fbpx

This is digital planet.

SamsungTech News

Samsung Galaxy M20 နဲ့ M10 တို့ရဲ့ Release Date နဲ့ ဈေးနှုန်းတို့ပေါက်ကြားလာခဲ့

Samsung အနေနဲ့ Xiaomi , OPPO နဲ့ Vivo တို့ကြီးစိုးနေတဲ့ အိန္ဒိယဈေးကွက် ကို ထိုးဖောက်ဖို့အတွက် Galaxy M series အသစ်ကို မကြာခင်မှာ မိတ်ဆက်ပေးဖွယ်ရှိပါတယ်။ အရင်ကထွက်ခဲ့တဲ့သတင်းတွေမှာတော့ Galaxy M10 နဲ့ Galaxy M20 တို့ရဲ့ Spec , Features တွေနဲ့ ဒီဇိုင်းတွေကိုမြင်တွေ့ခဲ့ရပြီး အခုအချိန်မှာတော့ Galaxy M10 နဲ့ M20 စမတ်ဖုန်းတွေရဲ့ မိတ်ဆက်မယ့်ရက် နဲ့ ဈေးနှုန်းတွေပါ ပေါက်ကြားထွက်ပေါ်လာခဲ့ပါတယ်။

Image result for galaxy m10

ထုတ်လုပ်ရေးအပိုင်းကနေ တစ်ဆင့်ထွက်ပေါ်လာတဲ့ အဆိုပါသတင်းတွေကို Indo-Asian News Service (IANS) ကနေ ရေးသားဖော်ပြခဲ့ပါတယ်။ Galaxy M20 စမတ်ဖုန်းကိုတော့ Jan.28 မှာ မိတ်ဆက်ပေးမယ်လို့သိရပြီး March.5 ရက်နေ့မှာ Samsung Online Shop နဲ့ Amazon India တို့ကနေ စတင်ဝယ်ယူနိုင်မယ်လို့သိရပါတယ်။
ဈေးနှုန်းအနေနဲ့Galaxy M10 ကို ၇၉၉၀ ရူပီး ( ၁၁၂ ဒေါ်လာ/ မြန်မာငွေ ၁ သိန်း ၈ သောင်းခန့် ) နဲ့ Galaxy M20 ကိုတော့ ၁၀၉၉၀ ရူပီး ( ဒေါ်လာ ၁၅၄ / မြန်မာငွေ ၂ သိန်း ၄ သောင်းခန့် ) စတင်ရောင်းချမှာဖြစ်ပါတယ်။ Galaxy M10 နဲ့ Galaxy M20 အနေနဲ့ အခြား Popular Entry-Level နဲ့ Mid-range ဖြစ်တွေဖြစ်တဲ့ Redmi 6 , Realme 2 , Redmi Note 6 Pro နဲ့ ASUS ZenFone Max Pro M1 စတဲ့ စမတ်ဖုန်းတွေနဲ့ ယှဉ်ပြိုင်ရဖွယ်ရှိနေပါတယ်။

Galaxy M20 Specifications

Samsung Galaxy M20 မှာတော့ 6.3-inch IPS LCD Infinity-V Display ကို သုံးထားပြီး Full HD+ Resolution ကို အသုံးပြုပေးထားမှာပါ။ Exynos 7904 Chipset အသစ်နဲ့ ပွဲထွက်လာဖွယ်ရှိပြီး 3/32 GB နဲ့ 4/64 GB  Version နှစ်မျိုးထွက်ရှိမှာဖြစ်ပါတယ်။

Android 8.1 Oreo OS ကိုသုံးလာမှာဖြစ်ပြီး 5000 mAh Battery ပါဝင်တဲ့ Samsung ဖုန်းတစ်လုံးဖြစ်လာမှာပါ။ ကင်မရာပိုင်းအနေနဲ့ 13MP + 5 MP dual Camera ကို အသုံးပြုထားမယ်လို့ ဆိုပါတယ်။ USB-C Port နဲ့အတူ Fast Charging ကိုလည်းထောက်ပံ့ပေးလာမှာဖြစ်ပါတယ်။

Galaxy M10 Specifications

Samsung Galaxy M10 ကတော့ Entry-level စမတ်ဖုန်းဖြစ်တယ်လို့သိရပြီး 6.2-inch IPS LCD Display နဲ့အတူ Infinity-V notch ပါဝင်ကာ HD+ Resolution နဲ့ထောက်ပံ့ပေးလာမယ်လို့သိရပြီး 2/16 GB  နဲ့ 3/32 GB ဆိုပြီး ၂ မျိူးထွက်ရှိလာမှာဖြစ်ပါတယ်။

Galaxy M10 မှာလည်း Android 8.1 Oreo ကိုပဲသုံးလာမှာဖြစ်ပြီး 3400 mAh ဘက်ထရီပါဝင်လာမှာဖြစ်ကာ ကျောဘက်ကင်မရာကိုတော့ 13MP + 5 MP Dual camera နဲ့  5MP Selfie Camera တို့ ပါဝင်မှာဖြစ်ပါတယ်။

Source

Leave a Reply

Your email address will not be published.