This is digital planet.

SamsungTech News

25W Power Bank နဲ့ 45W Car Charger ၂ မျိုး မိတ်ဆက်လိုက်တဲ့ Samsung

Galaxy S20 စီးရီးနဲ့ Z Flip (ခေါက်ဖုန်း) မိတ်ဆက်ပြီးသွားတဲ့အခါမှာပဲ ကျွန်တော်တို့ ဂိမ်းသရဲတွေအတွက် အံကိုက်ဖြစ်လာမယ့် Power Bank နဲ့ Fast Charger၂ မျိုး မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

7.5W Speed နဲ့ အားသွင်းနိုင့်မယ့် Qi Wireless စနစ်ကို အသုံးပြုနိုင်မှာဖြစ်ပြီး Top Rated Fast Charging အတွက် 25W Speed (USB PD) နဲ့ အားသွင်းပေးနိုင်မှာပါ။

Image: Samsung

Type-C Connector ၂ ခု ပါဝင်တဲ့ Power Bank ဟာ 10,000 mAh Battery ပါဝင်မှာဖြစ်ပြီး Wireless စနစ်မပါတဲ့ မော်ဒယ်ဆိုပြီး ၂ မျိုး ထုတ်လုပ်ထားပါတယ်။

လုံခြုံမှု ရှိစေဖို့ Samsung မိတ်ဆက်ခဲ့တဲ့ USB PD (Power Delivery) နည်းပညာသစ်က Overcurrent ဖြစ်တာနဲ့ Voltage များတာမဖြစ်စေဖို့ ကာကွယ်ပေးမှာပါ။ ဒါကြောင့် 25W Speed နဲ့ အားသွင်းနေလဲ အပူလွန်ကဲတာမျိုးနဲ့ ပုံမှန်မဟုတ်တဲ့ အားသွင်းမှု ဖြစ်ပေါ်တာမျိုး ကြုံရမှာ မဟုတ်ဘူးလို့ သီအိုရီအရ ပြောနိုင်ပါတယ်။

Samsung Power Bank

Image: SamMobile

ဒုတိယတမျိုးကတော့ 45W Speed နဲ့ အားသွင်းနိုင်မယ့် Charger ဖြစ်ပါတယ်။ ကံအားလျော်စွာနဲ့ပဲ အမြန်ဆန်ဆုံး အားသွင်းနိုင်မယ့် Charger ဟာ ကားတွေမှာ အသုံးပြုတဲ့အမျိုးစားဖြစ်ပြီး 15W (USB-A) ၊ 45W ၂ မျိုး အားသွင်းပေးနိုင်မှာပါ။

45W နဲ့ သွင်းမယ်ဆိုရင်တော့ ကား Charger ဟာ Quick Charge နည်းပညာနဲ့ Compatible ဖြစ်ဖို့လိုအပ်ပြီး Power Delivery ပိုင်းအတွက် လုံခြုံမှုရှိစေဖို့ ဖြစ်ပါတယ်။ နောက်တချက်ကတော့ 45W PD အပြည့်ရဖို့ 5A ပါဝါကြိုးလိုအပ်တာကိုလည်း မမေ့ပါနဲ့ဦး။

Image: Samsung

အခုလို Cool Gadget ၂ မျိုးက စမတ်ဖုန်းသုံးစွဲသူ အထူးသဖြင့် Power Bank ကို အားထားနေရသူတချို့အတွက် အထိုက်လျောက် အဆင်ပြေစေမှာပါ။
ရောင်းချသွားမယ့် စျေးနှုန်းက Power Bank ကို ၇၉.၉၉ ဒေါ်လာ (မြန်မာငွေ ၁ သိန်းဝန်းကျင်) ဖြစ်တဲ့အတွက် တန်ဖိုးကြီးတယ်။

Image: Samsung

ဒါပေမယ့်လည်း Performance နဲ့ လုံခြုံမှုအပိုင်းမှာ စိတ်ချရတဲ့အတွက် ဝယ်သုံးရင်တော့ Confident ရစေမှာပါ။ 45W Fast Charger အတွက် ရောင်းချမယ့် စျေးနှုန်းမသိရသေးဘဲ Samsung မိတ်ဆက်လိုက်တဲ့ Gadget ၂ မျိုး ရောင်းချမယ့် အချိန်ကိုလည်း အတိကျ မသိရသေးပါဘူး။

Source: Samsung 12