fbpx

This is digital planet.

SamsungTech News

Samsung Galaxy S11 ပိုများတဲ့ 3,730 mAh battery ပါ၀င်လာနိုင်

Samsung က Galaxy S11 နဲ့ပက်သက်ပြီး လာမည့် 2020 မှာ မိတ်ဆက်ဖို့ အသင့်ဖြစ်နေအောင် ပြင်ဆင်နေလောက်ပါပြီ။ ပုံမှန်ဆိုရင် Samsung က Galaxy S Series ကို February လမှာ ပုံမှန်မိတ်ဆက်လေ့ရှိပါတယ်။ မနေ့က SafetyKorea website ကနေ Battery Model number EB-BG980ABY နဲ့အတူ Certification ကို ထုတ်ပြထားတာကိုတွေ့ရပါတယ်။ အဆိုပါ Battery က Samsung ဖုန်းတွေမှာ အသုံးပြုနိုင်တဲ့ အမျိုးအစားဖြစ်ပြီး  Model number G980 ကိုကြည့်ခြင်းအားဖြင့် Galaxy S11e မှာ သုံးနိုင်တဲ့ နံပါတ်ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Galaxy S10e  မှာ SM-G970 ဆိုတဲ့ နံပါတ်ကိုအသုံးပြုခဲ့ပြီး ၎င်းရဲ့မျိုးဆက်သစ်မှာ Galaxy S11e မှာတော့ SM-G980 ကိုအသုံးပြုနိုင်ပါတယ်။

အောက်ပါ Quality မကောင်းတဲ့ ပုံကိုကြည့်ချင်းအားဖြင့် 14.36 Wh ကိုတွေ့ရသလို Battery က 3.85V မှာ Operates လုပ်မှာပါ ပြီးတော့ 3730 mAh ရှိတဲ့ Battery Capacity ကိုလည်းတွေ့ရပါတယ်။

Samsung battery certification Photo of the power cell
Samsung battery certification • Photo of the power cell

ပုံအပါ Battery ရဲ့ Capacity ကိုကြည့်ခြင်းအားဖြင့် Galaxy S11e မှာ Battery Capacity ကို 3,800-3,900 mAh လို့ Marketing Materials အရ အသုံးပြုလာနိုင်ပါတယ်။ Galaxy S10e မှာ Battery ကို 3100 mAh ပဲ အသုံးပြုခဲ့ပြီး အခုအသစ်ထွက်ရှိလာမည့် Galaxy S11e မှာတော့  20%+ improvement ဖြစ်လာတဲ့ 3730 mAh ကိုအသုံးပြုလာမှာဖြစ်ပါတယ်။

Battery ရဲ့ ပုံစံအရ Square အနေအထားဖြစ်နေပါတယ် ဒါက Galaxy S10e မှာ အသုံးပြုခဲ့တဲ့ Battery လောက် မကြီးမားပဲ Redesigned ပြုလုပ်ထားတဲ့ တစ်ခုပဲဖြစ်ပါတယ်။

အချို့သော Rumors တွေ ပြောကြားချက်အရ Battery ပမာဏ ပိုများတာ ပါ၀င်လာခြင်းက 90Hz Display နဲ့ 5G modem ပါ၀င်လာဖို့ ဖြစ်တယ်လို့ သိရပါတယ်။ နောက်တစ်ခုကတော့ Power အသုံးပြုမှုမှာ ပိုခံချင်လို့လဲပါတာပေါ့။ အသစ်ထွက်ရှိမည့် Samsung ရဲ့ Galaxy S11 မှာ 5G ပါမယ်ဆိုတာ သိနေတာကြာပါပြီ။ 2019 နဲ့မတူတာကတော့ 5G Version ကြီးပဲ သပ်သပ်ထုတ်မှာမဟုတ်ပဲ အကုန်လုံး 5G ရနိုင်တဲ့ဖုန်းတွေ ဖြစ်လာနိုင်ပါတယ်။ (မသေချာသေးပါ)

Quick comparison of Samsung batteries

Quick comparison of Samsung batteries

နောက်ထပ်အနေနဲ့ Galaxy S11 ရဲ့ Key selling point ဖြစ်လာမည့် အရာကတော့ Camera ပဲဖြစ်ပါတယ်။ Camera module codename အရ Hubble ဆိုတဲ့ နာမည်ပေးထားပြီး 5x Periscope Lens ပဲဖြစ်ပါတယ်။ သတင်းတွေအရ Hubble Space Telescope လို့ နာမည်ပေးထားပြီး Impressive ဖြစ်စေတဲ့ ပုံတွေ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ Galaxy ဆိုတဲ့နာမည်နဲ့အတူ ကြယ်တွေ Galaxy တွေကို ညဘက်မှာ ရိုက်ကူးနိုင်အောင် လုပ်တော့မယ်ထင်ပါတယ်။

Ref: GSMArena