fbpx

This is digital planet.

PreviewsSamsungTech News

Samsung Galaxy Fold Preview

Samsung ရဲ့ Launch Event တိုင်းမှာ ထွက်လာလေမလားရင်ခုန်ခဲ့ကြရတဲ့ Foldable ကတော့ ဒီတစ်ခေါက် Launch Event မှာ Galaxy S10 Family နဲ့အတူ ပွဲထွက်လာခဲ့ပါတယ်။ Fan တွေအတွက်တော့ နှစ်ကာလတစ်ခုကြာ မက်ခဲ့ရတဲ့ အိပ်မက်လေး အကောင်အထည်ပေါ်လာတယ်လို့ ဆိုရမှာပေါ့။

Design

Foldable ဆိုတဲ့အတိုင်း သူ့ရဲ့ Main Display ကို ခေါက်နိုင်၊ ဖြန့်နိုင်မှာပါ။ (Samsung ကတော့ Galaxy Fold ရဲ့ Display ဟာ အကြိမ်ရေသိန်းနဲ့ချီ ခေါက်နိုင်၊ ဆန့်နိုင်မယ်လို့ အာမခံထားလေရဲ့) ပြီးတော့ Inward Folding Design မို့ ခေါက်ထားချိန်မှာသုံးဖို့ Display တစ်ခုကို ထပ်ပြီးထည့်ပေးထားပါတယ်။

Display

သူ့ရဲ့ Main Display က 7.3″ ကိုမှ QXGA+ Resolution နဲ့ပါ။ (ဆိုလိုတာက Quad HD+ ကိုမှ စတုရန်းပုံဆန်ဆန် Display ပေါ့) အဲဒါကိုမှ Samsung ရဲ့ ဒီနှစ် Display Generation လို့ ဆိုနိုင်တဲ့ Dynamic AMOLED Display ကို သုံးပေးထားတယ်။ (ဆိုတော့ကာ HDR 10+ Support ပေးတယ်ပေါ့) ဖုန်းကိုခေါက်ထားချိန်မှာ သုံးမယ့် Display Size ကတော့ 4.6″ HD+ Super AMOLED Display ပါ။

Camera

Galaxy Fold မှာ စုစုပေါင်း Camera ၆ လုံးတောင် ပါပါသတဲ့။ စိတ်မရှုပ်သွားပါနဲ့။ တကယ်က နောက်မှာ ၃ လုံး၊ Display ကို ဖြန့်ထားရင် Selfie ၂ လုံးနဲ့ ခေါက်ထားရင် သုံးဖို့ Selfie ၁ လုံးပါ။ Rear Camera တွေအနေနဲ့
12MP, f1.5/2.4 Main Camera (OIS)
12MP, f/2.4 Telephoto Camera (OIS) နဲ့
16MP, f/2.2 Ultra-wide တို့ ပါဝင်ပါတယ်။

Main Selfie မှာတော့ 10MP, f/2.2+ 8MP, f/1.9 Dual Camera တပ်ဆင်ထားပြီး ခေါက်ထားချိန်မှာသုံးဖို့ 10MP, f/2.2 Selfie Camera တစ်လုံး ထပ်ပြီးပါဝင်မှာပါ။

Others

SOC အနေနဲ့ 7nm SOC လို့ ပြောသွားပေမယ့် Snapdragon လား Exynos လား ပြောမသွားပါဘူး (ရောင်းချမယ့် Region ပေါ် မူတည်မယ်ထင်ပါတယ်)

Storage ပိုင်းမှာ 512 GB ကို UFS 3.0 သုံးထားတာဆိုတော့ လက်ရှိမှာ Read/Write Speed အမြန်ဆုံးဖြစ်လာမှာပါ။ RAM အနေနဲ့ 12 GB ထိ ပါဝင်လာမယ်လို့ သိရပါတယ်။

Battery ပိုင်းမှာတော့ 4380 mAh ကိုမှ 15W Fast Charging ရော Quick Charge 2 Support တဲ့ Wireless Charging ပါ အားသွင်းနိုင်မှာပါ။

Network ပိုင်းမှာ 5G Support ပါဝင်လာမယ်ဆိုထားပြီး Android Pie နဲ့ ပွဲထွက်လာဖို့များပါတယ်။

ဈေးနှုန်းအနေနဲ့ 4G Version ကိုတောင် $1980 ကနေ စမှာဖြစ်ပြီး 5G Version မှာတော့ ဘယ်လောက်ထပ်ကုန်မလဲဆိုတာ ပြောမသွားပါဘူး။ ဒီတော့ Samsung ရဲ့ ဈေးအကြီးဆုံး Smartphone တစ်လုံးဖြစ်လာတော့မှာပါ။ ဒါပေမယ့် 2019 ဒုတိယသုံးလပတ်အတွင်း ရောင်းချသွားမယ့်ဒီဖုန်းကို Region အကန့်အသတ်နဲ့ပဲ ရောင်းချသွားမှာဆိုတော့ ဈေးကွက်ထဲမှာ ပေါပေါသီသီမြင်တွေ့ရမယ့် ဖုန်းမဟုတ်တာ အသေချာပါပဲ။