fbpx

This is digital planet.

SamsungTech News

လုံခြုံရေးအတွက် Fingerprint Security ပါဝင်လာတဲ့ T7 Touch Samsung SSD

Storage Device တွေကို အဓိကအားဖြင့် အကြောင်းပြချက် ၂ မျိုးနဲ့ပဲ ဝယ်ယူတတ်ကြတယ်ဆိုပေမယ့် Samsung ကတော့ ပိုပြီးတော့ Creative ဖြစ်အောင် T7 SSD ၂ မျိုးကို CES 2020 ပွဲမှာ မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

ကျွန်တော်တို့တတွေဟာ Performance တက်လာအောင် Speed ပိုမြန်တဲ့ SSD နဲ့ Capacity များများဝင်ဆံ့တဲ့ Device မျိုး ဝယ်ယူတယ်ဆိုမယ့် Samsung ကတော့ Fingerprint Scanner ကိုပါ တစ်ခါထဲ ထည့်ပေးလိုက်ပါတယ်။

Samsung T7 Touch SSD

Photo: TheVerge

အခုလို Biometric Scanner ပါဝင်လာတဲ့ အကြောင်းပြချက်ကတော့ ရိုးရှင်းပါတယ်။ Security Layer နောက်တဆင့် ထပ်ခံလိုက်တာဖြစ်ပြီး Fingerprint ၊ IR Scanner မပါဝင်တဲ့ Laptop တွေအတွက် T7 Touch SSD က အထောက်ကူဖြစ်စေမှာပါ။

Samsung အဆိုရ Finger ၄ ခုအထိ အသုံးပြုနိုင်မှာဖြစ်ပြီး Structure-light ပုံစံ ဒေတာကူးနေသည်ဖြစ်စေ၊ Unlock လုပ်လိုက်သည်ဖြစ်စေ SSD မှာ Mini LED Indicator နဲ့ ဖော်ပြမှာ ဖြစ်ပါတယ်။

Samsung T7 Touch SSD

Photo: Samsung

ခံနိုင်ရည်အားနဲ့ ပတ်သက်လို့ အမြင့် ၂ မီတာကနေ ပြုတ်ကျတဲ့ဒဏ်ခံနိုင်မှာဖြစ်ပြီး ကိုယ်ထည်တစ်ခုလုံးကို Aluminum သတ္ထုတစ်မျိုးနဲ့ ပြုလုပ်ထားတယ်လို့ သိရပါတယ်။ အားမရစရာ အချက်ကတော့ T7 SSD တွေဟာ IP Rating မရှိပါဘူး။
စွမ်းဆောင်ရည် အပိုင်းနဲ့ဆိုရင်တော့ Read/Write Speed ကို 1,050 MB/s နဲ့ 1,000 MB/s အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

T7 Touch SSD ကို အနက်နဲ့ငွေရောင် ၂ မျိုး ရရှိနိုင်မှာ ဖြစ်ပြီး ရောင်းချသွားမယ့် စျေးနှုန်းတွေက 500GB ကို ဒေါ်လာ ၁၂၉.၉၉ ၊ 1TB မော်ဒယ်ကို ဒေါ်လာ ၂၂၉.၉၉ နဲ့ 2TB Version ကို ဒေါ်လာ ၃၉၉.၉၉ နဲ့ ၂၀၂၀ ဒုတိယအသုတ် (ဧပြီ ၊ မေ၊ ဇွန်) မှာ ရောင်းချ ပေးသွားမှာ ဖြစ်ပါတယ်။

Samsung T7 Touch SSD

Photo: Samsung

T7 Touch SSD ဟာ CES 2020 ပွဲမှာ Innovative အဖြစ်ဆုံး ထုတ်ကုန်အဖြစ် ရွေးချယ်ခံထားရပြီး Fingerprint Scanner မပါဝင်တဲ့ T7 SSD ကို ကြေညာသွားပေမယ့် ရောင်းချမယ့် စျေးနှုန်းနဲ့ အချိန်ကို မသိရသေးပါဘူး။

Source: Samsung NewsRoom ၊ TheVerge

Worth reading...
၈ လက်မအရွယ် အသေးငယ်ဆုံး Gaming Console ကို မိတ်ဆက်လိုက်တဲ့ Alienware