fbpx

This is digital planet.

SamsungTech News

Samsung Galaxy Fold စမတ်ဖုန်းအား မြန်မာနိုင်ငံမှာ နာရီအနည်းငယ်အတွင်း သတ်မှတ်ထားသော အလုံးရေအားလုံးရောင်းထွက်

Samsung Myanmar သည် ၎င်း၏ နောက်ဆုံးပေါ် စမတ်ဖုန်း အမျိုးအစားဖြစ်သည့် Samsung Galaxy Fold အား အွန်လိုင်းမှ တဆင့် ကြိုတင်မှာယူနိုင်ရန် စီစဉ်ပေးခဲ့ရာတွင် ကမ္ဘာတဝန်းနည်းတူ စတင် ရောင်းချသည့် နာရီ အနည်းငယ် အတွင်းမှာပင် သတ်မှတ်ထားသော အလုံးရေအားလုံး ရောင်းချနိုင်ခဲ့သည်။

အသုံးပြုသူများမှ အနာဂတ်၏ စမတ်ဖုန်းဟု တင်စားခေါ်ဝေါ်ခြင်းခံရသည့် Samsung ၏ အဆိုပါ အဆင့်မြင့် စမတ်ဖုန်းအား ယခုအချိန်တွင် စောင့်ဆိုင်းနေသူများ၏ လက်ထဲသို့ ပေးအပ်နိုင်ခဲ့ပြီ ဖြစ်သည်။

“မြန်မာနိုင်ငံက သုံးစွဲသူတွေ အနေနဲ့ Samsung Galaxy Fold စမတ်ဖုန်းကို စိတ်လှုပ်ရှားစွာနဲ့ ကြိုဆိုကြတာကို မြင်တွေ့ရတဲ့အတွက် အရမ်းကို ဝမ်းမြောက်မိပြီး အခုလို Samsung Galaxy Fold စမတ်ဖုန်းကို လက်ဝယ်ပိုင်ဆိုင်လိုသူတွေ များပြားနေတာကို တွေ့ရှိရတဲ့ အတွက်လည်း ဒီထက် ပိုမိုများပြားတဲ့ စမတ်ဖုန်း အရေအတွက်ကို မကြာခင် မြန်မာနိုင်ငံမှာ ဝယ်ယူရရှိနိုင်ဖို့ လုပ်ဆောင်ပေး သွားမှာပါ။ သုံးစွဲသူတွေ အနေနဲ့ ကျွန်တော်တို့ရဲ့ တန်ဖိုးကြီး စမတ်ဖုန်းကို အခုလို အားတက်သရော စောင့်ဆိုင်းနေကြတာကို မြင်တွေ့ရတဲ့အတွက်လည်း အရမ်းကို စိတ်လှုပ်ရှား ဝမ်းမြောက်မိပါတယ်” ဟု Samsung Myanmar ၏ Head of IT, Mobile and Consumer Electronics Group ဖြစ်သူ ကိုဇာနည်ဝင်းထက်မှ ပြောကြားသည်။

Infinity Flex မျက်နှာပြင်၊ ဖုန်းတစ်လုံးမှတစ်လုံးသို့ ကြိုးမဲ့စနစ်ဖြင့် ဖုန်းအား လွှဲပြောင်းပေးနိုင်မည့် Wireless Powersharing စနစ်၊ ပရိုအဆင့် ကင်မရာနှင့် Action ကင်မရာစနစ် အပါအဝင် သုံးစွဲသူများ စိတ်ကျေနပ်မှု အပြည့်အဝ ရရှိစေမည့် နောက်ဆုံးပေါ် အဆင့်မြင့် လုပ်ဆောင်ချက်များ ပါဝင်သည့် အဆိုပါ စမတ်ဖုန်းအား Cosmo Black (အမည်းရောင်) နှင့် Space Silver (ငွေရောင်) အရောင် ၂ ရောင်အနက်မှ ကြိုက်နှစ်သက်ရာ ရွေးချယ်ဝယ်ယူနိုင်ခဲ့ကြပြီး ကြိုတင်မှာယူမှုနှုန်းထား မြန်မာငွေကျပ် ၃,၂၉၉,၀၀၀ ကျသင့်သွားမည် ဖြစ်သည်။

၎င်း၏ စာအုပ်ကဲ့သို့ ခေါက်ချိုးနိုင်သည့် သူမတူသော ၇.၃ လက်မ QXGA+ Dynamic AMOLED အဓိက ဖုန်းမျက်နှာပြင် အပြင် Galaxy Fold စမတ်ဖုန်းတွင် ၄.၆ လက်မ HD+ Super AMOLED ရှေ့မျက်နှာပြင်၊ six hexa ကင်မရာ (ကင်မရာခြောက်လုံး)၊ 7nm 64-bit octa-core processor၊ RAM 12 GB နှင့် 4,380 mAh ဘက်ထရီများလည်း ပါဝင်မည် ဖြစ်သည်။

ကြိုတင်မှာယူလိုသူများသည် ကနဦး ပေးသွင်းငွေ မြန်မာငွေ ၃၀၀,၀၀၀ ကျပ်ပေးသွင်းရုံမျှဖြင့် ၎င်းတို့၏ Samsung Galaxy Fold စမတ်ဖုန်းသစ်များအား လာမည့် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်မှ ၂၀ ရက်နေ့ အတွင်း ၎င်းတို့ ကြိုတင်မှာယူထားသော ဖုန်းအရောင်းဆိုင်ကြီးများတွင် သွားရောက် ထုတ်ယူနိုင်မည် ဖြစ်သည်။

အစောပိုင်းတွင် Samsung Galaxy Fold စမတ်ဖုန်းများအတွက် အွန်လိုင်းမှတဆင့် ကြိုတင်မှာယူခြင်းများအား ဒီဇင်ဘာလ ၂၃ ရက်နေ့မှ ၃၀ ရက်နေ့ အတွင်း လုပ်ဆောင်သွားနိုင်ရန် စီစဉ်ပေးထားခဲ့သော်လည်း စတင်မှာယူနိုင်မည့် ပထမရက်မှာပင် သတ်မှတ်ထားသော အလုံးရေ အရေအတွက် အားလုံး ကုန်စင်အောင် ရောင်းချနိုင်ခဲ့ခြင်း ဖြစ်သည်။

Press release by SAMSUNG.