fbpx

This is digital planet.

Tech News

Samsung Galaxy S10 အသုံးပြုသူတွေအနေနဲ့ Spotify Premium Version ကို ၆ လ အသုံးပြုခွင့်ရရှိမည်

US မှာရှိတဲ့ Samsung Galaxy S10 ကိုကိုင်ဆောင်တဲ့သူတွေအတွက် Spotify ရဲ့ Premium version ကို ၆ လ အခမဲ့သုံးစွဲခွင့်ရရှိမယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့နှစ်က စတင်ပြီး Samsung ရဲ့ တရားဝင် Music Partner ဖြစ်လာတဲ့ Spotify အနေနဲ့ Samsung ရဲ့နောက်ထွက်ရှိမဲ့ ဖုန်းတွေမှာလည်း ကြိုတင်ထည့်သွင်းထားမှာဖြစ်ပါတယ်။

Spotify ပါဝင်လာတဲ့ဖုန်းစာရင်းကတော့ Galaxy S10, S10+, S10e, S10 5G, Galaxy Fold အပြင် Galaxy A series ဖုန်းတချို့မှာထည့်သွင်းပေးထားတယ်လို့ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

US မှာရှိတဲ့ Samsung ရဲ့ စမတ်ဖုန်းအသစ်ကိုအသုံးပြုတဲ့သူတွေအနေနဲ့ Spotify Premium ကို ၆ လ အခမဲ့ရရှိခွင့် Code ကိုဖုန်းရဲ့ App အတွင်းမှာကြိုတင်ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ သို့သော်လည်း အဆိုပါ Trial ဝန်ဆောင်မှုဟာ အရင်ကထဲက အသူံးမပြုဖူးဖြစ်ရမှာပါ။ နောက်ပိုင်းမှာတော့ US အပြင်အခြား နိုင်ငံတွေမှာလည်း အဆိုပါ ဝန်ဆောင်မှုရရှိဖို့မျှော်လင့်ရပါတယ်။

Ref: GSMArena

Photos: GSMArena & Spotify