fbpx

This is digital planet.

SamsungTech News

Samsung Galaxy Note10+ 5G ဟာ DxOMark Ranking ရဲ့ ပထမနေရာချိတ်

Samsung Electronics ရဲ့ အသစ်ထွက်ထားတဲ့ Galaxy Note10+ 5G ဟာ DxOMark မှာ Front facing camera နဲ့ Rear facing cameras အပြင် Video မှာ ထိပ်ဆုံး Score ကိုရရှိသွားခဲ့ပါပြီ။ DxOMark က Smartphone တစ်လုံးရဲ့ Image နဲ့ Video quality Ranking ကို တန်ဖိုးဖြတ်သတ်မှတ်ပေးတာပါ။ Galaxy Note10+ 5G ကို အရင်အပတ်တုန်းက Barclays Center in Brooklyn, New York မှာမိတ်ဆက်ခဲ့ပြီး Galaxy Note10+ ဟာလည်း 5G Version နဲ့တူညီတဲ့ Image နဲ့ Video quality ကိုရရှိခဲ့ပါတယ်။

Image result for dxo mark note 10

Galaxy Note10 နဲ့ Galaxy Note10+ မှာ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ပုံတွေကို ရိုက်နိုင်ဖို့ အမြင့်ဆုံး တိုးတက်မှု လို့ခေါ်တဲ့ State-of-the-art tools တွေကိုထည့်ပေးထားပါတယ်။ အဆင့်မြင့်တဲ့ Imaging technology နဲ့ Software ကိုပေါင်းလိုက်တဲ့အခါမှာ Galaxy Note10 ဟာ Videography နဲ့ Photography မှာ အထင်ကြီးဖို့ကောင်းတဲ့ Next Level ကိုတက်သွားခဲ့ပြီး Users တွေကို Social media channels ၊ Stories နဲ့ Posts တွေမှာ ထိရောက်တဲ့အကျိုးသက်ရောက်မှုကို ရရှိအောင်လုပ်ဆောင်ပေးထားပါတယ်။

Galaxy Note10+ 5G ဟာ DxOMark Selfie Scale အတွက် Front facing camera က အမှတ် 99 ထိရခဲ့ပြီး ပထမချိတ်သွားပါတယ်။ Rear Cameras အတွက် Overall အမှတ်က 113 ရရှိသွားပါတယ်။

Image result for dxo mark note 10

Samsung Galaxy Note10 နဲ့ Note10+ မှာ အပို Gear မလိုအပ်ဘဲ Pro-grade video ကို ရိုက်လို့ရပါတယ်။ နောက်ထပ် ပိုကောင်းတဲ့ Video နဲ့ အသံ အတွက် Live focus video နဲ့ Zoom-In Mic features တွေကိုထည့်ပေးထားပါတယ်။ New Super steady ဟာ Hyperlapse mode မှာတောင် Video Recording တွေကိုတည်ငြိမ်စေအောင် လုပ်ပေးနိုင်ပါတယ်။

Galaxy Note10 Users တွေအနေနဲ့ ဖုန်းကို့ PC နဲ့မချိတ်ထားဘဲ Edit-on-the-go ကိုပြုလုပ်နိုင်မှာပါ။ Video ထဲမှာ Easy editing ကိုထည့်ပေးထားပါတယ်။ ရှင်းလင်းတိကျတဲ့ Moment ကို ရဖို့ S Pen က အနေအထားကောင်းမွန်စွာ ညှိပေးနိုင်ပါတယ်။ Additional features တွေအနေနဲ့ Screen recorder ၊ AR Doodle ၊ 3D Scanner ၊ Night Mode on the front facing camera နဲ့ DxOMark မှာ ချီးကျူးမှုတွေရခဲ့တဲ့ Upgrade လုပ်ထားတဲ့ Galaxy Note10 Camera Experience တွေပါဝင်ထားပါတယ်။

Photos: DxOMark

DxOMark ဟာ Camera ပိုင်းမှာ ယုံကြည်စိတ်ချရတဲ့ ဩဇာရှိတဲ့လုပ်ငန်းတစ်ခုဖြစ်ပြီး Lens နဲ့ Smartphone image quality ကို တိုင်းတာခြင်းနဲ့ အဆင်သတ်မှတ်ခြင်းကို ပြုလုပ်ပေးပါတယ်။ DxOMark Selfie နဲ့ DxOMark Mobile tests တွေက အဆင့်မြင့်တဲ့ ပစ္စည်းတွေကိုအသုံးပြုပြီး စီမံခန့်ခွဲ စစ်ဆေးပါတယ်။ Engineers တွေက Score တွေကိုပေါင်းပြီး သုံးစွဲသူတွေကို သဘာဝကျကျ စိတ်ချရတဲ့ Photo နဲ့ Video quality ရဖို့ Smartphone ရဲ့ Camera Performance ကိုအကဲဖြတ်ပေးပါတယ်။

Ref: Samsung News Room

အခြားသော အကြောင်းအရာများ