fbpx

This is digital planet.

SamsungTech News

HUAWEI ကို ယှဥ်ဖို့ ဥက္ကဌအသစ် ခန့်ထားလိုက်တဲ့ Samsung

Samsung ကုမ္ပဏီအနေနဲ့ ကမ္ဘာ့အကြီးဆုံး မိုဘိုင်းလုပ်ငန်းစုကြီးကို ဦးဆောင်မယ့် ဥက္ကဌအသစ်ကို ဇန္နဝါရီလ ၂၀ ရက်နေ့က ခန့်ထားလိုက်ပြီ ဖြစ်ပါတယ်။ ယခင်က Galaxy Smartphone လုပ်ငန်းကို CEO DJ Koh ဦးဆောင်ခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ ကိုးရီးယား နည်းပညာနဲ့ ဆက်သွယ်ရေးဌာနရဲ့ အကြီးကဲ ပုဂ္ဂိုလ်အနေနဲ့ တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

ဒါဆိုရင်တော့ နောက်ပိုင်း Galaxy Unpack ပွဲတွေမှာ Koh ကို မြင်ရတော့မှာ မဟုတ်ဘဲ Boss အသစ်ဖြစ်လာတဲ့ Tae-moon Roh ကို တွေ့ရမှာပါ။ ပြောရေးဆိုခွင့် ရှိသူအရ Roh ဟာ Samsung အကြီးကဲပုဂ္ဂိုလ်တွေရဲ့ ဒုတိယအဆင့်မှာ ရှိနေပြီး လာမယ့် တင်္နလာနေ့ (၂၈.၁.၂၀၂၀) မှာ တာဝန်ယူသွားတော့မှာ ဖြစ်ပါတယ်။

DJ Koh

CEO DJ Koh (Image Credit: Business Insider)

Roh အနေနဲ့ Samsung ကုမ္ပဏီကို ၁၉၉၇ ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး Bloomberg အဆိုရ Galaxy Device တွေရဲ့ Research နဲ့ Development အပိုင်းတွေမှာ အရေးပါတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။

Roh ရဲ့ နောက်ထပ် အရေးပါတဲ့ ကဏ္ဍတစ်ခုကတော့ Budget ၊ Mid-Range ဖုန်းတွေအဖြစ် တရုတ်ပြည်စျေးကွက်ကို ထိုးဖောက်ဝင်ရောက်တဲ့ Role ပဲ ဖြစ်ပါတယ်။ လက်ရှိ ထုတ်ပြန်ချက်အရ ၂၀၁၉ နှစ်ကုန်ပိုင်းမှာ Samsung ရှယ်ယာ ၂.၅% တိုးတက်ခဲ့ပြီး စမတ်ဖုန်း ၊ Display နဲ့ Memory Chip ကနေ အကျိုးမြတ် ဖြစ်ထွန်းခဲ့တယ်လို့ သိရပါတယ်။

Galaxy Fold

Galaxy Fold (Image Credit: Tech Radar)

ဒါပေမယ့် ပဥ္စမမျိုးဆက် Wireless Smartphone တွေနဲ့ Foldable တိုက်ပွဲတွေမှာ စျေးကွက်ပိုင်ဆိုင်ထားဖို့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ မိတ်ဆက်မယ့် Galaxy Unpack (S20 Series) နဲ့ Galaxy Fold 2 (Galaxy Z Flip or Galaxy Bloom) က အကြီးမားဆုံး သော့ချက်လို ဖြစ်နေပါတယ်။

၂၀၁၉ မှာ Galaxy S10 မအောင်မြင်ခဲ့ရင် CEO DJ Koh နှုတ်ထွက်မယ်လို့ သတင်းထွက်ခဲ့တဲ့အတိုင်း ယှဥ်ပြိုင်မှု အားကောင်းလာတဲ့ Apple ၊ HUAWEI နဲ့ အလယ်လတ်တန်းမှာ OPPO ၊ Vivo နဲ့ Xiaomi စမတ်ဖုန်းတွေက အကြီးကျယ် ဖိအားပေးခဲ့ပါတယ်။

ဒါကြောင့် Key Player တဖြစ်လည်း Roh ကို ဦးဆောင်ဖို့ ခန့်အပ်လိုက်တာဖြစ်ပြီး ရည်ရွယ်ချက်ကတော့ စျေးကွက်နယ်မြေတွေကို ဆက်လက် သိမ်းပိုက် (Secure) ထားဖို့ ဖြစ်ပါတယ်။

Samsung အနေနဲ့ Roh ရဲ့ Vital Role ကို အသုံးချပြီး တရုတ်နိုင်ငံမှာ စျေးကွက်ပိုင်ဆိုင်မှု များလာအောင် ကြိုးပမ်းသွားမှာဖြစ်ပြီး အမေရိကန် အစိုးရ ဖိအားကြောင့် စျေးကွက်ထိန်းချုပ်ဖို့ ရုန်းကန်နေရတဲ့ HUAWEI အခြေနေကြောင့် ၂၀၂၀ အစောပိုင်းကာလမှာ ခြေလှမ်းသွက်သွက်နဲ့ ဆောင်ရွက်သွားမယ်လို့ CIMB Analyst ဖြစ်သူ Lee Dohoon ဖြစ်သူက သုံးသပ်ထားပါတယ်။

Source: TheVergeBloomberg