fbpx

This is digital planet.

SamsungTech News

Samsung Galaxy S20+ 5G ရဲ့ Live Photos များပေါ်ထွက်လာ  

မကြာလခင်မှာ Samsung ဟာ Galaxy S20 Series ကိုမိတ်ဆက်လာဖို့ရှိနေပါတယ်။ XDA Developers Writer – Max Weinbach ရဲ့ Twitter မှာတင်ထားတဲ့ Tweet အရ Galaxy S20 Series မှာ ဖုန်းငါးလုံးပါဝင်လာမယ်လို့ ဖော်ပြထားပါတယ်။ ထိုဖုန်းငါလုံးဟာ Galaxy S20၊ Galaxy S20 5G၊ Galaxy S20+၊ Galaxy S20+ 5G နဲ့ Galaxy S20 Ultra 5G တို့ပဲဖြစ်ပါတယ်။ ထိုဖုန်းအားလုံးဟာ Snapdragon 865 Chipset နဲ့ အားဖြည့်လာမှာဖြစ်တဲ့အတွက် 5G modem ပါဝင်လာမှာပါ။ Galaxy S20 non-5G versions တွေကတော့ Exynos 990 chipset နဲ့သာအားဖြည့်ပေးလာဖို့ရှိနေပါတယ်။

Galaxy S20 Series မထွက်လာသေးခင် Max ဟာ Galaxy S20+ 5G ရဲ့ Live Photos တွေကိုတင်ခဲ့ပါတယ်။ ထိုပုံတွေဟာ အရင်ကထွ့က်ခဲ့တဲ့ Samsung Galaxy S20 ရဲ့ Design ကို အတည်ပြုလိုက်သလိုဖြစ်သွားပါတယ်။

ဖုန်းရဲ့ အကြီးမားဆုံးပြောင်းလဲမှုကတော့ Dual Front-Facing Cameras အတွက်ဆေးတောင့်ပုံစံ Punch Hole မပါတော့တဲ့ Display ပဲဖြစ်ပါတယ်။ အခုထွက်လာတဲ့ပုံမှာတော့ Galaxy Note10 လို Selfie Camera တစ်လုံးကို ဖုန်း Display အလယ်တည့်တည့်မှာ တပ်ဆင်ထားတာကိုတွေ့ရမှာပါ။

Max ရဲ့ ပြောပုံအရ ဖုန်းဟာ Galaxy S10+ လို အရမ်း Curved ဖြစ်လွန်းတဲ့ Display ပါဝင်လာမှာမဟုတ်ဘူးလို့သိရပါတယ်။ အဲ့အတွက် အကြောင်းပြချက်ကတော့ Samsung ဟာ Display အတွက် 2.5D glass ကိုသုံးထားလို့ပါ။ ပြီးတော့ Galaxy S20+ မှာ အရင်ကပါခဲ့တဲ့ Bixby button မပါဝင်တော့ဘူးလို့ သိရပါတယ်။

နောက်ထပ်ပုံတွေအရ ဖုန်းရဲ့နောက်ဘက်မှာ ထောင့်မှန်စတုဂံပုံ Camera Setup ပါဝင်လာပါတယ်။ ထို Camera Setup ရဲ့ ဘယ်ဘက်မှာ Camera သုံးလုံးကိုထည့်ထားပြီး ကျန်တဲ့တစ်လုံးကတော့ ညာဘက်မှာရှိတဲ့ LED flash နဲ့ microphone ကြားမှာတပ်ဆင်ပေးထားပါတယ်။ Galaxy S20+ နဲ့ Galaxy S20+ 5G ကြားမှာ ထူးခြားလာမယ့် မတူညီမှုတွေရှိလာဖို့ကတော့ သေချာမသိရသေးပါဘူး။

Max ပြောပုံအရ သူ့မှာ ဖုန်းနဲ့ပတ်သက်ပြီး Videos တွေရှိသေးတယ်လို့ ဆိုထားပါတယ်။ အဲ့အတွက် ဒီအပတ်မှာ Samsung leaks တွေတော်တော်များများထွက်လာဖို့ရှိနေပါတယ်။

Ref: Gizmochina