 Wide-angle Lens (Super Steady OIS အထောက်ပံ့ပါ) တစ်လုံးအပြင် 12MP f/2.2 Ultra-wide Lens (123° Support) ဆိုပြီး စုစုပေါင်း ၃ လုံး ပါဝင်မှာပါ။

Note10 Lite မှာတော့ 12MP f/1.7 Wide-angle Lens ၊ 12MP f/2.2 Ultra-wide Lens နဲ့ 12MP f/2.4 Telephoto Lens (OIS Support) ဆိုပြီး 12MP ကင်မရာ ၃ လုံး ပါဝင်မှာ ဖြစ်ပါတယ်။

Galaxy Note10 Lite

Image: Samsung

ဒီအနေထားတိုင်းဆိုရင်တော့ S10 Lite ဟာ ကင်မရာပိုင်းနဲ့ စွမ်းဆောင်ရည်ပိုင်း ပိုသာတယ်လို့ ပြောနိုင်ပေမယ့် Note10 Lite မှာလို S Pen ပါဝင်လာမှာ မဟုတ်ပါဘူး။ BLE (Bluetooth Low-energy) Feature ကိုလည်း ထောက်ပံ့ထားတဲ့အတွက် Galaxy Note9 တုန်းကလို S Pen နဲ့ Air Motion စတာတွေကို အသုံးပြုနိုင်ဦးမှာ ဖြစ်ပါတယ်။

အခုလို Lite စီးရီးတွေကို Samsung ကြေညာလိုက်ပြီ ဆိုပေမယ့် ရောင်းချမယ့် စျေးနှုန်းကိုတော့ မသိရသေးပါဘူး။ Galaxy S20 တွေနဲ့ ၂ လခြားပြီး မိတ်ဆက်လိုက်တဲ့ အကြောင်းပြချက်ကိုတော့ စျေးကွက်ပိုင်ဆိုင်ဖို့ ဖြစ်မယ်လို့ပဲ သုံးသပ်မိပါတယ်။

Source: TheVergeSamsung NewsRoom