fbpx

This is digital planet.

OnePlusSamsungTech News

Samsung Galaxy S10 ကို ပြန်ရောင်းပြီး OnePlus 7 Pro ဝယ်ဖို့ စီစဉ်နေတဲ့ တရုတ်များ

OnePlus 7 Pro ကိုမိတ်ဆက်သွားတာ ရက်သတ္တပတ် အနည်းငယ်ပဲရှိပါသေးတယ်။ OnePlus အနေနဲ့ ဒီနှစ်မှာ ထွက်ရှိခဲ့သမျှ Flagship တွေကို အကုန် Kill သွားတဲ့အပြင် ကိုယ်တိုင်လည်း Flagship အဆင့်ကိုတက်လှမ်းနိုင်ခဲ့ပြီးဖြစ်ပါတယ်။

Twitter tipster တစ်ယောက်ဖြစ်တဲ့ Ice Universe (@Universelce) က OnePlus 7 Pro စမတ်ဖုန်းဟာ တရုတ်ဈေးကွက် မှာ အလွန်ရေပန်းစားနေတယ်လို့ ဖော်ပြခဲ့ပြီး pre-order ပြုလုပ်သူ အရေအတွက်ဟာ ၁ သန်းကျော်သွားပြီး လို့လည်းသိရပါတယ်။ ဒါအပြင် အဆိုပါ အရေအတွက်ကလည်း ထပ်မံမြင့်တက်လာဖို့ရှိနေတယ်လို့ ဆိုပြီး Samsung အသုံးပြုသူတချို့အနေနဲ့လည်း သူတို့ရဲ့ Galaxy S10 တွေကိုပြန်လည် ရောင်းချပြီး OnePlus 7 Pro ကို ဝယ်ယူဖို့ပြုလုပ်နေတယ်လို့သိရပါတယ်။

တရုတ်က Users တွေ အတွက် OnePlus 7 Pro မှာပါဝင်တဲ့ 90Hz refresh rate display ၊ Pop-up Selfie camera တို့ဟာ အဓိက ဆွဲဆောင်မှုတစ်ရပ်ဖြစ်နေပြီး Galaxy S10 လို IP68 မပါဝင်ပေမဲ့ ဖုန် နဲ့ ရေစိုခံနိုင်အောင် တည်ဆောက်ထားတာကြောင့် ဝယ်လိုအားမြင့်တက်လာဖွယ်ရှိနေပါတယ်။ သို့သော်လည်း Galaxy S10 မှာပါဝင်တဲ့ Wireless Charging နဲ့ ပါဝင်တဲ့ OneUI ဟာ OnePlus ရဲ့ Oxygen/Hydrogen OS နဲ့စာရင် Sammy hardcore fans တွေအတွက် ပိုမို သဘောကျစရာဖြစ်နေပါတယ်။

မည်သို့ဆိုစေကာမှု ၊ OnePlus 7 Pro ရဲ့ Design ဟာ တရုတ်မှ အတော်ကိုဆွဲဆောင်မှုရှိနေပြီး အရင် Model ထက် ပိုမိုဈေးတက်လာသောလည်း Galaxy S10 ထက်စာရင် ဈေးသက်သာနေသေးတာကလည်း လူကြိုက်များနေတဲ့ အချက်တွေထဲက တစ်ချက်ပါပဲ။ လက်ရှိ Galaxy S10 ရဲ့ အနိမ့်ဆုံး ဈေးနှုန်းဟာ $799 ( မြန်မာငွေ ၁၃ သိန်းကျော်) ရှိနေပြီး OnePlus 7 Pro ရဲ့ အနိမ့်ဆုံး ဈေးနှုန်းဟာ $649 ( မြန်မာငွေ ၁၁ သိန်း ) သာကျသင့်မှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ OnePlus 7 Pro ရဲ့ဈေးနှုန်းဟာ Samsung / Apple နဲ့ Huawei ထက်စာရင် နည်းပါးနေသေးတဲ့ အနေအထားမျိုးမှာ ရှိနေပြီး ယခင် Flagship Killer အဆင့်မှ အခု Flagship အဆင့်အတန်းကို တက်လှမ်းလာခဲ့တာဖြစ်ပါတယ်။ OnePlus 7 Pro ရဲ့ အကြောင်းအရင်း အပြည့်အစုံကိုဒီ  Link မှာ ဝင်ရောက် ဖတ်ရှု နိုင်ပါတယ်။

Ref: GSMArena

Photo Credit: Intenet