fbpx

This is digital planet.

SamsungTech News

Samsung Galaxy Note 10 မှာ ခလုပ်များ ပါဝင်နိုင်ချေနည်းပါး

Galaxy Note 9 က 2018 မှာ အောင်မြင်ခဲ့တဲ့ ဖုန်းတစ်လုံးဆိုရင်မမှားပါဘူး။ Galaxy S10 ကလည်း အခုတလော ခေတ်ထနေတဲ့ ဖုန်းထဲက တစ်လုံးပါ။ 2019 အတွက် Note 10 ကတော့ ပိုကောင်းမွန်တဲ့ Feature တွေနဲ့ လာမဲ့ Flagship ဆိုတာသေချာပါတယ်။ တောင်ကိုရီးယားရဲ့ ETNews Media က Galaxy Note 10 က ပြောင်းလဲခြင်းအသစ်နဲ့ ခလုပ်တွေမပါတဲ့ ဖုန်းတစ်လုံးဖြစ်လာမယ်လို့ ပြောပါတယ်။

Image result for galaxy note 10
ဒီလို ခလုပ်မပါတဲ့ ဖုန်းတွေကို ကျွန်တော်တို့ Meizu Zero နဲ့ Vivo Apex (2019) မှာ မြင်တွေ့ခဲ့ပါတယ်။ 2019 မှာ Samsung က Meizu Zero လို ဖုန်းမျိုးမိတ်ဆက်မှာလား??? သေချာတော့မသိပေမဲ့ ပြောင်းလဲသုံးဖို့ကတော့ အနည်းငယ်ခက်ခဲမှာသေချာပါတယ်။ Report တွေအရတော့ ခလုပ်တွေအစား Touch Button ဒါမှမဟုတ် Gesture တွေဖြစ်နိုင်ပါတယ်။ ဆိုလိုတာက Volume Rocker တို့ Power Button တို့ Bixby တို့ နေရာမှာ ခလုပ်တွေမဟုတ်ပဲ Touch or Gesture တို့ ဖြစ်လာနိုင်တာပါ။

နောက်ပီး Galaxy Note 10 အနေနဲ့ HTC လို ဘေးဘောင်တွေကို ညှစ်တဲ့ Features တွေလည်း ပါလာနိုင်ပါတယ်။ Report အရလည်း Samsung က ဒီ Features တွေကို A Series အသစ်နဲ့ စမ်းသပ်မိတ်ဆက်မယ်လို့ သိရပါတယ်။ Quad-Camera setup နဲ့လာနိုင်ပါတယ်။

Ref: ETNews

Photos: BDS Designing